Thursday, March 9, 2017

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ


ခုလူတွေရှေးကနဲစာရင်တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလိုပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။

ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။

တစ်ဘ၀နဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်း သာသနာနဲ.ကြုံမှ ၊ တို့ က သာသနာရှိနေတုန်း တခြားရောက်နေရင်ဒီနည်းသည် တို့ နဲ့ မဆိုင်၊ သာသနာတို့ နဲ့ မဆိုင်ဖြစ်သွားမယ်နော်။ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊ နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။

စာအဆိုက မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော.တာကိုး၊ မြေဆီမှီ၍ အစာဖြစ်ရတာ၊ဘာလို့ .လျော့ တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊ နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို လူလာဖြစ်ရတော့တို့ ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။

ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်းလှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော.ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတောဘူး။ တို့ တရားအားထုတ်တဲ.ပုဂ္ဂိုလ်က ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲတော့ တို့ ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။

အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ.၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ.အစာကြမ်းရင်
အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေ ကြီးထွားလာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာတယ်။ ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။

အဲတော့ အကြိုက်တွေ့ လည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ်ပဲ။အဘိဇ္ဈာဆိုတဲ. အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။ ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။

အဲတော့ ဥတုပူလို့  အစာပူတယ် ၊ အစာပူလို. ရုပ်ပူတယ်၊ ရုပ်ပူလို. စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ.။ ကံနဲ.စိတ်နဲ. ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ.။ တိုးတက်ဖို. မြင်သေးသလား။ လူ့ ဘုံပြန်လာချင်သေးသလား။

အဲတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊ ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ ဘာလုပ်ရမလဲ။

ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့် ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။ လူ့ဘ၀ရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊ ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ...

မဟာဗောဓိမြိုင်ဆရာတော်ကြီး

ကပြား ဗုဒ္ဓဘာသာ


ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာသည် ရတနာသုံးပါးသာလျှင် ဖြစ်ပါ၏။ သရဏဂုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အသက်လည်း ဖြစ်ပါ၏။

သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားလျက် ဝေဖန်ဆန်းစစ်နိုင်သော ဝိဘဇ္ဇဥာဏ်ကင်းမဲ့ကာ နတ် ဝိဇ္ဇာ ဘိုးတော် ဂိုဏ်းဆရာတို့ကို ကိုးကွယ်နေသူများသည် ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်။ ကပြားဗုဒ္ဓဘာသာဖြစ်ကြောင်း -

အရှင်သြဘာသာဘိဝံသဆရာတော်ကြီးက ပြတ်ပြတ်သားသား ဆုံးမတော်မူခဲ့ပါ၏။

အင်း … ဘုရားကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာအမည်ခံ သူတစ်ယောက်က ကိုယ် ဆည်းကပ်ကိုးစားတဲ့ဘုရားရဲ့ ယုံကြည်စရာလိုရင်းဖြစ်တဲ့ ဂုဏ်တော် ကျေးဇူးတော် တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို ပညာရှိဆရာသမားများထံမှ သင်ယူကာ ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ကျကျနန ပိုင်းခြားဝေဖန်ကာ အမှန်သိမြင်အောင် လုပ်မထားနိုင်သေးရင် ပြောတိုင်းယုံ ကြုံတိုင်းလိုက် ခိုင်းတိုင်းလုပ် ဗုဒ္ဓဘာသာအစစ်မဟုတ်ဘဲ လူပြောသူပြောနဲ့ ယုံနေတဲ့ နတ် ဝိဇ္ဇာ ဘိုးတော် ပထမံ အထက်ဆရာကြီးတို့ပါ ရောနှောထားတဲ့ ရောရိရောရာ ယောင်ဝါးဝါး မှုန်ပြာပြာ ကပြားဗုဒ္ဓဘာသာ ဖြစ်နေတော့မှာပေါ့ ဒကာကြီးတို့ရ။

**
https://muditaralinn.blog.com တွင်လည်းဝင်ရောက် ဖတ်ရှူနိုင်ပါသည် ။

အရှင်​အနုရာဓအား ဒိဌိဖြုတ်​သည့်​​တရား​တော်​ [ အပိုင်း ] ၁ / ၂


အရှင်​အနုရာဓအား ဒိဌိဖြုတ်​သည့်​​တရား​တော်
[ အပိုင်း ] ၁

🔜မြတ်​စွာဘုရားရှင်​သည်
ဝေသာလီပြည်​ မဟာဝုန်​​တောရှိ စုလစ်​မွန်းချွန်​တို့ဖြင့်
အထွဋ်​တင်​ ​ဆောင်​ထားအပ်​​သော​ကျောင်း​တော်​၌
သီတင်းသုံး​နေ​တော်​မူခိုက်​ဖြစ်​၏။

🔜အနုရာဓရဟန်းကလည်း မြတ်​စွာဘုရား၏
ကျောင်းတိုက်​ကြီးနင့်​ မနီးမ​ဝေးတွင်​ သစ်​ရာက်​မိုး
ကျောင်းက​လေးနှင့်​သီတင်းသုံး​နေ​တော်​မူ၏။
တစ်​​နေ့၌ တိထ္ထိပုဂ္ဂိုလ်​ကြီိးများက လာ​ရောက်
မေးမြန်းကြ​လေ၏။ ဘုရားရှင်​ထံသို့ တိုက်​ရိုက်
မေးမြန်းရန်​ မဝံ့ရကား၊ အရှင်​အနုရဓထံ​မေးမြန်း
ကြခြင်းပင်​ဖြစ်​၏။

🔜ငါ့ရှင်​အနုရာဓ-

၁။ဟောတိ တထာကတာ ပရံ ပရဏာ
. သတ္တဝါ​သေရင်​ဖြစ်​​သေးသလား။

၂။န​ဟောတိ တထာဂ​တော ပရံ ပရမာ
. သတ္တဝါ​သေလျှင်​မဖြစ်​​တော့ဘူးလား

၃။ဟောတိစ နစ​ဟောတိ တထာဂ​တော
. ပရံပရဏာ
. သတ္တဝါ​သေပြီးလှင်​ ဖြစ်​တာတစ်​ချို့ ၊
. မဖြစ်​တာတစ်​ချို့လား။

၎။နေဝ​ဟေတိ န န​ဟောတိ တထာဂ​တော
. ပရံပရမာ
. သတ္တဝါ ​သေပြီးရင်​ ဖြစ်​သည်​လည်းမဟုတ်
. မဖြစ်​သည်​လည်းမဟုတ်​​လော။

🔯 ထိုသို့ဝိုင်း​မေးကြ​သောအခါ အနုရာဓရဟန်းက
ဘာကိုမျှ​ထွေ​ထွေထူးထူးမ​ဖြေနိုင်​​ချေ။ထိုသို့မ​ဖြေနိုင်​​သောအခါ တိတ္ထိကြီးတို့က ဤကိုယ်​​တော်​မှာ လူဗာလ
လူမိုက်​ကြီးသာဖြစ်​ပြီး ဆန်​​ပေါလို့ကြီး​နေခြင်းမျှပါ
တကားဟု ရှုတ်​ချကြ​လေ၏။

🔜 ထိုသို့​ပြောဆိုခံရ​သော​ကြောင့်​အနုရာဓက
ဤမျှမက​သော​မေးခွန်းများ​မေးက ပို၍သာခက်​ရ
ပေလိမ့်​မည်​ ဟု​တွေး​တောမိပီး ဘုရားရှင်​ထံ
အ​ပြေးသွားပြီး​မေး​လျှောက်​​လေ၏။

🔜အရှင်​ဘုရား တိတ္ထိဆရာကြီးတို့က
၁။သတ္တဝါ ​သေပြီးလှင်​ဖြစ်​​သေးသ​လော
၂။သတ္တဝါ​သေပြီးလျှင်​မဖြစ်​​တော့ဘူး​လော
၃။သတ္တဝါ​သေပြီးလျှင်​ ဖြစ်​ချီတလျည့်​မဖြစ်​ချီတလှည့်
. ​လော
၎။သတ္တဝါ​သေပြီးလျှင်​ ဖြစ်​သည်​လည်းမဟုတ်
. မဖြစ်​သည်​လည်းမဟုတ်​​လော ဟု
မေးမြန်းကြပါသည်​ဘုရား ၊ ဘုရားတပည့်​​တော်
မ​ဖြေနိုင်​ခဲ့သဖြင့်​ တိတ္ထိကြီးတို့က ဆန်​​ပေါ၍ကြီး
ခြင်းမျှသာ ၊ လူ့ဗာလမျှသပါတကားဟု ကဲ့ရဲ့ကြပါ
သည်​အရှင်​ဘုရား၊ ဘုရားတပည့်​​တော်​အား အစဉ်
သနားခြင်းကို အ​ကြောင်းပြု၍ ထိုထို​သော ပုစ္ဆာတို့
၏ အ​ဖြေကို ​ဟောကြား​တော်​မူပါဘုရား။

ထိုအခါမြတ်​စွာဘုရားရှင်​က အနုရာဓရဟန်းအား
ပုစ္ဆာ​စစ်​​မေး၍ပင်​ ဒိဌိအယူကို ပါယ်​ဖျက်​​ပေး​တော်
မူခဲ့ပါ​ပေ၏။

၁။ငါ့ရှင်​အနုရာဓ သင်​မည်​သို့သ​ဘော​ပေါက်​သနည်း

🔯ရုပ်​ဟာမြဲသ​လော ၊ မမြဲသ​လော
🔜မမြဲပါဘုရား

🔯ထိုမမြဲ​သောရုပ်​သည်​ ချမ်းသာ​လော ဆင်းရဲ​လော
🔜ဆင်းရဲပါဘုရား

🔯ထိုမြဲလဲမမြဲ ၊ ဆင်းလဲဆင်းရဲ​သော ရုပ်​သည်
ဖောက်​ပြန်​တတ်​​သောသ​ဘောရှိ​ပေတယ်​ငါ့ရှင်
ထို​ဖောက်​ပြန်​တတ်​​သော ရုပ်​တရားကိုပင်
🔝ဧတံမမ = ဒါငါ့ ဥစ္စာဟုလည်း​ကောင်း
🔝ဧ​သောဟ မသ္မိ = ဒါငါ ဟုလည်း​ကောင်း
🔝ဧ​သော​မေအတ္တာ = ဒါငါပိုင်​ဟုလည်း​ကောင်း
ဒိဌိဖြင့်​စွဲယူခြင်းငှာ သင့်​ပါမည်​​လော။

