Tuesday, June 27, 2017

မုဒိတာအလင်းပရဟိတအသင်းသူ/သား များ၏ ကုသိုလ်တော်



အားနည်းသူများ ဖေးမကူညီ
တတ်အားသ၍ ပေးလှူမည်💐

မုဒိတာအလင်းဆရာတော် နှင့် စိတ် စေတနာ သဒ္ဓါ ဆန္ဒ တူညီမျှသော မုဒိတာအလင်းပရဟိတအသင်းသူ/သားညီကိုမောင်နှမများ စေတနာရှင်များပူးပေါင်း၍ ၉ . ၇ . ၂၀၁၇ ( တနင်္ဂနွေ ) နေ့တွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရွာသာကြီးရပ်ကွက် အကြော်တဲမှတ်တိုင်အနီး မေတ္တာရောင်ခြည်ပရဟိတမိဘမဲ့သီလရှင်ကျောင်းရှိ သီလရှင်ဆရာလေး အပါး ၂၅၀ ကျော်တို့အား နံနက်စာ နှင့် မုန့်အာဟာရများ လှူဒါန်းမည်ဖြစ်ပါသောကြောင့် မုဒိတာအလငိးပရဟိတအသင်း နှင့် အတူတကွပါဝင်လှူဒါန်းလိုသော စေတနာရှင် ကုသိုလ်ရှင်များတစ်ကျပ်တစ်ပြားအမြတ်မထားပဲ ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည် ။ နယ်မှ လှူဒါန်းလိုသောစေတနာရှင်များ နီးစပ်ရာဘဏ်များမှ လှူဒါန်းနိုင်ရန် အသင်းဘဏ်အကောင့်များဖွင့်ထားပါတယ် လှူဒါန်းလိုပါကဆက်သွယ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ။

ပါဝင်လှူဒါန်းလိုသောစေတနာရှင် ကုသိုလ်ရှင်များအနေဖြင့်
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
[ ဓမ္မာစရိယ ]
Pursuing M.A ( Buddhist ) အိန္ဒိယနိုင်ငံ၊ မာဂဓတက္ကသိုလ်
Phone = 09428014893
09776074458
လိပ်စာ = သဘာဝတရားရိပ်သာ ( ခွဲ ) ၄၅ လမ်း ၊ အမှတ် ၄၅ ၊ မဟာဗန္ဓုလလမ်း နှင့် ကုန်သည်လမ်းဒေါင့် YMCA အနီး ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန် ။

Friday, June 2, 2017

မုဒိတာအလင်းပရဟိတအသင်း



We are warmly welcome new members for our philanthropic society to participate in our activities altogether. 🌻💐🌸

ကျွန်ုပ်တို့နှင့်အတူတူလူသားအကျိုးပြုပရဟိတလုပ်ငန်းများကိုဆောင်ရွက်နိုင်ဖို့ ကျွန်ုပ်တို့က အသင်းသူ/သူအဖြစ်ကြိုဆိုပါတယ် 🙏🙏🙏

Muditaralinn Sayadaw
Ven Kesara
[ Pursuing M.A - Buddhism ]
Magadh University Budhgaya India
2. 6 . 2017

