Tuesday, May 30, 2017

မုဒိတာအလင်းပရဟိတFoundation



* မုဒိတာအလင်းပရဟိတFoundation *

= အသင်းသူ / သားများဖိတ်ခေါ်ခြင်း

မုဒိတာအလင်းဆရာတော် #အရှင်ကေသရ [ ဓမ္မာစရိယ - Pursing M.A ( Buddhist ) အိန္ဒိယနိုင်ငံ ၊ မာဂဓတက္ကသိုလ် ] ဦးဆောင်တည်ထောင်ထားသော ( ၇ ) ရက်သား သမီးများ၏ကောင်းမှုကိုအကြောင်းပြု၍ မုဒိတာအလင်းပရဟိတFoundation မှ ကာယအား ဉာဏအား ဓနအားစွန့်လွတ်လှူဒါန်းလိုသော စေတနာရှင် ဒကာ ဒကာမများ လူငယ် မောင်မယ်များကို မုဒိတာအလင်းဆရာတော် နှင့်အတူ လူသားအကျိုးပြုပရဟိတလုပ်ငန်းများကိုဆောင်ရွက်လိုခြင်းအကျိုးငှာ အသင်းသူ / အသင်းသားအဖြစ်ဝင်ရောက်နိုင်ရန်မေတ္တာတရားရှေ့ထား၍ဆရာတော်ကိုယ်တိုင်ဖိတ်ကြားအပ်ပါသည် ။ အသင်းဝင်ရောက်လိုသူများအနေဖြင့်

အမည် =
နေရပ်လိပ်စာ =
ဆက်သွယ်ရမည်ဖုန်းနံပါတ် =

အသေးစိတ်အချက်လက်များကို 09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်ရောက်စာရင်းပေးသွင်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၁/ ၂၀၁၇
၂၀. ၄ . ၂၀၁၇
၁၀: ၀၅ PM


* မုဒိတာအလင်းပရဟိတFoundation *

ရည်ရွယ်ချက် =

မုဒိတာအလင်းပရဟိတFoundation မှ အသင်းဝင်များလစဉ်လှူဒါန်းသောအလှူငွေနှင့် စေတနာရှင်များလှူဒါန်းသောအလှူငွေများကို သဘာဝဘေးအန္တရာယ်သင့်ဒေသများ ၊ မိဘမဲ့ကလေးများ ၊ သက်ကြီးရွယ်အိုဘိုးဘွားမိဘများ ၊ မနာမကျန်းဝေဒနာရှင်များအား ၊ကျန်းမာရေးစောက်ရှောက်ပေးခြင်း ၊ ပညာရေးထောက်ပံ့ပေးခြင်း ၊ ဆင်းရဲနွမ်းပါးသောနေရာဒေသများသို့သွားရောက်၍ အခမဲ့ဆေးကုသမှုပေးခြင်း ၊ လူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အိမ်တွင်းသက်မွေးသင်တန်းကျောင်းဖွင့်လှစ်ပေးခြင်း ၊ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ၊ ကလေးငယ်များအားစာပေတတ်မြောက်ရေးအတွက်စာဖက်ပြိုင်ပွဲများ ၊ စကားပြောနည်းအတတ်ပညာသင်တန်းများဖွင့်လှစ်ခြင်းစသောလူသားအကျိုးပြုပရဟိတလုပ်ငန်းများကို အသင်းသူ / သား များနှင့် ( ၇ ) ရက်သား/သမီးများလှူဒါန်းသောအလှူငွေများကို မိမိတို့အသင်းမှတတ်စွမ်းသလောက်လှူဒါန်းကူညီပေးနိုင်ရန်ဤအသင်းအားဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည် ။

အသင်းသူ / သားများ နှင့်( ၇ ) ရက်သားသမီးစေတနာရှင်ကုသိုလ်ရှင်များအနေဖြင့် လစဉ်လှူဒါန်းလိုပါက ( မိမိစေတနာရှိသလောက်သာလျှင် ) အောက်ပါ အသင်း၏အောက်ပါနီးစပ်ရာဘဏ်အကောင့်များသို့ထည့်သွင်းလှူဒါန်းနိုင်ပါသည် ။

KBZ Bank Saving Account
Name = SHIN KAY THA RA
No = 045 301 045 021 4321

KBZ Bank ATM Account
No9993 0704 5021 43201
Name . SHIN KAY THA YA

CB Bank Saving Account
Name = SHIN KAY THA RA
No =0087 6001 0001 3005

CB Bank ATM Account
No . 9503 0800 0231 7084
Name . SHIN KAY THA YA

AYA Saving Account
Name = ASHIN KESARA
No = 0080 2010 1018 8250

AYA Bank ATM Account
No. 0080 2010 1018 8250
Name . ASHIN KE SA RA

စသည့်ဘဏ်အကောင့်များသို့လှူဒါန်းနိုင်၍

ဘွဲ့တော်အမည် = ရှင်ကေသရ
သာသနာဝင်အမှတ် = ၇ / အတန ( သ ) ၀၁၀၅၆
သို့လွှဲပြောင်း၍ဆက်သွယ်လှူဒါန်းနိုင်ပါသည် ။