🔜မသင့်​ပါဘုရား

ငါ့ရှင်​အနုရာဓ

🔯​ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့သည်
လဲ မြဲသ​လော ၊ မမြဲသ​လော
🔜မမြဲကြပါဘုရား

🔯​ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့သည်
ချမ်းသာ​လော ၊ ဆင်းရဲ​လော
🔜ဆင်းရဲပါဘုရား

🔯မြဲလဲမမြဲ​သော ၊ ဆင်းလဲဆင်းရဲ​သော ထို
ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့သည်
ဖောက်​ပြန်​တတ်​​သောသ​ဘောရှိကြ​လေ၏။

🔯ထို​ဖောက်​ပြန်​တတ်​​သောသ​ဘောရှိသည့်
ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့အား
🔝ဧတံမမ = ဒါငါ့ ဥစ္စာဟုလည်း​ကောင်း
🔝ဧ​သောဟ မသ္မိ = ဒါငါ ဟုလည်း​ကောင်း
🔝ဧ​သော​မေအတ္တာ = ဒါငါပိုင်​ဟုလည်း​ကောင်း
ဒိဌိဖြင့်​စွဲယူခြင်းငှာ သင့်​ပါမည်​​လော။

🔜မသင့်​ပါဘုရား

🔱ဤ​ဒေသနာ၏ အဆုံး၌ ခန္ဓာ ငါးပါး ၊ ရုပ်​နာမ်
တရားတို့အား ၊ ငါ့ကိုယ်​ ငါ့ဟာ ငါ့ဥစ္စာဟူ၍
ဒိဌိဖြင့်​စွဲယူ​သော အယူပြုတ်​၍ ၊ အရှင်​အနုရာဓမှာ
သောတာပန်​တည်​​လေ၏။

ကျမ်းကိုး
••••••••••
မိုးတစ်​ဘ၀သာသနာစာ၅၄၅၊၅၄၆ကိုမှီငြမ်းပူ​ဇော်​ပါ၏။

အရှင်​အနုရာဓအားဒိဌိဖြုတ်​​ပေးသည့်​တရား​တော်
[ အပိုင်း ] ၂

🔯ငါ့ရှင်​အနုရာဓ
. ရုပ်​ကို သတ္တဝါဟု စွဲ​နေ​သေးသ​လော
🔜မစွဲ​တော့ပါဘုရား

🔯ရုပ်​မှတပါး အခြားသတ္တဝါဟု စွဲစရာရှိပါ​သေး
သ​လော
🔜မရှိ​တော့ပါဘုရား

🔯​ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့မှတပါး
သတ္တဝါဟု စွဲစရာ ရှိသေးသ​လော
🔜မရှိ​တော့ပါဘုရား

🔯ငါ့ရှင်​အနုရာဓ
ရုပ်​၊ ​ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ
တည်းဟူ​သော ၊ ခန္ဓာငါးပါး ၊ ရုပ်​နာမ်​တရားတို့
အ​ပေါ်၌ ၊ သတ္တဝါဟု စွဲယူခြင်းငှာ ထိုက်​ပါသ​လော

🔜မှန်​လှပါဘုရား
ဝေဒနာ ၊ သညာ ၊ သင်္ခာရ ၊ ဝိညာဏ တို့ကို​ရော
သတ္တဝါဟု စွဲယခြင်းငှာမထိုက်​ပါဘုရား။

🔯၎င်းတရားတို့အ​ပေါ်၌ သတ္တဝါဟု​ရော စွဲယူ​သေး
သ​လော အရှင်​အနုရာဓ
🔜မစွဲ​တော့ပါဘုရား

🔯ရုပ်​မရှိ​သော ၊ ​ဝေဒနာမရှိ​သော ၊ သညာမရှိ​သော ၊
သင်္ခာရမရှိ​သော ၊ ဝိညာဏတို့မရှိ​သောသူကို​ရော
သတ္တဝါဟုစွဲ​နေ​သေးသ​လော
🔜မစွဲပါအရှင်​ဘုရား

🔯ငါ့ရှင်​အနုရာဓ

🔜ယခုမျက်​​မှောက်​မှာပင်​မဟုတ်​ ၊ 
လောကတခွင်​၌ပင်​...သတ္တဝါဟု ​ခေါ်ဆိုခြင်းငှာ
ထိုက်​သည်​ဟူ၍မရှိ ၊ သတ္တဝါ ၊ ငါ ၊ သူတပါး
ယောင်္ကျား၊ မိန်းမ ၊ ပုဂ္ဂို လ်​ဟူသည်​မရှိ ၊ ပရမတ္တ
အားဖြင့်​ ရုပ်​ နာမ်​ ဟူသည်​သာရှိ​ချေ၏။

🔯ထို့​ကြောင့်
မရှိတရားကို ၊ အသိမှား​သော ဒိဌိအယူခြင့်
သတ္တဝါဟူ၍ ၊ ယူပြီး ​မေးအပ်​​သော ၊
သတ္တဝါ ​သေပြီးလျှင်​ဖြစ်​​သေးသ​လော
အစချီ​သော ၊ ​မေးခွန်း​လေးချက်​ကို​ဖြေဆိုခြင်းငှာ
သင့်​ပါမည်​​လော။

🔜မသင့်​ပါဘုရား

သာဓု ၊ သာဓု ၊ သာဓု အရှင်​အနုရာဓ
ကောင်း​လေစွ ၊ ​ကောင်း​လေစွ ၊ ​ကောင်း​လေစွ
ငါ့ရှင်​အနုရာဓ။

🔯ငါ့ရှင်​အနုရာဓ

ငါဘုရားသည်​ ၊​ရှေးက​ရော ၊ ယခု​ရော ဒုက္ခသစ္စာ
တရားကိုသာ ​ဟော​တော်​မူ၏ ။ဒုက္ခသစ္စာချုပ်​ရာ
နိ​ရောဓသစ္စာကိုလည်း ​ဟော​တော်​မူ၏။

ဒုက္ခသစ္စာ၏ ဖြစ်​ခြင်းနှင့်​ ပျက်​ခြင်းကိုသာ
ဟောကြား​တော်​မူ၏။ပုဂ္ဂိုလ်​ ၊ သတ္တဝါ ၊ သူ ၊ငါ
ယောက်ျား၊ မိန်းမရှိသည်​ဟုမ​ဟောကြား​ပေ။

🔯ထို့​ကြောင့်
ရုပ်​နာမ်​သာရှိပြီး ၊ ခန္ဓာငါးပါး ရုပ်​နာမ်​ တရားတို့ကို
သတ္တဝါဟူ​သော ဒိဌိအယူဝါဒဖြင့်​ ​မေး​သော
ထို​မေးခွန်း​လေးချက်​အား ​ဖြေကြားရန်
မရှိပါ​ချေ။

🔜မှန်​လှပါ ဘုန်း​တော်​ကြီးမြတ်​လှ​သော
မြတ်​စွာဘုရား...ဘုရားတပည့်​​တော်​ ဒိဌိအယူ
ဝါဒကို ရှင်းလင်းစင်​ကြယ်​စွာ ပါယ်​မြစ်​နိုင်​ခဲ့
ပါပြီဘုရား

🔯သာဓု သာဓု သာဓု ငါ့ရှင်​ အနုရာဓ

မိုးတစ်​ဘ၀သာသနာ စာ ၅၄၆မှ မှီငြမ်းပူ​ဇော်​ပါ၏။

https://muditaralinn.blog.com တွင်လည်းဝင်ရောက်ဖတ်ရှူနိုင်ပါသည် ။

Friday, March 3, 2017

“လူနှင့်တူသော လူဖြစ်ဖို့တော့ လိုလိမ့်မည် ထင်ပါသည်”☆



နရဘာဝေ နရံစိတ္တံ ဟိ ပေါသေနန္တု ကမ္မကထာ
လူတိုင်း လူမဖြစ်ကြပါ။
လူစိတ်ရှိသလောက်သာ လူဖြစ်ကြပါသည်။
လူစိတ်ဆိုသည်မှာ မိမိ ကြံ-ပြော-ပြု ထိုသုံးခု တစ်ခုခု ပြုကျင့်တိုင်း
ဤကား အကျိုးရှိအလုပ်၊ ဤကား အကျိုးမဲ့အလုပ် သရုပ်ကွဲလျက်ကသာ
ဤကား အပြစ်ကင်းအလုပ်၊ ဤကား အပြစ်မဲ့အလုပ် သရုပ်ထုတ်
ကြည့်ပြီးသားသာ
ထို့နောက်
ငါသည် လူဖြစ်တုန်းလေး လူစိတ်မွေးသောအားဖြင့်
ကြံလျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ကြံစည်မည်
ပြောလျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ပြောကြားမည်
ပြုလုပ်လျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ပြုလုပ်မည်
ဤသို့လည်း ယတိပြတ် မူအမှတ်လိုက်ပါသည်။ ဆိုလိုသည်မှာ

(က) စီးပွားဥစ္စာများနှင့် အင်္ဂါခြေလက်များ • •
ထိုနှစ်စား အပြိုင်အန္တရာယ်ကျရောက်သွားက စီးပွား ဥစ္စာကိုသာ
စွန့်လွှတ်အံ့။
အင်္ဂါခြေလက်များကား အဖြစ်မခံ။ ဘာကြောင့်
အင်္ဂါခြေလက်စုံ ဒါမျိုး ပုံတိုက်ရှာဖွေပေးနိုင်သောကြောင့်။

(ခ) တဖန် -
ထိုအင်္ဂါ ခြေလက်တို့နှင့်အသက်
ဤနှစ်ချက် အပြိုင်အန္တရာယ်ဖက်လာသော် အင်္ဂါခြေ လက်ကိုသာ
စွန့်လွှတ်အံ့။ အသက်ကိုကား အန္တရာယ်အဖြစ်မခံ • •
လူသက်ရှိ၍ လူစိတ်ဝင် ဘဝရွှင် ဖြစ်နေသေးသောကြောင့်။

