Thursday, August 31, 2017

သစ္စာရွှေစည်ဆရာတော် ဟောကြားတော်မူသောတရားဒေသနာများ



သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ဟောကြားတော်မူသောတရားဒေသနာတော်ကို အောက်ပါလင့်ခ်တွင်Downloadဆွဲ၍နာယူနိုင်ပါသည်

Link = https://my.pcloud.com/publink/show?code=XZBkSy7Z9w0AVWWolBbmt5VvyfSFqSgjMDXy

🙏မုဒိတာအလင်းတရာတော်ပြန့်ပွားရေးဌာန🙏
💽အလုပ်စဉ်အလုပ်ပေးနှင့်တရားတော်ဖြန့်ဖြူရေး💽
Online Dhamma Donation 🖥🎞
☎️၀၉: ၄၂၈၀၁၄၈၉၃
၀၉: ၇၇၆၀၇၄၄၅၈

Wednesday, August 23, 2017

အထင်စိတ် နဲ့ ခဏလေးပဲ



ဆင်းရဲခြင်းသာအမြဲရှိနေမယ်ဆိုရင် ချမ်းသာခြင်းဆိုတာရှိမလာနိုင်ပါဘူး ❗️

ချမ်းသာခြင်းသာအမြဲရှိနေမယ်ဆိုရင် ဆင်းရဲခြင်းဆိုတာရှိမလာနိုင်ပါဘူး ❗️

အရာရာကိုလိုအပ်ခြင်းတွေရှိနေမယ်ဆိုရင် မလိုအပ်ခြင်းတွေဆိုတာလဲတစ်နေ့ရှိလာမှာပါပဲ ❗️

စိတ်ကျေနပ်မှုတွေသာအမြဲရှိနေမယ်ဆိုရင် စိတ်မကျေနပ်မှုတွေဆိုတာလည်းရှိလာနိုင်ပါတယ်❗️

အသက်ရှင်ခြင်းသာအမြဲရှိနေမယ်ဆိုရင် သေဆုံးခြင်းဆိုတာရှိမလာနိုင်ပါဘူး ❗️

လောကကြီးဟာ အကောင်း နဲ့ အဆိုး ၊ အကြောင်း နဲ့ အကျိုး ဒွန်တွဲနေတာပါ ။ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် လောကကပေးလာတဲ့ ( လောကဓမ္မ ) လောကဓံတွေပါပဲ
။ လောကမှာရှိတဲ့လူတွေဟာ အကောင်းကိုတော့ လောကဓံလိုမထင်ကြပေမဲ့ အဆိုးကိုတော့ လောကဓံလို သိသိသာသာထင်ထင်ရှားရှားသိကြတယ် ဟေ့ ငါတို့တော့ မကောင်းတဲ့အကျိုးတရားတွေရလာပြီ မကောင်းတာတွေကြုံတွေ့နေရပြီ ဘုရားတရားအာရုံပြုပြီးကုသိုလ်လေးလုပ်လိုက်ကြအုံးစို့ ဒီလိုမကောင်းတဲ့အရာတွေထင်ထင်ရှားရှားဖြစ်လာပြီဆိုရင်တော့ အားကိုးစရာလို့ထင်တဲ့ ဘုရား တရား သံဃာကို အားကိုးဖို့စိတ်တော့အပြည့်ရှိတယ် ။ ကောင်းတဲ့အရာတွေနဲ့တွေ့မယ် ကောင်းတာတွေခံစားရမယ် ကောင်းတဲ့အရာတွေပဲ ရနေမယ်ဆိုရင်တော့ လောကဓံမှန်းမသိတော့ပဲအသာလေးမှိန်းမျောပြီးလိုက်သွားတတ်ကြတယ် အကောင်းနဲ့တွေ့နေမှတော့ ဘုရား တရား သံဃာရဲ့ အားလည်းမလိုအပ်ဘူးလို့ထင်ကောင်းထင်တတ်ကြတယ် တကယ်တော့ ဘုရား တရား သံဃာဆိုတာ အဆိုးနဲ့တွေ့မှ မဟုတ်ဘူး အကောင်းမဲ့တွေ့နေရင်လည်း မိမိတို့ဟာ ဗုဒ္ဓဘာသာဝင်တွေပီပီ ရင်ထဲနှလုံးသားထဲမှာရှိနေဖို့တော့လိုအပ်ပါတယ် ။ တကယ်တော့ ကိုယ်ကောင်းတယ်လို့ထင်တဲ့အရာလေးဟာလည်း တခဏလေးပါပဲ မကောင်းဘူးလို့ထင်တဲ့အရာလေးကလည်းတခဏလေးပါပဲ ဖြစ်ရမဲ့အကြောင်းတရားကြောင့် ဖြစ်ချိန်တန်ဖြစ်လာတယ် ပျက်ရမဲ့အကြောင်းတရားပါလာလို့ ပျက်ချိန်တန်ယြပျက်သွားပြန်ရော ဖြစ်လိုက် + ပျက်လိုက် ဒီသဘောပါပဲဒီသဘောကိုနားလည်ထားမယ်ဆိုရင်တော့ ဖြစ်လာသမျှတွေပေါ်မှာကောင်းတယ်လို့မြင်တဲ့စိတ် မကောင်းဘူးလို့်ထင်လိုက်တဲ့စိတ်တွေပဲဆိုတာသိထားရင်ဘယ်လောက်ပဲလောကဓံနဲ့ကြုံကြုံမဖြန်းစတမ်းဖြစ်မှာအသေရှာပါပဲတကယ်တော့ မိမိက ထင်နေတဲ့အထင်စိတ်ကလေးဆိုတာမမေ့ကြပါနဲ့ ။

စာဖတ်သူအပေါင်း ကျန်းမာ ရွှင်လန်း ဘေးမသန်း အေးချမ်းသာယာရှိကြပါစေ 🙏🙏🙏

အရှင်ကေသရ
[ မုဒိတာအလင်း ]
အိန္ဒိယနိုင်ငံ ၊ မာဂဓတက္ကသိုလ်
၂၃: ၈ : ၂၀၁၇ , ၉: ၅၉ PM