အသေးစိတ်အချက်လက်များကို
09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းပရဟိတFoundationနာယက
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
( ဓမ္မာစရိယ )
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၂ / ၂၀၁၇
၃၀ . ၅ . ၂၀၁၇ ( အင်္ဂါနေ့ )
၁၁ : ၀၀AM


*မုဒိတာအလင်းပရဟိတFoundation *

အသင်းစည်းကမ်းချက် =

၁ ။ မုဒိတာအလင်းပရဟိတFoundation မှလစဉ်နောက်ဆုံးအပတ် ( တနင်္ဂနွေ ) နေ့တိုင်းတွင်ပုံမှန်အစည်းဝေးကျင်းပမည်ဖြစ်ရာမပျက်မကွက်တတ်ရောက်နိုင်ပေးရပါမည် အသင်းအစည်းဝေးအားတတ်ရောက်နိုင်ခြင်းမရှိကြောင်းကြိုတင်၍အကြောင်းကြား ခွင့်တင်နိုင်ပါသည် ။

၂ ။ အသင်းသူ / သားများကို အသင်းမှထုတ်ဝေပေးထားသော ယူနီဖောင်း ၊ ရင်ထိုး အသင်းအမှတ်တံဆိပ်ပါရှိသောအရာများကို နိုင်ငံရေးအတွက်သော်လည်းကောင်း ၊ မိမိအကျိုးအတွက်သော်လည်းကောင်းသုံးစွဲခြင်းမပြုရပါ ။

၃ ။ အသင်းမှဖွဲ့စည်းထားသော
နာယကဆရာတော်
ဥက္ကဌ
ဥက္ကဌ ( ဒု )
အတွင်းရေးမှုး ( က )
အတွင်းရေးမှူး ( ခ )
ပြန်ကြားရေး
ဘဏ္ဍာရေးမှူး ( ၁ )
ဘဏ္ဍာရေးမှူး ( ၂ )
အကျိုးတော်ဆောင်များ မှထုတ်ပြန်သောအချက်လက်များကိုလိုက်နာ၍ အသင်းသူ / သား များမှလည်းဝေဖန်အကြုံပြုနိုင်သည် ။

၎ ။ မိမိ၏ဂုဏ်သိက္ခာ အသင်း၏ဂုဏ်သိက္ခာများပျက်ပြား
စေမည့် ကာယကံအမှု ဝစီကံအမှု မနောကံအမှုများကိုရှောင်းကျဉ်ပေးရပါမည် ။


အသေးစိတ်အချက်လက်များကို 09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်၍စုံစမ်းမေးမြန်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းပရဟိတFoundation နာယက
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
( ဓမ္မာစရိယ )
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၃ / ၂၀၁၇
၃၀ . ၅ . ၃၀ . ( အင်္ဂါနေ့ )
၀၁: ၃၀ : PM

Monday, May 22, 2017

ပုဗ္ဗနိမိတ်ကြီး (၃၂) ပါး


မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ချိန်တွင် မကြုံစဘူး ထူးကဲစွာဖြစ်သော ပုဗ္ဗနိမိတ်ကြီး (၃၂)ပါးကို ကုသိုလ်အလို့ငှာ ဖော်ပြရရင်..

၁။ ကောင်းချီးပေးသောအားဖြင့် မြေ၊ ရေ အပေါင်း တစ်သောင်းသော လောကဓါတ်တို့သည် တပြိုင်နက် ဆတ်ဆတ်ခါမျှ ပြင်းစွာတုန်လှုပ်သည်..

၂။ အချမ်း/အအေး ကင်း၍ အပူငြိမ်းကာ ဥတုမျှတညီညွတ်သည်…

၃။ တစ်သောင်းသော လောကဓါတ် ငြိမ်သက်လျှက် အသံမရှိ အနှောက်အယှက် ကင်းသည်..

၎။ လေပြင်းမုန်တိုင်းမလာ လေသာလေပြေ ရွှင်မြူးသည်..

၅။ ဂင်္ဂါယမုနာစသော မြစ်အလုံးစုံ၌ ရေစီးသွားခြင်းမရှိ ရပ်တန့်သည်..

၆။ မြေပြင်/ ရေပြင်တို့၌ ကုန်းပန်း/ရေပန်းတို့သည် တပြိုင်နက်ပွင့်ကြသည်…

၇။ အလုံးစုံသော နွယ်/သစ်ပင်တို့ အသီးများ သီးကြသည်…

၈။ ကောင်းကင်၌၎င်း၊ မြေပြင်၌၎င်း တည်ရှိကုန်သော ပုလဲစသော ရတနာတို့သည် အလျှံတပြောင်ပြောင် ရောင်တောက်ပကြသည်..