(ဂ) နောက်တဖန် -
အသက်နှင့် လူကျင့် နှစ်ချက်ဆင့် အန္တရာယ်ဝင်နေပါသော် အသက်ကိုသာ စွန့်ပါတော့အံ့။ လူ့အကျင့် လူ့သီလကိုကား မစွန့်တော့ပါ။
ဘာကြောင့်သီလပျက် လူ့သက် မလိုတော့သောကြောင့် • • ။
သီလပျက် အကြွေး အတိုးဖြင့် ပေးချေနေရတော့မည် ဖြစ်ခြင်းကြောင့် ဤမူဝါဒမျိုး လူသွားလမ်းရိုးအဖြစ် ရှေ့ပြေးတံတား ထိုးခြင်းပင်။
အန္တရာယ်မတွေ့ခင် ကိုယ်ကျင့်ကောင်း ကွေ့စောင်း သွားပုံမျိုး မဖြစ်
စေရပါ။ အခွင့်ရေးမရခင် ကိုယ်ကျင့်ကောင်းရ ပြောင်းသွားပုံမျိုး မဟုတ်စေရပါ။
ထိုသို့ဖြစ်ရန်မှာ ကိုယ်ပိုင်ယုံကြည်ချက် ပန္နက်ရိုက်ထားပြီး ရှိမှသာ။

¤မဟာဗောဓိမြိုင်ဆရာတော်¤
════════════

☆“လူနှင့်တူသော လူဖြစ်ဖို့တော့ လိုလိမ့်မည် ထင်ပါသည်”☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

နရဘာဝေ နရံစိတ္တံ ဟိ ပေါသေနန္တု ကမ္မကထာ
လူတိုင်း လူမဖြစ်ကြပါ။
လူစိတ်ရှိသလောက်သာ လူဖြစ်ကြပါသည်။
လူစိတ်ဆိုသည်မှာ မိမိ ကြံ-ပြော-ပြု ထိုသုံးခု တစ်ခုခု ပြုကျင့်တိုင်း
ဤကား အကျိုးရှိအလုပ်၊ ဤကား အကျိုးမဲ့အလုပ် သရုပ်ကွဲလျက်ကသာ
ဤကား အပြစ်ကင်းအလုပ်၊ ဤကား အပြစ်မဲ့အလုပ် သရုပ်ထုတ်
ကြည့်ပြီးသားသာ
ထို့နောက်
ငါသည် လူဖြစ်တုန်းလေး လူစိတ်မွေးသောအားဖြင့်
ကြံလျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ကြံစည်မည်
ပြောလျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ပြောကြားမည်
ပြုလုပ်လျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ပြုလုပ်မည်
ဤသို့လည်း ယတိပြတ် မူအမှတ်လိုက်ပါသည်။ ဆိုလိုသည်မှာ

(က) စီးပွားဥစ္စာများနှင့် အင်္ဂါခြေလက်များ • •
ထိုနှစ်စား အပြိုင်အန္တရာယ်ကျရောက်သွားက စီးပွား ဥစ္စာကိုသာ
စွန့်လွှတ်အံ့။
အင်္ဂါခြေလက်များကား အဖြစ်မခံ။ ဘာကြောင့်
အင်္ဂါခြေလက်စုံ ဒါမျိုး ပုံတိုက်ရှာဖွေပေးနိုင်သောကြောင့်။

(ခ) တဖန် -
ထိုအင်္ဂါ ခြေလက်တို့နှင့်အသက်
ဤနှစ်ချက် အပြိုင်အန္တရာယ်ဖက်လာသော် အင်္ဂါခြေ လက်ကိုသာ
စွန့်လွှတ်အံ့။ အသက်ကိုကား အန္တရာယ်အဖြစ်မခံ • •
လူသက်ရှိ၍ လူစိတ်ဝင် ဘဝရွှင် ဖြစ်နေသေးသောကြောင့်။

(ဂ) နောက်တဖန် -
အသက်နှင့် လူကျင့် နှစ်ချက်ဆင့် အန္တရာယ်ဝင်နေပါသော် အသက်ကိုသာ စွန့်ပါတော့အံ့။ လူ့အကျင့် လူ့သီလကိုကား မစွန့်တော့ပါ။
ဘာကြောင့်သီလပျက် လူ့သက် မလိုတော့သောကြောင့် • • ။
သီလပျက် အကြွေး အတိုးဖြင့် ပေးချေနေရတော့မည် ဖြစ်ခြင်းကြောင့် ဤမူဝါဒမျိုး လူသွားလမ်းရိုးအဖြစ် ရှေ့ပြေးတံတား ထိုးခြင်းပင်။
အန္တရာယ်မတွေ့ခင် ကိုယ်ကျင့်ကောင်း ကွေ့စောင်း သွားပုံမျိုး မဖြစ်
စေရပါ။ အခွင့်ရေးမရခင် ကိုယ်ကျင့်ကောင်းရ ပြောင်းသွားပုံမျိုး မဟုတ်စေရပါ။
ထိုသို့ဖြစ်ရန်မှာ ကိုယ်ပိုင်ယုံကြည်ချက် ပန္နက်ရိုက်ထားပြီး ရှိမှသာ။

¤မဟာဗောဓိမြိုင်ဆရာတော်¤
════════════
https://www.facebook.com/muditaralinnsayadaw

င်ပွန်းကြီး (၁၀)ပါး နှင့် ဒဏ် (၁၀) ပါး ♣ * ခင်ပွန်းကြီး ဆယ်ပါး *


အားလုံးကြားသိနေကြတဲ့ “ခင်ပွန်းကြီးဆယ်ပါး” ဆိုတဲ့ မြန်မာဝေါဟာရရဲ့ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့

“ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ” အရာအားလုံးကို “ခင်ပွန်း” ဆိုပါတယ်။ ပဌာန်း ဥပနိဿယပစ္စည်းမှာ
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယော-ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်နည်းနည်းနဲ့တော့ ကျေးဇူးဥပကာရ ပြုနေကြတယ် လို့ဗုဒ္ဓမြတ်စွာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်ကိုသာ မြင်အောင် ပြောတာပါ။
မိမိအရပ်ဒေသ ဥတုရာသီ စသည်တွေကလည်း ကျေးဇူးပြုနေကြပါတယ်။

ခင်ပွန်းကြီးဆယ်ပါးကို “တေမိယဇာတ်တော်ကြီး”မှာ အခုလိုပြောပြထားပါတယ်။

●(၁) ဗုဒ္ဓ-= သဗ္ဗညုမြတ်စွာဘုရား
●(၂) ပစ္စေကဗုဒ္ဓ=ပစ္စေကဗုဒ္ဓွါ
●(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
●(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်နှင့် သာဝကများ၊
●(၅) မာတာ= မိခင်၊
●(၆) ပိတာ-= ဖခင်၊
●(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ
အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သောသူများ၊
●(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်၊
●(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ၊အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု
ကျေးဇူးရှိဖူးသူမှန်သမျှ၊
●(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပြ လမ်းမှန်ညွှန်ပြပေးတဲ့ တရားဟောဆရာ
-【တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀】

■“အကြင်သစ်ပင်ရဲ့အောက် တစ်အောင့်တစ်ထောက် နားနေဖူးတယ်၊ တစ်မှေးတစ်ရေး
အိပ်စက်ဖူးတယ်ဆိုရင်တောင်မှ ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကိုပင် မချိုးကောင်းဘူး။
တကယ်လို့များ အကိုင်းအခက်ချိုးဖျက်မိတဲ့သူ ၊အလွန်ယုတ်မာတဲ့သူဖြစ်တယ်၊ နောက်ပြီးတော့
မိတ်ဆွေကိုပြစ်မှားတဲ့-မိတ္တဒုဗ္ဘိကံထိုက်ပြီး မကောင်းတဲ့အကျိုးကိုပေးတတ်တယ်…”လို့
တေမိယဇာတ်တော်မှာ ဆိုထားပါသေးတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိလို့ “ခင်ပွန်း” လို့ခေါ်ဆိုထိုက်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် သက်ရှိသူကိုပင် မဟုတ်ပါဘူး၊သက်မဲ့ဖြစ်တဲ့ သဘာဝသစ်ပင်တို့ကိုတောင်မှ
မပြစ်မှားမစော်ကားထိုက်ဘူး။ပြစ်မှားစော်ကား ချိုးဖျက်မိရင်
မကောင်းကျိုးပေးတတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

♣ ဒဏ် (၁၀) ပါး ♣

ဒီကျေးဇူးကြီးမားတဲ့ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလွန်ကျူးမိတဲ့သူအနေနဲ့ ရရှိခံစားလာရမယ့်
ဆိုးကျိုးပြစ်တွေက ဆယ်ပါးရှိပါတယ်……။ ဒီအပြစ်ဒဏ်ဆယ်ပါးကို “ဓမ္မပဒပါဠိတော်
ဒဏ္ဍ၀ဂ် မဟာမောဂ္ဂလာန၀တ္ထု” မှာ ဗုဒ္ဓမြတ်စွာ ဟောပြထားပါတယ်။

■(၁)။ပြင်းထန်သော ရောဂါ ဝေဒနာများခံစားရခြင်း။
■(၂)။ပိုင်ဆိုင်သောပစ္စည်းဥစ္စာများ ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း။
■(၃)။လက်ပြတ်၊ ခြေပြတ်စသည်ဖြင့် ကိုယ်အင်္ဂါ ပျက်စီးခြင်း။
■(၄)။ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
■(၅).ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
■(၆)။မင်းပြစ်၊မင်းဒဏ်ခံရခြင်း။
■(၇)။မတရားသဖြင့် ကြမ်းကြုတ်စွာ စွပ်စွဲခံရခြင်း။
■(၈)။မိမိမှီခိုရာ ဆွေမျိုးများ ပျက်ဆီးခြင်း။
■(၉)။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
■(၁၀)။ မိမိ နေရာ တိုက် အိမ်စသည်ကို မီးလောင်ပျက်စီးခြင်း။
-【ဓမ္မပဒဂါထာ၊ ၁၃၇၊ ၁၃၈၊ ၁၃၉ ၊၁၄၀】

ကျေးဇူးကြီးမားတဲ့ ခင်ပွန်းကြီးဆယ်းပါးကို ပြစ်မှား လွန်ကျူးစော်ကားမိသူတစ်ယောက်အနေနဲ့
လက်ရှိပစ္စုပ္ပန်ဘ၀မှာပဲ ထိုဒဏ် ၁၀ ပါးထဲက တစ်ပါးပါးသင့်နိုင်ပါတယ်။
နောက်ပြီး သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ ကျရောက် နိုင်ပါတယ်။
ဒဏ်ဆယ်ပါးကို လွယ်လွယ်မှတ်မိနိုင်ဖို့အတွက် လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး……..။

►“သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာကုဌ၊ ရူးကြဖောက်ပြန်၊
မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊
လူ့ဘောင်ဒိဌ၊ တွေ့ကြုံရ၍၊ သေကငရဲ၊ကမ္ဘာစွဲ၏။”