Thursday, June 1, 2017

မုဒိတာအလင်းပရဟိတအသင်း



မုဒိတာအလင်းပရဟိတအသင်း

= အသင်းသူ / သားများဖိတ်ခေါ်ခြင်း

မုဒိတာအလင်းဆရာတော် #အရှင်ကေသရ [ ဓမ္မာစရိယ - Pursing M.A ( Buddhist ) အိန္ဒိယနိုင်ငံ ၊ မာဂဓတက္ကသိုလ် ] ဦးဆောင်တည်ထောင်ထားသော ( ၇ ) ရက်သား သမီးများ၏ကောင်းမှုကိုအကြောင်းပြု၍ မုဒိတာအလင်းပရဟိတအသင်း မှ ကာယအား ဉာဏအား ဓနအားစွန့်လွတ်လှူဒါန်းလိုသော စေတနာရှင် ဒကာ ဒကာမများ လူငယ် မောင်မယ်များကို မုဒိတာအလင်းဆရာတော် နှင့်အတူ လူသားအကျိုးပြုပရဟိတလုပ်ငန်းများကိုဆောင်ရွက်လိုခြင်းအကျိုးငှာ အသင်းသူ / အသင်းသားအဖြစ်ဝင်ရောက်နိုင်ရန်မေတ္တာတရားရှေ့ထား၍ဆရာတော်ကိုယ်တိုင်ဖိတ်ကြားအပ်ပါသည် ။ အသင်းဝင်ရောက်လိုသူများအနေဖြင့်

အမည် =
နေရပ်လိပ်စာ =
ဆက်သွယ်ရမည်ဖုန်းနံပါတ် =

အသေးစိတ်အချက်လက်များကို 09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်ရောက်စာရင်းပေးသွင်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၁/ ၂၀၁၇
၂၀. ၄ . ၂၀၁၇
၁၀: ၀၅ PM
---------------------------------------------------

* မုဒိတာအလင်းပရဟိတအသင်း *

ရည်ရွယ်ချက် =

မုဒိတာအလင်းပရဟိတအသင်း မှ အသင်းဝင်များလစဉ်လှူဒါန်းသောအလှူငွေနှင့် စေတနာရှင်များလှူဒါန်းသောအလှူငွေများကို သဘာဝဘေးအန္တရာယ်သင့်ဒေသများ ၊ မိဘမဲ့ကလေးများ ၊ သက်ကြီးရွယ်အိုဘိုးဘွားမိဘများ ၊ မနာမကျန်းဝေဒနာရှင်များအား ၊ကျန်းမာရေးစောက်ရှောက်ပေးခြင်း ၊ ပညာရေးထောက်ပံ့ပေးခြင်း ၊ ဆင်းရဲနွမ်းပါးသောနေရာဒေသများသို့သွားရောက်၍ အခမဲ့ဆေးကုသမှုပေးခြင်း ၊ လူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အိမ်တွင်းသက်မွေးသင်တန်းကျောင်းဖွင့်လှစ်ပေးခြင်း ၊ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ၊ ကလေးငယ်များအားစာပေတတ်မြောက်ရေးအတွက်စာဖက်ပြိုင်ပွဲများ ၊ စကားပြောနည်းအတတ်ပညာသင်တန်းများဖွင့်လှစ်ခြင်းစသောလူသားအကျိုးပြုပရဟိတလုပ်ငန်းများကို အသင်းသူ / သား များနှင့် ( ၇ ) ရက်သား/သမီးများလှူဒါန်းသောအလှူငွေများကို မိမိတို့အသင်းမှတတ်စွမ်းသလောက်လှူဒါန်းကူညီပေးနိုင်ရန်ဤအသင်းအားဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည် ။

အသင်းသူ / သားများ နှင့်( ၇ ) ရက်သားသမီးစေတနာရှင်ကုသိုလ်ရှင်များအနေဖြင့် လစဉ်လှူဒါန်းလိုပါက ( မိမိစေတနာရှိသလောက်သာလျှင် ) အောက်ပါ အသင်း၏အောက်ပါနီးစပ်ရာဘဏ်အကောင့်များသို့ထည့်သွင်းလှူဒါန်းနိုင်ပါသည် ။