၉။ လူ့ပြည်/နတ်ပြည်ရှိ စည်၊ ပတ်သာ စသော တူရိယာများတို့သည် မတီးမမှုတ်ရဘဲ အလိုလိုမြည်ကြသည်..

၁၀။ နတ်ပြည်၌ရှိသော ပန်းနံ့သာမိုးတို့သည် ကောင်းကင်မှ ဖြိုင်ဖြိုင်ပြည့်မျှ ရွာချကြသည်..

၁၁။ မဟာသမုဒ္ဒရာရေသည် ဝဲကဲ့သို့လည်၏..

၁၂။ မဟာသမုဒ္ဒရာနှင့် ဇာတိခေတ်ပေါင်း သောင်းလောကဓါတ်တို့သည် ပဲ့တင်ရိုက်ဟီး တော်လည်းထိန်ပြို အလိလို မြည်ကြသည်..

၁၃။ တစ်သောင်းသော စကြဝဠာပမာဏရှိသော ဇာတိခေတ်၌ ငရဲကြီး ငရဲငယ်တို့တွင် မီးဟုန်အပူငြိမ်အေးကြသည်..

၁၄။ မြူ တိမ် ဆီး နှင်း ရာဟုမင်းနှင့် မှိုင်းခြင်းအခိုး- ညစ်ငါးမျိုးမှ ကင်းပသန့်ရှင်း၍ နေမင်းအရောင် ထိန်ပြောင်တောက်ပ၏..

၁၅။ နက္ခတ်တာရာ ကြယ်အပေါင်းတို့ကို ညဥ့်၌ကဲ့သို့ နေ့အခါမှာ ထင်ရှားစွာမြင်ကြရသည်..

၁၆။ နက္ခတ်တာရာ ဂြိုဟ်အပါင်းတို့သည် အရောင်တောက်ပ ထွန်းလင်းကြသည်..

၁၇။ ဝိသာခါနက္ခတ်သည် ပြည့်ဖြိုးသော စန်းလနှင့် ယှဉ်သည်..

၁၈။ အညစ်အကြေးကို ဆေးကျောသည့်အသွင် မြေအပြင်မှ မိုးမရွာဘဲ ရေတို့သည်၎င်း၊ ရေတခွန်တို့သည်၎င်း မီးပန်းပမာ ထွက်ပေါ်လာလျက် ရေယာဉ် ဖြိုင်ဖြိုင် စီးဖြာကြသည်..

၁၉။ ချောက်တွင်း ဂူလိုဏ် မြေအောင်းသတ္တဝါအပေါင်းတို့သည် မိမိတို့နေရာမှ ထွက်လာကြသည်..

၂၀။ အလုံးစုံသော သတ္တဝါအပေါင်းတို့သည် မမွေ့လျှော်ခြင်းမှ ကင်းကြကုန်လျက် မြတ်သောရောင့်ရဲခြင်းဖြင့် ရောင့်ရဲတင်းတိမ်ကြသည်..

၂၁။ ခပ်သိမ်းသော သတ္တဝါတို့သည် ဆာလောင်မွတ်သိပ်ခြင်းမရှိ ပကတိဝပြောသာယာကြသည်..

၂၂။ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုးဆယ့်ခြောက်ဖြာ အနာရောဂါတို့မှ ကင်းလွတ်လျက် ကျန်းမာခြင်းရှိကြသည်..

၂၃။ အလုံးစုံသော သတ္တဝါတို့၌ လောဘ၊ ဒေါသ၊ မောဟ တရားတို့ ခေါင်းပါးအားနည်းကြသည်..

၂၄။ သတ္တဝါခပ်သိမ်းတို့သည် ၂၅ ပါးသောဘေးမှ ကင်းဝေးကြကုန်သည်..

၂၅။ မြူမှုန်အညစ်အကြေးတို့သည် ကောင်းကင်သို့ လွင့်တက်ခြင်းမရှိ၊ စင်ကြယ်သန့်ရှင်းကုန်၏..

၂၆။ မကောင်းသော အနံ့ဟူသမျှ ကင်းပျောက်၏..

၂၇။ နတ်၌ဖြစ်သော အနံ့တို့သည် မွေးတကြိုင်ကြိုင် လှိုင်ကုန်၏…

၂၈။ အရူပလေးဘုံမှတပါး နတ်ပြည်ခြောက်ထပ် ဗြဟ္မာ တဆယ့်ခြောက်ဘုံတို့ကို အကုန်မြင်ကြရသည်..

၂၉။ ငရဲကြီးရှစ်ထပ်နှင့် ငရဲငယ်တို့ကို၎င်း ငရဲခံရသော သူတို့ကို၎င်း အကုန်မြင်ကြရသည်..

၃၀။ တိုက်နံရံတံခါးရွက် ကျောက်တောင်တိမ်တိုက်တို့သည် ပိတ်ပင်ဆီးတား ကာကွယ်ခြင်းမရှိ၊ ဟင်းလင်းအတိသာ ဖြစ်ကုန်သည်..