ဆရာတောအရှင်သူမြတ်များ အမှားပါခဲ့ရင်
သွန်သင်လမ်းပြပေးပါ

ဓမ္မစာပေများမှ ( ဇော်၅၂၈ ကူးယူမျှဝေပါ၏ )။

_

“ ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍… ”
••••••••••••••••••••••••••••••••
Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊
၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊
၇-အလေးအမြတ်ပြုအပ်သော ဆရာ၊
သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊
၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊
၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊
၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။
ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်
စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။
၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော
ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော
ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။
သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ-
ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။
၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများ
မှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။
တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ
ဘုန်းဘုန်း။
(အောင်မြင့်)
[www.facebook.com/youngbuddhistassociation.mm]
A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော
လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ
တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။
ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့
အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့်
ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထား
ဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။

ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့
မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။
တေမိယဇာတ်တော်မှာ တေမိမင်းသားက
သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။
မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် ၊
မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး
ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။
ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး
အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။
တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ
စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။
ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့
အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်
[www.facebook.com/youngbuddhistassociation.mm]
(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ
လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ
အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော
ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ
အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု
ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက်
တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့
ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။
- (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင်
ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ
မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင်
အားလုံးပါဝင်နေပါတယ်။

နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့်
ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း
မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ်
အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း
မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည်
မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာ
ပါဝင်နေပြီး ဖြစ်ပါတယ်။
[www.facebook.com/youngbuddhistassociation.mm]
မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့
ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့
သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာ
သတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း
တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့
အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့
စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။
ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။
တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့
မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို
ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့
ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။
ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ
လောကသားများအတွက်
မပြစ်မှားသင့်တဲ့
မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့
မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ
မပြစ်မှားမိအောင်၊
ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊
ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။

►www.facebook.com/muditaralinnsayadawdhamachannallive
►www.facebook.com/muditaralinnsayadaw

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်


ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကု
သိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကု
သိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါသည်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထို ကု
သိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါသည်။ သုံဆယ့်တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်း
ရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပါ။ နတ်ဘုံခြောက်ထပ်နှင့်
ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုက္ခတွေ များလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင်
တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန် ဖြစ်ပါသည်။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၌ အလှူခံ မရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်
မျှ မရနိုင်ပါ။ ထို့ကြောင့် ဤသုံးဆယ့်တစ်ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အား
လုံးကို ဆည်းပူးအားထုတ်၍ ရပါသည်။ ဤအချက်များကြောင့် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်
ချက်သည် ကုသိုလ်ပြုဖို့အတွက်ဟု ဆိုခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမည်။
အလှူဒါနပေးသူနှင့် ယူသူတွင် ပစ္စက္ခမျက်စိဖြင့် ကြည့်ပါက ယူသူကသာရပါသည်။ သံသရာမျက်
စေ့ဖြင့်ကြည့်ပါက ပေးသူကသာ ရပါသည်။ ဤကဲ့သို့ သံသရာ တစ်လျှောက်ထိ ထိုးထွင်း၍ သိ
သောပညာကို တကယ့်ဉာဏ်ပညာဟု ခေါ်ပါသည်။
ထို့ကြောင့် ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ၊ အ
ရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချတတ်၍ အပါယ်လေးဘုံသို့ သွား
ကြပါတယ်။ ပညာရှိ လူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ
၍ ဒုက္ခဆင်းရဲငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရရှိကြပါတယ်။
ဓမ္မမိတ်ဆွေတို့ကလည်း တရားသဘောကို နားလည်သဘောပေါက်ကြပြီး မိမိတို့လူ့ဘဝ
ရခိုက်မှာ ကောင်းတဲ့ကုသိုလ်အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ဖြောင့်ဖြောင့်
တန်းတန်း သွားနိုင်ကြပါစေ ကုန်သတည်း။ ။

___

" သင် လူတစ်ယောက် ဖြစ်ပြီလား ? "

လူအဖြစ် ရခဲပုံနှင့် ပတ်သက်ပြီး ဘာသာခြား တစ်ယောက်က မေးမြန်းလာသည်ကို ဦးချစ်ဝင်းက လူလေးမျိုးနှင့် နှိုင်းယှဉ်ပြီး ဖြေကြားသွား၏။

ဘာသာခြား. . .ဦးလေးတို့ဘုရားက လူအဖြစ်ကို ရခဲတယ် , ရခဲတယ်နဲ့ ဟောကြားထားတာ လက်မခံနိုင်ပါဘူး။ ကမ္ဘာမှာ တစ်စက္ကန့်ကို လူငါးယောက်နှုန်းနဲ့ မွေးနေတယ်ဆိုပဲ။ ဒီအဆိုအရ လူဖြစ်ခဲတယ် ဆိုတာ မဟုတ်နိုင်ဘူး။ တရုတ်ပြည်မှာ ဆိုရင် အိမ်ထောင်စု တစ်စုကို တစ်ယောက် သို့ နှစ်ယောက်ပဲ မွေးခွင့်ရတယ်တဲ့။ ကဲ ဦးလေး ဘယ်လို ဖြေမှာလဲ .?

ဦးချစ်ဝင်း . . . ဒါကတော့ မင်းရဲ့ ခြင်ကောင် ဦနှောက်နဲ့ တွေးရင်တော့ ဟုတ်နေသလိုပဲပေါ့။ မွေးလာတဲ့သူ ရှိသလို သေသွားတဲ့သူလည်း ရှိမယ် ဆိုတာ ထည့်တွက်ရမယ်လေ။ တစ်စက္ကန့်မှာ ငါးယောက် မွေးပေမယ့် တစ်စက္ကန့်မှာ ငါးယောက်သေနေမယ်ဆိုရင် ဘယ်လို တွေးမလဲ ?

လူအဖြစ်ရခဲပုံကို မွေးသေနဲ့ နှိုင်းယှဉ်ယုံနဲ့တင် မသိရသေးဘူး။ တိရိစ္ဆာန် အရေအတွက်နဲ့ လူ အရေအတွက် နှိုင်းယှဉ်ကြည့်မှ ပိုသိရတယ်။

ဥပမာ ခြတောင်ဘို့တစ်ခုဆိုရင် ခြကောင်ရေ မရေမတွက်နိုင်အောင် များတယ်။ ခြင် , ယင် , ပုရွက်ဆိတ် , ဒီအကောင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက် , လူတွေ ဘယ်လောက် နည်းသွားတယ် ဆိုတာ ပေါ်လွင်နေပြီ။

ဘာသာခြား . . . ဒီလို ယှဉ်တွေးကြည့်တော့ ဟုတ်သားပဲ။

ဦးချစ်ဝင်း . . တို့ဘုရားက လူအဖြစ် ရခဲပုံကို . .
လူနဲ့ တိရိစ္ဆာန် ယှဉ်ကြည့်ပြီး မွေးသေ အဝင်အထွက်ကို သင်္ချာနည်းနဲ့ တွက်ချက်ပြီး မဆုံးဖြတ်ဘူး။

မွေးလာတဲ့ လူတိုင်းကိုလည်း လူလို့ မသတ်မှတ်ပါဘူး။

ဘာသာခြား . . . ဒါဆို ဘယ်လိုလူကို လူလို့ သတ်မှတ်ရမှာလဲ ?

ဦးချစ်ဝင်း . . တို့ဘုရားက လူကို အမျိုးအစား လေးမျိုးနဲ့ ခွဲခြားပြီး သတ်မှတ်တယ်။ အဲဒီလေးမျိုးက . .
၁။လူငရဲသား
၂။ဘူတိရစ္ဆာန်
၃။လူဗြိတ္တာ
၎။လူပရမတ္တ. . . . . . . ဆိုပြီး ခွဲခြားသတ်မှတ် ထားတယ်။

၁။လူ့ငရဲသား . . . .
-ကုသိုလ် , အကုသိုလ် ရယ်လို့ မခွဲခြားတတ်။
-ဒါန , သီလ လည်း မရှိ။
-ဘာဝနာ ဆိုတာ ဝေလာဝေး။
-မွေးလာကတည်းက ဒုက္ခနဲ့စ , ဒုက္ခနဲ့ ဆုံးပြီး လူ့လောက ကနေ ထွက်ခွာသွားရသူများကို လူ့ငရဲသား တဲ့။

၂။လူ့တိရစ္ဆာန် . . .
-တိရစ္ဆာန် ဆိုတာ စားဖို့ ရှာမယ်။ စားမယ်။ အိပ်မယ်။ ကာမဂုဏ် ခံစားမယ်။ ဒါပဲ သိတယ်။
လူဟာလည်း စားဖို့ , အိပ်ဖို့ , ကာမဂုဏ် ခံစားဖို့ , ဒီသုံးမျိုးပဲ သိပြီး

ဘုရား, တရား , သံဃာ ဆိုတဲ့ ရတနာသုံးပါးကို မသိ။ ဘာသာရေးလည်း နားမလည်။ နားလည်ဖို့ လဲ မကြိုးစား။ မလေ့လာ , ဘာသာရေးသုတ မရှိတော့ ဒါနမသိ , သီလမရှိ , ကုသိုလ် အကုသိုလ် မခွဲခြားတတ်. . ပဲ လူ့ဘဝမှာ နေရင်း သေသွားသူများကို လူ့တိရစ္ဆာန်လို့ ဘုရားက သတ်မှတ်တော်မူတယ်။

၃။လူ့ဗြိတ္တာ . . . လူ့ဘဝတော့ ရလာပါရဲ့။ ရောဂါ ထူပြောတဲ့အတွက် သူများနဲ့ တန်းတူ မဟုတ်ဘဲ ခက်ခဲပင်ပမ်းစွာ ရုန်းကန်ပြီး စားဖို့ , ဝတ်ဖို့ အလျင်မီအောင် မနည်းကြိုးစားရတဲ့ ဒုက္ခတွေကြောင့် ရတနာသုံးပါးကို သတိမရနိုင်။ ဒါနမှု , သီလမှုတွေ မဆောက်တည်နိုင် , မပြုလုပ်နိုင်ဘဲ လူ့ဘဝကို စွန့်ခွာသွားရသူတွေကို လူ့ဗြိတ္တာ တဲ့။

၎။လူပရမတ္တဆိုတာကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲ
ရတနာသုံးပါးကို ယုံကြည်မှုသဒ္ဓါနဲ့ ကိုးကွယ်တယ်။
ဒါနပြုရာမှာ ပါရမီထိုက်အောင် ပညာနဲ့ လှူတယ်။
သီလကိုလည်း မကျိုးပေါက်အောင် အသက်နဲ့ လဲပြီး စောင့်ထိန်းတယ်။
ဝိပဿနာတရားကိုလည်း နာကြား အားထုတ်ပြီး
-ကုသိုလ် , အကုသိုလ် ခွဲခြားနိုင်တဲ့သူကို ဆိုလိုတာ ဖြစ်ပြီး ဒီလိုဘဝမျိုး ပိုင်ဆိုင်သူကိုမှ လူလို့ တို့ဘုရားရှင်က သတ်မှတ်တယ်။

ဒီစံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် တစ်စက္ကန့်မှာ လူငါးယောက် မွေးတာ မပြောနဲ့ , လူတစ်ရာ , တစ်ထောင် မွေးတဲ့အထဲမှာ လူတစ်ယောက် ဖြစ်ဖို့ လွယ်မလား ?