KBZ Bank Saving Account
Name = SHIN KAY THA RA
No = 045 301 045 021 4321

KBZ Bank ATM Account
No9993 0704 5021 43201
Name . SHIN KAY THA YA

CB Bank Saving Account
Name = SHIN KAY THA RA
No =0087 6001 0001 3005

CB Bank ATM Account
No . 9503 0800 0231 7084
Name . SHIN KAY THA YA

AYA Saving Account
Name = ASHIN KESARA
No = 0080 2010 1018 8250

AYA Bank ATM Account
No. 0080 2010 1018 8250
Name . ASHIN KE SA RA

စသည့်ဘဏ်အကောင့်များသို့လှူဒါန်းနိုင်၍

ဘွဲ့တော်အမည် = ရှင်ကေသရ
သာသနာဝင်အမှတ် = ၇ / အတန ( သ ) ၀၁၀၅၆
သို့လွှဲပြောင်း၍ဆက်သွယ်လှူဒါန်းနိုင်ပါသည် ။

အသေးစိတ်အချက်လက်များကို
09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းပရဟိတအသင်း
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
( ဓမ္မာစရိယ )
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၂ / ၂၀၁၇
၃၀ . ၅ . ၂၀၁၇ ( အင်္ဂါနေ့ )
၁၁ : ၀၀AM

-----------------------------------------------------

* မုဒိတာအလင်းပရဟိတအသင်း *

အသင်းစည်းကမ်းချက် =

၁ ။ မုဒိတာအလင်းပရဟိတအသင်း မှလစဉ်နောက်ဆုံးအပတ် ( တနင်္ဂနွေ ) နေ့တိုင်းတွင်ပုံမှန်အစည်းဝေးကျင်းပမည်ဖြစ်ရာမပျက်မကွက်တတ်ရောက်နိုင်ပေးရပါမည် အသင်းအစည်းဝေးအားတတ်ရောက်နိုင်ခြင်းမရှိကြောင်းကြိုတင်၍အကြောင်းကြား ခွင့်တင်နိုင်ပါသည် ။

၂ ။ အသင်းသူ / သားများကို အသင်းမှထုတ်ဝေပေးထားသော ယူနီဖောင်း ၊ ရင်ထိုး အသင်းအမှတ်တံဆိပ်ပါရှိသောအရာများကို နိုင်ငံရေးအတွက်သော်လည်းကောင်း ၊ မိမိအကျိုးအတွက်သော်လည်းကောင်းသုံးစွဲခြင်းမပြုရပါ ။

၃ ။ အသင်းမှဖွဲ့စည်းထားသော
နာယကဆရာတော်
ဥက္ကဌ
ဥက္ကဌ ( ဒု )
အတွင်းရေးမှုး ( က )
အတွင်းရေးမှူး ( ခ )
ပြန်ကြားရေး
ဘဏ္ဍာရေးမှူး ( ၁ )
ဘဏ္ဍာရေးမှူး ( ၂ )
အကျိုးတော်ဆောင်များ မှထုတ်ပြန်သောအချက်လက်များကိုလိုက်နာ၍ အသင်းသူ / သား များမှလည်းဝေဖန်အကြုံပြုနိုင်သည် ။

၎ ။ မိမိ၏ဂုဏ်သိက္ခာ အသင်း၏ဂုဏ်သိက္ခာများပျက်ပြား
စေမည့် ကာယကံအမှု ဝစီကံအမှု မနောကံအမှုများကိုရှောင်းကျဉ်ပေးရပါမည် ။

အသေးစိတ်အချက်လက်များကို 09428014893 , 09776074458 / သို့ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ Email:venkesara969@yahoo.co.uk သို့လည်ကောင်း ၊ Viber +959428014893, +959776074458 သို့လည်းကောင်းဆက်သွယ်၍စုံစမ်းမေးမြန်းနိုင်ပါသည် ။

ပုံ /
မုဒိတာအလင်းပရဟိတအသင်း နာယက
မုဒိတာအလင်းဆရာတော်
အရှင်ကေသရ
( ဓမ္မာစရိယ )
[ Magadh University, Budhgaya India ]

ထုတ်ပြန်ချက်အမှတ် ၃ / ၂၀၁၇
၃၀ . ၅ . ၃၀ . ( အင်္ဂါနေ့ )
၀၁: ၃၀ : PM

---------------------------------------------------------------------------------------------------