၃၁။ ခပ်သိမ်းသော သတ္တဝါတို့သည် ထိအခိုက်၌ ခန္ဓာပျက်ကြွေ သေလွန်ရခြင်းမရှိကြကုန်..

၃၂။ ပဋိသန္ဓေယူခြင်း ဖွားမြင်ခြင်းလည်း မရှိကြကုန်..

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ...

https://muditar.blog.com တွင်လည်းဝင်ရောက်ဖတ်ရှူနိုင်ပါသည် ။

ဖောက်ပြန်ခြင်း


ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေး
လောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသော
စည်းဖောက်မှူတစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောက်ျားများ စီးပွားရေး အဆင်ပြေလာခြင်း

(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိုင်ခြင်း

(၅)မေတ္တာမပါ သော အိမ်ထောင်ရေး

(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း

(၇)သားသမီး မထွန်းကားခြင်း

(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း

(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း

(၁၀)အပျော်အပါး မက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း
ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ "စိတ်အလိုလိုက်ခြင်း" ကြောင့်
ဖြစ်ပါတယ်။

လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်း
ကြည့်ချင်တဲ့ သဘာဝရှိပါတယ်။အရွယ်ရှိနေသော လူသားတိုင်းတွင်
သွေးသားအလိုဆန္ဒရှိသော်လည်း ဆန္ဒကို သိက္ခာနှင့် အတွေးအခေါ်က
ထိမ်းကွပ်ပေးပါတယ်။

ယောက်ျားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလို
မိန်းကလေးသဘာဝသည် အယုံလွယ်ခြင်းနှင့် သနားတတ်ခြင်း
တို့ကြောင့် လှတာမက်တော့ ဘဝ ပျက်ကြရသလို သနားတတ်ပြီး
အားနာတတ်သောကြောင့် "ခါး"ပါတတ်ပါတယ်။

တစ်ချို့သော ဖောက်ပြန်ရေးများတွင် လင်နဲ့မယား အဆင်မပြေမှူတစ်ချို့
ကြောင့် အရွဲ့တိုက်ရင်းနဲ့ ဘဝတွေပါ ရွဲ့စောင်းကုန်ကြပါတယ်။
ဖောက်ပြန်ခြင်းတွင် အဓိကထိခိုက်ကြေကွဲရသူမှာ လူကြီးတွေမဟုတ်ဘဲ
အပြစ်မဲ့သော သားသမီးများ ဖြစ်နေတတ်ပါတယ်။

အပြစ်မဲ့သော ကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်။

ဖောက်ပြန်ခြင်းကို အစပျြုသော တရားခံအများစုသည် စနှူိက်ကြော်
မိန်းမများကြောင့်ဖြစ်သလို ကြာကူလီယောက်ျားတစ်ချို့ကြောင့်
မခူးခင်က အညွှတ်ခံချင်သူများက အသိုက်​အမြုံ ဆိုသော မိသားစု
ကမ္ဘာလေးကို ခဏတာသာယာမှူနဲ့ လဲလှယ်ခဲ့ကြပါတယ်။

သတိတစ်ချက်လွတ်ပြီး စိတ်အလိုလိုက်မှူ တစ်ခဏတာကြောင့်
တစ်​သက်​လုံး ထိမ်းသိမ်းလာသော ဂုဏ်သိက္ခာသည် မည်းညစ်ခဲ့ရ
သလို သားသမီးများ၏ အနာဂတ်ကို အရိပ်မည်းကြီးလိုက်ထိုးနေတာကို
သိသွားတဲ့ အချိန်မှာတော့ အချိန်လွန်မှ ရတဲ့ "နောင်တ" တစ်ပွေ့တစ်ပိုက်
ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရုံကလွဲပီး ပြင်လို့မရသော
အမှားကြောင့် ခေါင်းငုံ့ခံနေရုံအပြင် အခြားမရှိတော့ဘူးလို့
ထင်ပါတယ်။

ချစ်လို့ပဲယူယူ ၊ သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့လက်တွဲဖော်ကို
အတတ်နိုင်ဆုံး သည်းခံပေါင်းသင်းသင့်ပါတယ်။ သည်းမခံနိုင်ရင်
ဖောက်ပြန်ခြင်းဆိုတဲ့ ထွက်ပေါက်ကို ရွေးချယ်မည့်အစား
တရားဝင် လမ်းခွဲလိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်းလှပကာ
တစ်သက်တာ လိပ်ပြာသန့်ပြီး စိတ်ချမ်းသာစေမယ်လို့
ယူဆပါတယ်​။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ်​ မကွေး credit မျှဝေသည်