တို့ဘုရားဟောအရ ပြောရရင် မင်းတောင် လူထဲ မပါဘူး။ ဦးလေး ရှင်းပြတဲ့ လူလေးမျိုးအကြောင်း အဆုံးမှာ ဘာသာခြားပုဂ္ဂိုလ် ခေါင်းငိုက်စိုက်ချပြီး ပြန်သွားတော့တယ်။

* * * * * * * * * * * * * * *

"လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါ"

လောကီလူသားများက လူတစ်ယောက်အဖြစ်
သတ်မှတ်သော အင်္ဂါနှင့် ,
ဘုရားအစရှိသော သူတော်ကောင်းများ၏
လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါသည်
မိုးနှင့်မြေလို ကွာခြား လွန်းလှပါသည်။

-လောကီလူသားများက . . .

-အမျိုးမြတ်ခြင်း ။
-ခေတ်ပညာတတ်ခြင်း ။
-ရာထူး ကြီးမြင့်ခြင်း ။
-ဥစ္စာစည်းစိမ် ပေါများခြင်း . . . ဟူသော အင်္ဂါများ နှင့် ပြည့်စုံလျှင် အထက်တန်းစား လူတစ်ယောက် အဖြစ် သတ်မှတ်ကြသည်။

ဘုရားရှင်၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါ သုံးချက်ရှိသည်။ ထိုအင်္ဂါသုံးချက်တွင် အထက်ဖော်ပြပြီး အင်္ဂါများ တစ်ချက်မှ ပါမလာ။

အင်္ဂတ္ထိုရ်ပါဠိတော် , တိကနိပါတ်တွင် ဇမ္ဗူဒိပ်ကျွန်းနေ လူသားများက . . နတ်ထက်သာလွန်သော , လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါသုံးချက်ကို ယခုလို ဟောကြားထားပါ၏

သတ္တိ . . . ကုသိုလ်တရားများကို ရဲဝံ့စွာ လုပ်ရဲခြင်း။

သတိ. . .ကုသိုလ်တရားများအပေါ် သတိရခြင်း။

ဗြဟ္မစရိယ . . . မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း။

ဤသည်မှာ ဗုဒ္ဓ၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါများပင် ဖြစ်သည်။

" မေတ္တာရှင် ရွှေပြည်သာ "

ဗုဒ္ဓ မဖြေကြားသော ပြဿနာများ " ဆောင်းပါး



၁။ ဘုရားရှင် ပွင့်ထွန်းလာသည်နှင့် တပြိုင်နက် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်အလို့ငှာ သစ္စာလေးပါးတရားကို ဟောကြားတော်မူပါသည် … ဟောကြားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ မည်သူမျှ စောဒက မတက်နိုင်သေးသော သစ္စာတရားကို ဟောကြားနိုင်မူကြောင့် ထင်ရှားကျော်ကြား လူသိများပြီး သာသနာတော်ကြီး ထွန်းကား စည်ပင်ခဲ့၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( ဘုရားရှင်ကို စွပ်စွဲခြင်း )

၂။ ထိုအချိန်၌ ဘုရားအမည်ခံပြီး ၀ါဒတီထွင် တပည့်တပင်းများလှသော တိတ္တိဆရာကြီးတို့၏ တန်ခိုးရှိန်ဝါ လျှော့ကျလာသောအခါ ဘုရားရှင်အား မည်သို့ဖြေဖြေ အပြစ်မလွတ်သည့် ပြဿနာများ ဖန်တီးပြီး မေးမြန်းကြ၏ … ထိုမေးခွန်းများကို လျှော်ကန်အောင် ဖြေကြားနိုင်သဖြင့် မေးမြန်းလာသူတို့သာ ဗုဒ္ဓ၏တပည့် သာဝက ဖြစ်ကြကုန်၏ … သို့သော် တစ်ချို့သော မေးခွန်းပြဿနာများကိုကား မြတ်စွာဘုရားရှင် ဖြေကြားခြင်း မပြုခဲ့ပေ … ထိုသို့ ဖြေကြားခြင်းမပြုသည်ကိုပင် မသိ၊ နားမလည်၍ မဖြေခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုကြရာ ဘုရားရှင်၏ တစ်ချို့သော တပည့်ရဟန်းကပင် ထင်ယောင်ထင်မှား ဖြစ်၍ ဘုရားရှင်ကို မေးလျှောက်ကြလေ၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( မာလုကျ၏ အမေး နှင့် ဗုဒ္ဓ၏ အဖြေ )

၃။ မာလုကျပုတ္တဟု အမည်ရသော ရဟန်းသည် ဘုရားရှင်ကို ဤသို့ မေးလျှောက်၏ ..

မာလုကျ - အရှင်ဘုရား လောက သည် မြဲသလော၊ မမြဲသလော
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား လောကသည် အစအဆုံး ရှိသလော၊ မရှိသလော..
(လောက၌ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ၃ ပါးရှိရာ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့ကို မေးခွန်းထုတ်ခံရသော လူဘယ်က စဖြစ်သနည်း စသော အမေးများ သည် ဤ မေးခွန်းတွင် အကြုံးဝင်ပါသည်။)
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အသက်သည် ပင် ကိုယ်လော … အသက်ကတခြား ကိုယ်က တခြားလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - သတ္တ၀ါသေပြီးနောက် ဖြစ်သေးသလော … မဖြစ်သလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - သတ္တ၀ါသေပြီးနောက် ဖြစ်သည်လည်းရှိ … မဖြစ်သည်လည်း ရှိသလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား သတ္တ၀ါသေပြီးနောက် ဖြစ်သည်လည်း မဟုတ် … မဖြစ်သည်လည်း မဟုတ်ပါသလော ..
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား ထိုအကြောင်းများကို မြတ်စွာဘုရားရှင် မဖြေကြားပါက တပည့်တော် လူထွက်အံ့ … အကယ်၍ အရှင်ဘုရား မသိလျှင်လည်း မသိကြောင်း ၀န်ခံခြင်းသည်သာလျှင် ရိုးသားဖြောင့်မတ်ရာ ရောက်ပါသည် … ဘုရား...

ဗုဒ္ဓ - အချည်းနှီးယောင်္ကျား “ လောကမြဲ၊ မမြဲ စသော မေးခွန်းများကို မြတ်စွာဘုရားမဖြေကြားပါက ငါသည် မြတ်စွာဘုရားထံမှ အကျင့်မြတ်ကို မကျင့်အံ့ ” ဟု တစ်စုံတစ်ယောက်သောသူက ဆိုပါက ထိုသူသည် အကျင့်မြတ်ကို မကျင့်ဘဲသာလျှင် သေလွန်ရာ၏ … ငါကား ထိုမေးခွန်းများကို ဖြေကြားမည်မဟုတ်ပေ …

ဗုဒ္ဓ - မာလုကျ ... ဥပမာ - အဆိပ်လူးမြှား စူးဝင်နေသူအား ဆေးဆရာက မြှားကို နှူတ်ပယ် မည်လုပ်သောအခါ မိမိအား မြှားဖြင့်ပစ်သူမှာ မည်သူနည်း၊ ထိုသူသည် ယုတ်သလော၊ အမျိုးမြတ်သလော၊ မည်သို့သော လေးဖြင့် ပစ်သနည်း၊ မည်သို့သော မြှားဖြစ်သနည်း စသော အကြောင်းများကို မသိရသေးမီ မြှားကို မနှူတ်ရန် ပြောဆို၏ … ထိုသူသည် မြှားကို မနှူတ်ရဘဲ ထိုမြှား အဆိပ်ဖြင့်ပင် သေလွန်ရန်သာ ရှိ၏။ ထိုအကြောင်းများကို ကား သိနိုင်သွားလိမ့်မည် မဟုတ်ပေ …

မာလုကျ .. လောကမြဲ၊ မမြဲ စသော အကြောင်းများကို သိခြင်းသည် မိမိဆင်းရဲ ကုန် ခမ်းခြင်းငှာ ဖြစ်နိုင်မည်လော …

မာလုကျ - မဖြစ်နိုင်ပါဘုရား …

ဗုဒ္ဓ - မာလုကျ ... လောကမြဲနေသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ … လောက သည် အဆုံးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ … မွေးဆင်းရဲ၊ အိုဆင်းရဲ၊ သေဆင်းရဲ ဟူသော စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်း တို့သည် ရှိနေသည်သာ ဖြစ်၏… ငါကား မျက်မှောက်ဘ၀၌ ထိုဆင်းရဲတရား တို့ကို ပယ်ဖျောက်ရန်ဟောကြား၏… ထို့ကြောင့် ငါဟောသည်ကို ဟောသည်ဟု မှတ်ပါ.. မဟောသည်ကို မဟော ဟု မှတ်ပါ …

မာလုကျ … ထိုလောကမြဲ၊ မမြဲ လောက အစအဆုံး ရှိ၊ မရှိစသော အကြောင်းတို့ကို ငါမဟောကြားပေ… အဘယ်ကြောင့် မဟော သနည်း ဆိုသော် ထိုအကြောင်းများသည် အကျိုးစီးပွားနှင့် မစပ်၊ အကျင့်မြတ်၏ အစဦးလည်း မဟုတ်၊ ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ ဆင်းရဲချူပ်ငြိမ်းခြင်း၊ အသိဥာဏ်ထူးဖြစ်ပေါ်ခြင်း၊ ကိလေသာငြိမ်းခြင်းတို့အတွက်လည်း အထောက်အကူ မပြုသောကြောင့်ဖြစ်၏ …

မာလုကျ - ဤကားဆင်းရဲတည်း … ဤကားဆင်းရဲဖြစ်ကြောင်းတည်း … ဤကား ဆင်းရဲချူပ်ရာတည်း … ဤကား ဆင်းရဲချူပ်ရာအကျင့်တည်း ဟု ငါဟောကြား၏ … အဘယ်ကြောင့် ဟောသနည်း ဆိုသော ထိုအကြောင်းများသည် အကျိုးစီးပွား နှင့် စပ်၏ … အကျင့်မြတ်၏အစဦးလည်း ဖြစ်သည့်အပြင် ၀ဋ်ဆင်းရဲ၌ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ ဆင်းရဲချူပ်ငြိမ်းခြင်း၊ အသိဥာဏ်ထူးဖြစ်ပေါ်ခြင်း၊ ကိလေသာငြိမ်းခြင်း တို့အတွက် အထောက်အကူဖြစ်သောကြောင့် ဖြစ်၏။

ထိုသို့ ဘုရားရှင်ဖြေကြားသည်ကို အရှင်မာလုကျပုတ္တ သည် နှစ်သက်ကျေနပ်၍ လူမထွက်တော့ဘဲ ဘုရားရှင်အား ၀န်ချတောင်းပန်ကာ အကျင့်မြတ်ကို ဆုံးခန်းတိုင်အောင် ကျင့်ခဲ့၏ ..