__

သင် ဖောက်ပြန်နေပြီလား... ဖောက်ပြန်မိတော့မှာလား
ဒါလေးဖတ်ပြီး ဆင်ခြင်ပါ👇

(၁) စိတ်ကြောင့်ပါ။ အဓိက အဲ့ဒါပါပဲ။ တစ်ခြားဘာမှ တရားခံမဟုတ်ပါဘူး။
သမီးရည်းစား အိမ်ထောင်သည်အားလုံး
ကိုယ့် လက်တွဲဖော်ကို စိတ်ကုန်သွားတယ်ဆိုတာနဲ့ ကြည့်ကို မကြည့်ချင်ကြတော့တာပါ။
စိတ်ကို ပြန်လည် ပြင်ဆင်ရင်တော့ ရပါတယ်။
မိန်းမ၊ ယောက်ျားအားလုံး စိတ်ကို အလိုလိုက်လို့ ဖောက်ပြန်မှုတွေ ဖြစ်နေကြတာပါ။
အတော်များများ ဖောက်ပြန်နေသူတွေဟာ သူတို့ မှားတာကို သူတို့သိကြပါတယ်။ နောင်တလဲ ရကြပါတယ်။ ခက်တာက သူတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ဖြစ်နေကြတာပါ။ တကယ်က ရဲရဲသာ နောက်ပြန်လှည့်လိုက်ပါ။ အသစ်ပြန်စပါ။ ရပါတယ်။
သာယာတတ်သော စိတ်ကို ပြုပြင်ရမှာပါ။
ခဏတာ သာယာမိတာပါ။ ကိုယ့် လက်တွဲဖော်
ကိုယ်နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အိမ်ထောင်ရေးတလျှောက်ကို ပြန်စဉ်းစားကြည့်ပါ။
စိတ်နာစရာ စိတ်ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ပြန်ဖြည့်တွေးပြီး ဆင်ခြင်ကြည့်ပါ။

(၂)တန်ဖိုးခြင်း ယှဉ်ကြည့်ပါ။
ကိုယ့် လက်တွဲဖော်ကို အခုအသစ်ရထားတဲ့ သူလောက် လွယ်လွယ်ရခဲ့တာလား စဉ်းစားကြည့်ပါ။ အညှာလွယ်တတ်သူလား ပြန်တွေးပါ။ အသစ်က အခုကိုယ်နဲ့ အညှာလွယ်သလို တခြားသူတွေကိုလဲ အညှာလွယ်မယ်ဆိုတာ ပြန်သုံးသပ်ပြီး ဆင်ခြင်ပါ။

(၃)သင် ဘယ်လောက် ဒုက္ခရောက်နေ ရောက်နေ။ အမြဲတမ်း ပွစိပွစိပြောနေတတ် အပြစ်တင်နေတတ်ပေမယ့် အဝေးထွက်မသွားတတ်တဲ့သူနဲ့။ အခုခဏလေးမှ ရောက်လာပြီး ချိုသာပြနေတဲ့သူ ယှဉ်ကြည့်ပါ။ ဘယ်နှစ်ရက်ချိုသာပြနိုင်မလဲလို့။

(၄)လှတာလိုချင်တာလား။ ပိုက်ဆံရှာလိုက်ပါ။ ပြီးရင် စိတ်ကြိုက် ကိုယ့်လက်တွဲဖော်ကို ပြုပြင်လိုက်ပါ။ လိုသလို ပုံစံရပါတယ်။

လုံးဝ ကိုယ့်အပေါ် မကောင်းသူဆိုရင်တော့ တစ်မျိုးပေါ့။ အမှန်တရားကို မြင်ကြပါ👌👌👌

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ကာမေသုမိစ္ဆာစာရ တရားတော်။

📀Mp3 download link: File size ( 10.4 MB)📀

https://www.mediafire.com/download/7ghzg056tvudalr

“ ဆင်းရဲခြင်း၏ အတိတ်အကြောင်း(၃)ပါး ”



ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။

ယင်းတို့မှာ . . .

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်
လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။

ထိုသုံးမျိုးတွင် …

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင်
ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏
အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား
ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။
အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော် လည်း
မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ
သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။

(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း။

ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား
ထိုထက်ဆိုးပါသေး၏။
ရှာဖွေလို့ ဘယ်လိုမှမရ သည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင် ဣဿာ
မစ္ဆရိယသမား များ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ
စိတ်များ အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။

ထိုအကြောင်းကို ဗုဒ္ဓက “သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်” ၌
အပြည့်အစုံ ဟောပြထားသည်။

(မေတ္တာရှင်-ရွှေပြည်သာ)

https://muditar.blog.com တွင်လည်းဝင်ရောက်ဖတ်ရှူနိုင်ပါသည် ။

ရွှေရေးဆောင် ဆရာတော်ကြီး၏ ပဟေဠိဆန်သော အဆုံးအမများ


၁။တစ်နေ့ လက်ခုပ် သုံးခါတီး။
၂။ငါးဟင်းကြီးများ အမြဲစား။
၃။ရေအေး အခါခါသောက်။
၎။တောင်ဝှေးသုံးချောင်းထောက်။
အန္တရာယ်ကင်းပျောက်။
မဂ်ဖိုလ်နိဗ္ဗာန်ရောက်။

၁။"တစ်နေ့လက်ခုပ်သုံးခါတီး"ဆိုသည်မှာ=တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
(အိပ်ယာထတစ်ကြိမ်။အလုပ်အကိုင်သွားခါနီးတစ်ကြိမ်။အိပ်ယာဝင်တစ်ကြိမ်)။

၂။"ငါးဟင်းကြီးများအမြဲစား" ဆိုသည်မှာ= ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

၃။"ရေအေးအခါခါသောက်" ဆိုသည်မှာ= အေးမြသောမေတ္တာဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

၎။"တောင်ဝှေးသုံးချောင်းထောက်" ဆိုသည်မှာ= အနိစ္စ-မမြဲခြင်။ ဒုက္ခ-ဆင်းရဲခြင်း။ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မကြာမကြာ ဆင်ခြင်ပွါးများပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

"အန္တရာယ်ကင်းပျောက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်" ဆိုသည်မှာ= ထိုတရားလေးပါးကို ထိထိရောက်ရောက် လိုက်နာကျင့်သုံးနေပါက ဘဝမှာ ဘေးအန္တရာယ် ရန်စွယ်ဟူသမျှတို့ မကျမရောက် ကင်းစင်ပပျောက်ပြီး တဖြေးဖြေးနဲ့ နိဗ္ဗာန်ရောက်ပါမည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ပစ္စည်းလေးပါး ဒကာကြီး ဒကာမကြီးတွေ သိထားသင့်တဲ့ အရေးကြီးဆုံး သာသနာ့အသက်


ကိုရင်လေးတွေသာသနာမှာလျော့ပါးလာရခြင်းအတွက် ဒကာမတစ်ယောက်ရေးထားတဲ့ကွန်မန်လေးကို ဖော်ပြလိုက်ပါသည်။

သံဃာတပါးကို ဆွမ်းခံအိမ် ဆယ်အိမ် ဆယ့်ငါးအိမ်လောက် အနည်းဆုံး ရှိပါတယ်။ ကိုယ့်အိမ်ကို ဆွမ်း ခံကြွလာတဲ့ သံဃာအပေါ်မှာ အိမ်တိုင်းက တာဝန်ကျေမယ် ထောက်ပံ့လှူဒါန်းမယ်ဆိုရင် အဆင်မပြေတဲ့သံဃာဆိုတာ ရှိမှာမဟုတ်ပါဘူး။
ရွာကျော်ပြီး ခဲမပြစ်ကြစတမ်းပေါ့လေ။

အခု ခေတ်က ကျောင်းထိုင်ဆရာတော်မှ နိုင်ငံကျော်ဓမ္မကထိကမှ BA, MA ဘွဲ့ရမှ ဒေါက်တာဘွဲ့ ရမှ စသဖြင့် ရွေးချယ်လှူဒါန်း နေကြတော့ ရှင်သာမဏေ ကိုရင်မျိုးသုဉ်းရေးဝါဒ ကျင့်သုံး
နေသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။

လူထွက်သွားသမျှ ကိုယ်တော်လေးတွေကလဲ ရဟန်းငယ်တွေနဲ့ရှင်သာမဏေလေးတွေများပါတယ်။ ကျောင်းထိုင်တွေ လက်ထောက်တွေ လူထွက်တာ ဘွဲ့ရပညာတတ် ဓမ္မကထိကတွေ လူထွက်တာ မရှိသလောက် ရှားပါတယ်။ ရှိလဲ တစ်ပါးတစ်လေပါ။

ကျွန်မ အမြင်ပြောရရင် လူချမ်းသာ လူဆင်းရဲ အလွှာနှစ်ခု ကွာဟ လွန်းနေသလို ဘုန်းကြီးလောကလဲ ဒီလိုဘဲ ထင်ပါတယ်။ လူဆင်းရဲတွေကို ဖေးမကူညီသင့်သလို ဦးပဉ္စင်းငယ် ကိုရင်ငယ်လေးတွေကို ဂရုတစိုက် လှူဒါန်းသင့်ပါတယ်။

စာချဦးပဉ္စင်းလေးတစ်ပါးက ရင်ဖွင့်ဖူးပါတယ်။ တနေ့ကို ၄ နာရီ စာချရပါတယ်။ကိုယ့်ဆွမ်းကိုယ်ခံစားပြီး စာဝါချပေးလာတာ ၇-နှစ် ရှိလာပါပြီ ကွန်ပြူတာ တလုံး မပိုင်ပါဘူးတဲ့။ ဖုန်းတောင်ရွာက သီးနှံအဆင်ပြေတဲ့အခေါက်နဲ့ တိုးလို့ ဝယ်ထားရတာ။ အရမ်း ကိုင်ချင်လို့ သင်္ကန်းအကောင်း စားနှစ်စုံတောင် မဝတ်ရက်ဘဲ စိုက်ထည့်ပြီးမှ ဝယ်ထားရတာ ဖုန်းကိုင်လို့ မကြည်ညိုနိုင်ရင် ဒကာမကြီးတို့ သဘောပါဘဲ။