(မဇ္ဈိမနိကာယ်၊ စူဋ္ဌမာလုကျသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( မဆုံးနိုင်သော အဖြေ)

၎။ လောကမြဲ၊ မမြဲစသော အကြောင်းများသည် အကျိုးစီးပွားအတွက် အထောက်အကူ မပြုယုံသာမက ထိုအကြောင်းများကို ဖြေလျှင်လည်း မကုန်ဆုံးနိုင်ကြောင်းကို …

" သာရိပုတ္တရာ … လွန်ကဲသော သတိပညာ နှင့် ပြည့်စုံသော အသက်တစ်ရာရှည်မည့် သာဝကလေးပါးတို့သည် ငါ့အား ပြဿနာများကို မေးကုန်ရာ၏ … ငါသည်လည်း စားခြင်း၊ သောက်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း၊ အပန်းဖြေအိပ်စက်ခြင်းမှတစ်ပါး အခြား တစ်စုံတစ်ရာကိုမျှ မပြုလုပ်ဘဲ ထိုသာဝကလေးပါးတို့ မေးသမျှ ပြဿနာတို့ကို သာလျှင် ဖြေကြားနေရာ၏ … ယင်းသို့ ဖြေကြားနေခဲ့သော တောင်မှ ထိုသာဝကလေးပါးတို့သည် အသက်တစ်ရာပြည့်၍ ကွယ်လွန်ကုန်ရာ၏ … ငါ၏ အဖြေကား မကုန်ဆုံးသေးသည်သာ ဖြစ်၏ …ဟု " ဟောတော်မူခဲ့၏…

(မဇ္ဈိမနိကာယ်၊ မဟာသီဟနာဒသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(ဘုရားရှင်၏ အား ၁၀ ပါး)

၅။ လောကမြဲ၊ မမြဲစသော အကြောင်းများကို မြတ်စွာဘုရားရှင် မသိသည်မဟုတ် သိမြင်တော်မူပြီး ဖြစ်၍ အကျိုးစီးပွား နှင့် မစပ်ဆိုင်သောကြောင့်သာလျှင် ဝေနေယျသတ္တ၀ါတို့အား မဟောကြားခြင်း ဖြစ်ပေသည် …

သာရိပုတ္တရာ … ငါဘုရားရှင်သည် အား ၁၀ ပါး နှင့် ပြည့်စုံ၍ မြင့်မြတ်အရာကို ၀န်ခံ၏ …ထို အား ၁၀ ပါးကား …

၁ - လောကဖြစ်စဉ်တို့၏ အကြောင်း ဟုတ်၊ မဟုတ်ကို အမှန်အတိုင်း သိခြင်း။

၂ - များစွာသော ဓာတ်သဘော၊ အမျိုးမျိုးသော ဓာတ်သဘောရှိသည့် လောကကို အမှန်အတိုင်း သိခြင်း။

၃ - အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အလုံးစုံသော ကံ အကျိုးတရားကို အမှန်အတိုင်း သိခြင်း။

၎ - ဘုံဘ၀ အားလုံးသို့ လားရောက်ကြောင်း အကျင့်တို့ကို အမှန်အတိုင်း သိခြင်း။

၅ - သတ္တ၀ါတို့၏ အလိုအဇ္ဈာသယအမျိုးမျိုးကို အမှန်အတိုင်း သိခြင်း။

၆ - သတ္တ၀ါတို့၏ ဣဒြေအနုအရင့်ကို အမှန်အတိုင်း ခွဲခြားသိမြင်ခြင်း။

၇ - ဈာန်၊ ၀ိမောက္ခ၊ သမာဓိ၊ သမာပတ် တို့၏ ညစ်ညူးကြောင်း၊ ဖြူစင်ကြောင်း၊ ထမြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်ခြင်း။

၈ - ဖြစ်ခဲ့ဘူးသော ဘ၀များစွာကို ပြန်ပြောင်းအောက်မေ့နိုင်ခြင်း။

၉ - သတ္တ၀ါတို့၏ သေခြင်း၊ ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်ခြင်း။

၁၀ - အာသဝေါကင်းသော စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိ ကို မျက်မှောက်ပြုနိုင်ခြင်း တို့ဖြစ်၏ …

မြတ်စွာဘုရားရှင်၏ အား ဆယ်ပါး ၌ အမှတ်စဉ် ၁ နှင့် ၂ သည် လောကဖြစ်ကြောင်း နှင့် ဖြစ်စဉ်အပေါ်တွင် သိမြင်တော်မူသော ဥာဏ်တော် ဖြစ်လေ၏ ….

(မဇ္ဈိမနိကာယ်၊ မဟာသီဟနာဒသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(လောကသင်္ခါရ အကြောင်း ဟောကြားခြင်း)

၆။ မြတ်စွာဘုရားရှင်အား လောကအကြောင်း မေးမြန်းလျှောက်ထားသူတို့သည် ကျော်ဇောရန်၊ ဂုဏ်သိက္ခာတက်ရန်၊ အခြံအရံများရန်၊ ဂိုဏ်းဆရာ ဖြစ်ရန်၊ ဘုရားဟု အသိအမှတ်ပြုခံရရန်၊ လာဘ်လာဘပေါများရန်၊ ငြင်းခုံရန်အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိ နှင့်ယှဉ်၍ မေးလျှောက်ကြသဖြင့် ဖြေဆိုတော်မူခြင်း မပြုပေ …

မျက်မှောက်ဆင်းရဲပယ်ဖျောက်ရန် အတွက် ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ သစ္စာဥာဏ်ရင့်ကျက်၍ အထူးသိခြင်း၊ ကိလေသာငြိမ်းခြင်း တို့အတွက်မူကား လျှောက်ပတ်သောအခါကာလ တို့၌ လောကအကြောင်းများကို ဟောကြားတော်မူခဲ့ပါသည် …

ရဟန်းတို့ သင်္ခါရတို့သည် မမြဲကုန်၊ မခိုင်ခံ့ကုန်၊ သာယာအပ်သော သဘောမရှိ … ရဟန်းတို့ ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြိးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်းငှာသာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏ …

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော နှစ်ပေါင်းရာထောင်များစွာ ကာလပတ်လုံး၊ နှစ်ပေါင်းသိန်းပေါင်းများစွာ ကာလပတ်လုံး မိုးမရွာသော အခါသည်ရှိ၏ … မိုးမရွာသည် ရှိသော် ဗီဇဂါမ်၊ ဘူတဂါမ် ဟုဆိုအပ်သော ဆေးပင်၊ မြက်ပင်၊ တောစိုးအပင်တို့သည် ခြောက်သွေ့ပျက်စီး ကုန်၏ … ရဟန်းတို့ သင်္ခါရတို့သည် ဤသို့လျှင် မမြဲသော သဘောရှိကုန်၏ … မသာယာသော သဘောရှိကုန်၏ … ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြီးငွေ့ခြင်းငှာ သင့်၏ … တပ်မက်မူကင်းခြင်းငှာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏ …
(စကားချပ် - ဖောက်ပြန်ပြောင်းလဲနေသော အစဉ်သည် သင်္ခါရ မည်၏။)

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော ဒုတိယမြောက် နေမင်း ဖြစ်ပေါ်လာသော အခါသည် ရှိ၏ … ဒုတိယ နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် မြစ်ငယ်၊ အိုင်ငယ် ဟူသမျှတို့သည် ခန်းခြောက်ကုန်၏ ... ရဟန်းတို့ သင်္ခါရတို့သည် မမြဲကုန်၊ မခိုင်ခံ့ကုန်၊ သာယာအပ်သော သဘောမရှိ … ရဟန်းတို့ ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြိးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်းငှာသာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏..

ရဟန်းတို့ တခါတရံ တတိယမြောက် နေမင်း သည် ဖြစ်ပေါ်လာသောသည် အခါသည် ရှိတတ်၏ … တတိယမြောက်နေ ဖြစ်ပေါ်လာခြင်းကြောင့် ဂင်္ဂါ၊ ယမုံနာ၊ အစီရ၀တီ၊ သရဖူ၊ မဟီဟူသော မြစ်ကြီး ၅ စင်းတို့သည် ခန်းခြောက်ကုန်၏ …

ရဟန်းတို့ တခါတရံ စတုတ္တမြောက် နေမင်း သည် ဖြစ်ပေါ်လာသောအခါသည် ရှိတတ်၏ … စတုတ္တမြောက် နေမင်း ဖြစ်ပေါ်လာသောကြာင့် မြစ်ကြီး ၅ စင်းတို့ မြစ်ဖျားခံရာ ဖြစ်သည့် အနောတတ်အိုင်၊ သီဟပပါတအိုင်၊ ရထကာရအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ကုဏာလအိုင်၊ ဆဒ္ဒန္တအိုင်၊ မန္ဒာကိနီ အိုင်ဟူသော အိုင်ကြီး ၇ အိုင်သည် ခန်းခြောက်ကုန်၏ …

ရဟန်းတို့ တခါတရံ ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာသော အခါသည် ရှိ၏ … ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် မဟာသမုဒ္ဒရာ၌ ယူဇနတစ်ရာမျှ ရေတို့သည် ယုတ်လျော့ကုန်၏ … ထို့နောက် ယူဇနာ ၇၀၀ မျှသော ရေတို့သည် ယုတ်လျှော့ကုန်၏ … ထန်းပင် ၇ ပြန်မျှသော ရေအနက် သည်သာလျှင် တည်လေ၏..ထို့နောက်တွင် ထန်းတစ်ပင်၊ လက်ခုပ်ခုနှစ်ဖေါင်၊ လပ်ခုပ်တစ်ဖေါင်၊ လက်ခုပ်ဖေါင်ဝက်မျှ ရေသာတည်လေတော့၏ … နောက်ဆုံးတွင် မဟာသမုဒ္ဒရာ ရေပြင်ကြီးသည် ခါးလောက်၊ ဒူးလောက်၊ ခြေကျင်းဝတ်မျှသော ရေသာရှိတော့ လေ၏ ...
ဥပမာ - တန်ဆောင်မုန်းလ သရဒရာသီ၌ မိုးလုံးကြီးသော မိုးရွာသည်ရှိသော် ထို အရပ်တို့၌ နွားခြေရာခွက်တို့တွင် ရေများတည်သကဲ့သို့ ထို့အတူ မဟာသမုဒ္ဒရာ၌ ခြေကျင်းဝတ်မျှသော ရေသာတည်၏ … ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာသောကြောင့် မဟာသမုဒ္ဒရာ၌ လက်တစ်ဆစ်မျှသော ရေသည်ပင် မရှိတော့ပေ..

ရဟန်းတို့ တခါတရံ ဆဋ္ဌမမြောက် နေမင်း ဖြစ်ပေါ်လာသော အခါတည်ရှိ၏ .. ဆဋ္ဌမမြောက် နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် ဤ မဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်မင်း တို့သည် အခိုးထွက်ကုန်၏ .. ဥပမာ - အိုးဖုတ်သည့် အိုးဖိုသည် မီးတိုက်သော် ရှေးဦးစွာ အခိုးထွက်သကဲ့သို့ ဖြစ်၏ …

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော သတ္တမမြောက် နေမင်းသည် ဖြစ်ပေါ်လာသောအခါသည် ရှိ၏..သတ္တမမြောက် နေဖြစ်ပေါ်လာခြင်းကြောင့် ဤ မဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်မင်းသည် အလျှံတပြောင်ပြောင် တောက်လောင်ကုန်၏ … မီးတောက်မီးလျှံ တို့သည် လေဖြင့်လွင့်ပါလျက် ဗြဟ္မာ့ပြည်အထိပင် တက်သွား၏ … ဤမဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်တို့သည် မီးလောင်သည် ရှိသော် ပြာလည်းမထင်၊ မီးသွေးလည်း မတွေ့ရပေ .. ဥပမာ - ထောပတ်ကို ဖြစ်စေ … ဆီကို ဖြစ်စေ .. မီးလောင်သည် ရှိသော် ပြာလည်းမထင်၊ မီးသွေးလည်း မတွေ့ရသကဲ့သို့ ဖြစ်၏ ...

ရဟန်းတို့ သင်္ခါရတို့သည် ဤသို့လျှင် မမြဲသော သဘောရှိကုန်၏ … မသာယာအပ်သော သဘောရှိကုန်၏ … ခပ်သိမ်းသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းသည် သင့်၏ … တပ်မက်ကင်းခြင်းသည် သင့်၏ .. လွတ်မြောက်ခြင်းသည် သင့်၏ ...

ရဟန်းတို့ ရှေးအခါက အယူဝါဒကို တီထွင်တတ်သော ကာမဂုဏ်တပ်မက်မူကင်းသော (သုနေတ္တ) မည်သော ဆရာသည် ပေါ်ခဲ့၏ … သုနေတ္တတွင် ရာပေါင်းများစွာသော တပည့်တို့သည် ရှိ၏ … သုနေတ္တသည် တပည့်တို့အား မြဟ္မာ့ပြည်၌ ဖြစ်ရန် တရားကိုဟော၏ … သုနေတ္တဟောကြားသည့် တရား အဆုံးအမကို အကုန်အစင်သိသော တပည့်တို့သည် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ ရောက်ကုန်၏ … အကုန်အစင် မသိသော တပည့်တို့ကား အချို့ ပရနိမ္မိတ၀သ၀တီနတ်ပြည်၊ အချို့ နိမ္မာနရတိ၊ အချို့ တုသိတာ၊ အချို့ ယာမာ၊ အချို့ တာဝတိံသာ၊ အချို့ စတုမဟာရာဇ်နတ်ပြည် သို့ ရောက်ကုန်၏ .. အချို့ လူ့ပြည်သို့ ရောက်ကုန်၏ ..

ရဟန်းတို့ ထိုအခါ သုနေတ္တသည် ဤသို့ အကြံဖြစ်ပေါ်၏ … ငါသည် တပည့်တို့နှင့် အတူ လားရာရှိသူဖြစ်ခြင်းငှာ မသင့်၊ တိုးတက်၍ မေတ္တာကို ပွားများခြင်းငှာ သင့်၏ဟု အကြံဖြစ်လေသည် … ထို့နောက် သုနေတ္တသည် ခုနှစ်နှစ် ပတ်လုံး မေတ္တာကို ပွားများလေ၏ .. ထိုသို့ပွားများခြင်းကြောင့် ဗြဟ္မာ့ပြည်သို့ ရောက်သွားပြီး သံဝဋကပ် (မီးတောက်မီးလျှံတို့ဖြင့် ကမ္ဘာပျက်သော ကာလ)၊ ၀ိဝဋကပ် (ကမ္ဘာပြည်တည်သောကာလ)၊ ထိုသို့ ကပ် ပေါင်း (၇) ကပ် ပတ်လုံး ဤ ကာမဘုံ သို့ ပြန်မလာခဲ့ပေ … သူသည် ကမ္ဘာပျက်သောအခါ " အာဘာဿရဘုံ " သို့ရောက်နေ၏ .. ကမ္ဘာလောကတည်သော အခါ ကာမဘုံ သို့ ပြန်လာ၏ …

ရဟန်းတို့ ဤသို့လျှင် အလွန်အသက်ရှည်သည့် သုနေတ္တဆရာသည်လည်း မွေးဆင်းရဲ (ဇာတိ)၊ အိုဆင်းရဲ (ဇရာ)၊ စသော ၀ဋ်ဒုက္ခမှ မလွတ်ခဲ့ .. အဘယ်ကြောင့် မလွတ်သနည်းဆိုသော် အရိယာတို့၏ သီလ (သီလမဂ္ဂင်)၊ အရိယာတို့၏ သမာဓိ (သမာဓိမဂ္ဂင်)၊ အရိယာတို့၏ ပညာ ( ပညာမဂ္ဂင်)၊ ၀ိမုတ္တိ (နိရောဓ) ဟူသော တရားလေးပါး ကို ထိုးထွင်းမသိသောကြောင့် ဖြစ်၏ .. ရဟန်းတို့ ငါသည်ကား ထိုတရား လေးပါးကို ထိုးထွင်းသိခဲ့ပေပြီ .. ထို့ကြောင့် ငါ့မှာဇာတိ ဆင်းရဲကုန်ပြီ၊ ဘ၀တဏှာပြတ်ပြီ၊ ဘ၀အသစ်ဖြစ်ဖို့ မရှိတော့ပေဟု ဟောကြားတော်မူပေသတည်း …။
(အဂုင်္တ္တရနိကာယ်၊ သတ္တကနိပါတ်၊ သတ္တသူရိယသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၇။ " တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော နှစ်ပေါင်းရာထောင်များစွာ ကာလပတ်လုံး နှစ်ပေါင်းသိန်းပေါင်းများစွာ ကာလပတ်လုံး မိုးမရွာသောအခါသည် ရှိ၏ .. " ဟု မြတ်စွာဘုရားရှင် ဟောတော်မူသည်ကား မဟာဘုတ်ဓာတ်လေးပါးဖြစ်သော ပထ၀ီ (မာခြင်း၊ပျော့ခြင်း) ၊ အာပေါ ( ယိုစီးခြင်း၊ ဖွဲ့စည်းခြင်း) ၊ တေဇော (ပူခြင်း၊ အေးခြင်း) ၊ ၀ါယော (ထောက်ကန်ခြင်း) တို့တွင် တေဇောဓာတ်လွန်ကဲ၍ အခြားဓာတ်တို့ ယုတ်လျော့ဖောက်ပြန်လာခြင်းပင် ဖြစ်၏ …

ထိုသို့ ဖောက်ပြန်သော ဓမ္မနိယာမကြောင့် ဖောက်ပြန်သော ဥတုနိယာမ ဖြစ်လာ၏ … ထိုဓာတ်ကြီး လေးပါးမှာ ပြောင်းလဲဖောက်ပြန်ခြင်းရှိသော်လည်း ချူပ်ပျောက်ပျက်စီး ကောင်းသော တ၇ား မဟုတ်ပေ …

ဒီဃနိကာယ်၊ ကေ၀ဋသုတ်၌ ရဟန်း မဟာဘုတ်ဓာတ်လေးပါးသည် အဘယ်အရပ်၌ အကြွင်းမဲ့ချူပ်သနည်း ဟု မမေးအပ်၊ အဘယ်အရပ်၌ ဓာတ်လေးပါး မတည်သနည်း ဟုသာ မေးအပ်၏ ..ဟု ဟောတော်မူခြင်းကြောင့် ထို မဟာဘုတ်ဓာတ်လေးပါးသည် ချူပ်ပျောက်ကောင်းသော တရား မဟုတ်ပေ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၈။ နိယာမတရားဟူသည်ကား တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရား တို့၏ ပြုလုပ်မူ၊ ဖန်ဆင်းမူတို့နှင့် မစပ်မဆိုင်ဘဲ ဓာတ်သဘာဝအလျောက် အစဉ်မပျက် တဆက်တည်း ဖြစ်ပွားနေ မူပင်ဖြစ်၏ …

- ပထ၀ီဓာတ်၌ မာသောအရာ တို့ ပျော့သွားခြင်း၊ ပျော့သောအရာတို့ မာသွားခြင်းသည်လည်းကောင်း …

- အာပေါဓာတ်၌ ယိုစီးသောအရာတို့ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းသော အရာတို့ ယိုစီးခြင်းသည် လည်းကောင်း …