လူထွက်ပေးဆိုလဲ ထွက်ပေးပါ့မယ်တဲ့။ ကိုယ်တွေဖြင့်စိတ်တောင် မကောင်ဘူး။ နောက်တော့ ကိုတွေလဲ ဘယ်ဘုန်းကြီး ဖုန်းကိုင်ကိုင် အပြစ်မပြောတော့ပါဘူး။

အမှန်တကယ် ထိထိရောက်ရောက် သာသနာ ပြုချင်ရင် ကိုရင်ငယ် ဦးပဉ္စင်းငယ်လေးတွေရဲ့ ရင်ဖွင့်သံကို နားထောင်ကြပါ။
ဓမ္မကထိက ဆရာတော်ကို ဆယ်သိန်းလှူဒါန်းနိုင်ပြီး စာချသံဃာ စာသင် သံဃာ ဆွမ်းခံသံဃာကို တစ်သောင်းမလှူဒါန်းနိုင်သော လွဲမှားသည့် ပကာသနမက် သာသနာထောက်ပံ့နည်းမျိုး ရှောင်လွှားနိုင်ကြပါစေ။

စာချ စာသင် ကိုရင် ဦးပဉ္စင်းတွေ မရှိရင် နိုင်ငံကျော် ဓမ္မကထိကဆရာတော်နဲ့ ကျောင်းထိုင်ဆရာတော်ဆိုတာရှိလာမှာ မဟုတ်ပါဘူး။
ကိုရင် ကွယ်ပျောက် ဦးပဉ္စင်းကွယ်ပျောက်သော်နိုင်ငံကျော် ဓမ္မကထိကဆရာတော်နဲ့ ကျောင်းထိုင်ဆရာတော်တွေလဲ ကွယ်ပျောက်ရမှာမို့ စာသင်တိုက်နဲ့ ရဟန်းသံဃာငယ်တွေကို ဝန်းရံကြပါစို့.....။

မုဒိတာအလင်းဆရာတော်

ဇာတ်ပါဠိတော်တွင် ပါရှိသော မိန်းမပျက်အင်္ဂါ (၂၅) ချက်


ဇာတ်ပါဠိတော်တွင် ပါရှိသော မိန်းမပျက်အင်္ဂါ (၂၅) ချက်(ဒီလိုမိန်းမမျိုးမဖြစ်အောင်အထူးရှောင်ကြပါနော်)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။
၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။
၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။
၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

အိမ်ထောင်သည်ဘ၀တွင် ယောက်ျားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောက်ျားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် ယောက်ျားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။

ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်းမိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင်မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောက်ျားများကလည်း မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာ ယောက်ျားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။

အင်တာနက်ပေါ်မှ ရရှိသော 237 အုပ် မြန်မာစာအုပ်များကို မူရင်းရရှိသည့်စာရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။


အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
ကာလီဒေ၀ီ (အောင်ခန်.)
လက်သုံးတော်ဓါး (အောင်ခန်.)
နေဘုရားတော် (အောင်ခန်.)
အမွေ အောင်သင်း
သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
မဟာသေနာပတိ (ချစ်ဦးညို)
လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
တွေးသူများ (ကိုတာ)
ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
ဝိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
ရှက်ပြုံး (ချစ်စံဝင်း)
မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
တော (လင်းဝေမြိုင်)
မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
သူတို.အမြင်သူတို.အတွေး (ပါရဂူ)
ကလေးပြဿနာ (ပါရဂူ)
သူ.လိုဘုရင် (ပါရဂူ)
လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
ဝသန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
အချစ် လက္ခဏာ (စံ-ဇာဏီဘို)
အချစ် ဗေဒင် (စံ-ဇာဏီဘို)
မီးပြတိုက် (ဆောင်းဝင်းလတ်)
နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
အဖော် (ရှား)
တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
မြတ်သက်မော် (ရွှေဥဒေါင်း)
ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
ရတနာပုံ (ရွှေဥဒေါင်း)
ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
လူညာကြီး (ဆွေဆွေအောင်)
လွယ်အိပ်ကလေး (ဆွေဆွေအောင်)
အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
ချစ်သုံးလီ (သန်းဆွေ)
ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
သုခ မှတ်စု
ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
အာဇာနည် (ဦးနု)
တာတေ စနေသား (ဦးနု)
ဘ၀အကျဉ်းသား (ဦးရွှေအောင်)
၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *
ယောနသံ ဇင်ယော် (ဦးဘသန်း)
မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
ကိုဒေါင်း (မောင်ထင်)
ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
သွေး (ဂျာနယ်ကျော် မမလေး) ***
ဂျုလိယက်ဆီဆာ (မန်းတင်)
ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
အဟိတ်- – - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
ရတနာ လိုဏ်ဂူ (နတ်နွယ်)
အတွေးအမြင်စာစဉ်
ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
ဗေဒါလမ်း (ဇော်ဂျီ)
ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
မြိုင် (ဒဂုန်တာရာ)
စက်ဝိုင်း (မစန္ဒာ)
ငယ်သူမို.မသိပါ (မစန္ဒာ)
ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
ဂျီဟောသူ (မစန္ဒာ)
အရိပ် (မစန္ဒာ)
ဝတ္တုတိုများ ၆ (မစန္ဒာ)
ပုစ္ဆာ (မစန္ဒာ)
မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
ကိုဒေါင်း (မောင်ထင်)
မြန်မာ၁၂လအကြောင်း (မောင်ထင်)
ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
ပေတလူ (မင်းသိင်္ခ)
ဝတ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
မ” တတ်ပါ့” (မင်းသိင်္ခ)
မအောင်ရင် (မင်းသိင်္ခ)
မနောမယကိုပီတာ (မင်းသိင်္ခ)
ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
လှည့်စား (နီကိုရဲ)
သံစုံကြူးတဲ့ည (နီကိုရဲ)
လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
ဇွတ် (နီကိုရဲ)
ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
ရေပွက်ပမာ (မြသန်းတင့်)
ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
ဖူးစာရှင် (မင်းလူ)
အမှတ်တရ (ဂျူး)
ချစ်သူ၏သမီး(ဂျူး)
ရေမျောသီး(ဂျူး)
လေထဲမှာပျံဝဲသူများ(ဂျူး)
ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
လရောင်ကိုကြောက်သူ(ဂျူး)
ချစ်ခြင်း၏အနုပညာ(ဂျူး)
မိန်းမနှစ်ယောက်(ဂျူး)
မြရဲ့လ(ဂျူး)
အက်ဆစ်တစ်ခွက်(ဂျူး)
ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
ကျွန်မနဲ့ဆေးလိပ်(ဂျူး)
ဆရာဝန်နှစ်ယောက်(ဂျူး)
ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
ရှက်စိတ် (လူထုစိန်ဝင်း)
အဖြူ (ဂျာနယ်ကျော် မမလေး)
အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
ရှူး (တာရာမင်းဝေ)
ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
အပြင်ကလူ (ကြည်အေး)
နွမ်းလျအိမ်ပြန် (ကြည်အေး)
ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
နဂါးနိုင်ဓါး
စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
ကလေးအတွေး (မင်းခိုက်စိုးစန်)
သုည (မင်းခိုက်စိုးစန်)
နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
မိန်းမလှအမုန်း (၀င်းဦး)
ရွှေဝါပြည် (ရန်ကုန်ဘဆွေ)
ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)
အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
ယာဇ (ချစ်ဦးညို)
မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
စွယ်စုံလက်ဆောင် (အကြည်တော်)
မိုးတိမ်ပုံပြင် (အကြည်တော်)
ဘီလူး (အကြည်တော်)
ဇ (အကြည်တော်)
အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
ပိုးကောင်များ (အကြည်တော်)
တောသားကြီး (အကြည်တော်)
သံသရာအကွေ့တစ်ရာ (အကြည်တော်)
သဲလှည်း (အကြည်တော်)
အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)
မှ တစ်ဆင့် (မိုးမိုးအင်းလျား)
ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)
ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)
လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)
ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)
ပန်းစကား (မစန္ဒာ)
ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
နတ်နေကိုင်း (အကြည်တော်)
နတ်ပြည်၏နံနက်ခင်း (အကြည်တော်)
ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)

ဒီမှာဒေါင်းပါ
http://servicebyart.blogspot.com/2014/02/blog-post_3.html
……………………………………………………………

Sunday, May 14, 2017

Mother`s Day



In the mother's day.All my mothers who adopted me.As their son and looked after.I understanded their gratitutes. So.,I shall pay homage them.

Mother's Day အမေများနေ့မှာ အမေ အရင်းကဲ့သို့ စောင့်ရှောက် , ထောက်ပံ့လှူဒါန်းပေးကြပါသော ကျေးဇူးရှင်အမေများအားလုံးကို လက်ဆယ်ဖြာထိပ်မှာမိုး၍ သားမောင်ရဟန်း ရှိခိုးဦးချ ဂါရဝပြုကန်တော့လိုက်ပါသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် " အမေ " များအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ သာသနာ့အကျိုး လူမှုအကျိုးများကိုဆထက်တပိုးတိုး၍ သယ်ပိုးထမ်းဆောင်နိုင်ကြပါစေ ၊ ကိလေသာအနာရောဂါဘေးမှ ကင်းလွတ်မြောက်အောင် ကြိုးစားပွါးများအားထုတ်နိုင်ကြပါစေ 🙏🙏🙏

I ❤️ Mother's
👩. 👩
👩. 👩
👩 🌸Mother's Day 🌸 👩
👩. 👩