- တေဇောဓာတ်၌ ပူသောအရာတို့ အေးခြင်း၊ အေးသော အရာတို့ ပူခြင်းသည်လည်းကောင်း …

- ၀ါယောဓာတ်၌ ကျစ်လစ်သောအရာတို့ ပွယောင်းခြင်း၊ ပွယောင်းသော အရာတို့ ကျစ်လစ်ခြင်းသည် လည်းကောင်း တို့သည်

အစဉ်မပျက် တဆက်တည်းဖြစ်ပွားနေခြင်းသာဖြစ်ပြီး တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ထာဝရ ဘုရားတို့ ပြုလုပ်ဖန်ဆင်းခြင်း မဟုတ်ဘဲ ဓာတ်သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းသည် ဓမ္မနိယာမ ၏ သဘောတရားပင် ဖြစ်လေသည် … ထို ဓမ္မနိယာမ ကြောင့် နေ၊ လ၊ နက္ခတာရာ၊ ဂြိုလ်၊ ဥက္ကာ၊ တွင်းနက်၊ ကြယ်တံခွန်၊ နဂါးငွေ့ စသော အရာတို့သည် အစအဆုံး မရှိသော စကြာဝဋ္ဌာ၌ ဖြစ်ပေါ်နေကြ၍ အမြဲမပြတ်ပြောင်းလဲနေကြ၏ .. ထိုပြောင်းလဲမူတွေ အလွန် အဓွန့်ရှည်ကြာလွန်းသောကြောင့် မပြောင်းလဲ အမြဲတည်တံ့နေသည်ဟု ထင်မှတ်မှားနေခြင်း ဖြစ်လေသည် …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၉။ ယခင်က ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မူများသည် လူတို့၏ ပယောဂကြောင့် ဂေဟစနစ်ပျက်ပြားမူဖြစ်သည် ဟုထင်မှတ်ကြသော်လည်းနောက်ပိုင်းတွင် လူတို့၏ ပယောဂ ကြောင့်သာမဟုတ်ဘဲ ကမ္ဘာကြီး၏ ဟန်ချက်ပျက်ပြားမူ ပြောင်းလဲမူဖြစ်စဉ် ကြောင့် ဟု သိလာကြသည် … ထို့ကြောင့်နောက်ပိုင်းတွင် ဟန်ချက်ပျက်ပြားမူ ကြောင့် အေးသောနေရာများတွင် အပူချိန်မြင့်တက်လာပြီး ..အပူပိုင်းဒေသများတွင် အလွန်အမင်း မိုးရွာသွန်းမူများ ဖြစ်ပေါ်လာလေသည် .. ကမ္ဘာအချို့နေရာများတွင်မူ ၃၊ ၄ နှစ် ကြာအောင် မိုးခေါင်ရေရှားမူများ ဖြစ်ပေါ်က ကမ္ဘာ့ အပူချိန်သည် နောက်ပိုင်းနှစ်များတွင် သိသိသာသာ ကို မြင့်တက် လာနေပေသည် …

နောင်အခါ နှစ်ရာစုနှစ်များတွင်မူ မိုးလုံးဝမရွာတော့တဲ့ အခါကာလထိကို ရောက်ရှိလာပေလိမ့်မည် … ထိုအခါ သက်ရှိ သတ္တ၀ါအားလုံး ပျက်သုဉ်းပြီး ဗီဇဂါမ်၊ ဘူတဂါမ် ဟု ခေါ်အပ်သော ကမ္ဘာပျိုးပင်၊ တောစိုးပင်ကြီး များတို့လည်း ပျက်သုဉ်းကြလေတော့မည် ဖြစ်၏ ...

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁၀။ အဓွန့်ရှည်ကြာသော ကာလလွန်လတ်သော် မဟာဘုတ် ဓာတ်လေးပါး ပြောင်းလဲမူ ဓမ္မနိယာမဖြစ်စဉ်သည် အဆက်မပြတ်ဖြစ်လျက်ရှိရာ စကြာဝဋ္ဌာ၌ နေနှင့်နီးသော ဂြိုလ်တို့လောင်မြိုက်ခံရပြီး ကောင်းကင်၌ နေ ၂ စင်းပေါ်ပေါက်လာပေမည် ..

ဥပမာ ..ကြီးမားသော မီးပုံ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ … ဒုတိယနေပေါ်ပေါက်လာသောကြောင့် ကမ္ဘာပေါ်ရှိ မြစ်ငယ်၊ အိုင်ငယ်တို့ ခန်းခြောက်ကုန်၏ …

အဓွန့်ရှည် ကာလတစ်ခု လွန်လတ်သော တတိယ နေမင်း ဖြစ်လာပြန်၏ … ဥပမာ - မီးပုံ ၂ ပုံ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံ တစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ဖြစ်၏...တတိယ နေမင်း ပေါ်ပေါက်လာသဖြင့် ကမ္ဘာ့အရှည်ဆုံး၊ အကြီးဆုံး မြစ်တို့သည် ခန်းခြောက်ကုန်၏ …

နောက်ထပ် အဓွန့်ရှည်သော ကာလတစ်ခု လွန်လတ်သော် စတုတ္တ နေမင်း ပေါ်ပေါက်လာ၏ … ဥပမာ - မီးပုံ ၃ ပုံ ၏ မီးပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ …

စတုတ္ထနေမင်း ပေါ်ပေါက်လာခြင်းကြောင့် မြစ်ကြီး တို့ မြစ်ဖျားခံရာ အင်းအိုင်ကြီး တို့မှ ရေ တို့ ခန်းခြောက်ကုန်၏ … အဓွန့်ကာလရှည်လျားသော အချိန်တစ်ခုတွင် ပဉ္စမနေမင်း ထပ်မံ ပေါ်ပေါက်လာလေ၏ … မီးပုံ ၄ ပုံ ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ အလွယ်တကူ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ …

ပဉ္စမနေမင်း ပေါ်ပေါက်လာခြင်း ကြောင့် မဟာသမုဒ္ဒရာ ရေတို့သည် ခန်းခြောက်၍ ခြေကင်းဝတ်မျှသာ ရှိတော့မည် ဖြစ်လေသည် … အချိန်တစ်ခု ကြာပြီး သည့်အချိန်တွင် နောက်ထပ် ဆဋ္ဌမ မြောက် နေမင်း ဖြစ်ပေါ်လာပြန်၏ ...ဥပမာ မီးပုံ ၅ ပုံ ၏ အရှိန်သည် နောက်ထပ် မီးပုံတစ်ပုံကို အလွယ်တကူ လျှင်မြန်စွာ လောင်မြိုက်သကဲ့သို့ ဖြစ်၏ … ဆဋ္ဌမ မြောက် နေမင်း ပေါ်ပေါက်လာသောကြောင့် မဟာပထ၀ီမြေကြီး နှင့် ကမ္ဘာ့အမြင့်ဆုံးတောင်တို့သည် အခိုးတငူငူ ထွက်ကုန်၏ ..

ကမ္ဘာကို အာကာသ မှ ကြည့်မည်ဆိုလျှင် မီးတိုက်ခံရသော ထင်းစိုတုံးကဲ့သို့ အငွေ့တထောင်းထောင်း ထွက်နေပေလိမ့်မည် … နောင်အချိန်ကာလတစ်ခု လွန်သော သတ္တမမြောက် နေမင်း ပေါ်ပေါက်လာ၏ … မီးပုံ ၆ ပုံ ၏ အပူရှိန်ကြောင့် နောက်ထပ်မီးပုံတစ်ပုံ လျှင်မြန်စွာ တောက်လောင်သကဲ့သို့ ဖြစ်၏ … သတ္တမမြောက် နေမင်း ပေါ်ပေါက်လာသောကြောင့် မဟာပထ၀ီမြေကြီးသည် အလျှံတပြောင်ပြောင်တောက်လောင်ခံရ၍ မဟာ ပထ၀ီ မြေကြီးသည် မိမိကိုယ်တိုင်နေအဖြစ်သို့ ရောက်ရလေသည်…

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁၁။ ဤသို့အားဖြင့် မဟာပထ၀ီမြေကြီး အလျှံတပြောင်ပြောင်မီးတောက်လောင်၍ ကမ္ဘာပျက်နေခြင်းသည် လည်း တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရား တို့က ဖန်ဆင်းခြင်း မဟုတ်ဘဲ မဟာဘုတ်ဓာတ်ကြီးလေးပါး၏ ဓာတ်သဘာဝအလျောက် အစဉ်မပြတ်ဖြစ်ပေါ်နေသော ဓမ္မနိယာမတရား ကြောင့်ပင်ဖြစ်၏ … ထို ကမ္ဘာပျက်သော အဓွန့်ကာလကား ( သံဝဋ) ကပ် မည်လေ၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဝိ၀ဋကပ် ( ကမ္ဘာတည်ကာလ) နှင့် ဥတုနိယာမ

၁၂။ ဓမ္မနိယာမပြောင်းလဲမူဖြစ်စဉ်အရ အလွန်အဓွန့်ရှည်သောကာလတစ်ခု လွန်လတ်သော ကမ္ဘာပျက်မီးတို့ လောင်စာကုန်ခမ်း၍ လောင်ကျွမ်းပြီးချိန် ရောက်လေ၏ …

ထိုအခါဝယ် ကြွင်းသော သီတတေဇောဥတု (အအေးဘက်သို့ လားရာရှိသော တေဇောဓာတ်) ၏ အစွမ်းဖြင့် မာကျောခက်ထန်သော ကျောက်ဆိုင် ကျောက်ခဲ အဖြစ်သို့ ရောက်လေ၏ … နောင်ကာလ၌ သီတတေဇောဥတု၏ အလွန်ပြင်းထန်သော အစွမ်းအားဖြင့် နှင်းခဲအပြင်တို့ ဖြစ်ပေါ်၍ နေလမရှိ၊ နေ့မရှိ၊ မှောင်အတိကျသော ကမ္ဘာသည် အဓွန့်ရှည်ကြာစွာ ဖြစ်ပေါ်ပေ၏ …

တဖန် ဓမ္မနိယာမ၏ ပြောင်းလဲမူဖြစ်စဉ်အရ အဓွန့်ရှည်ကာလလွန်လတ်သော နေ တစ်လုံး စတင် ဖြစ်ပေါ်လာ၍ အလင်းရောင် စတင် ကျရောက်လေသည် … ဥပမာ - အရုဏ်လင်းအားကြီးအချိန် အလင်းရောင် ပျို့ပျို့ ကို မြင်ရသကဲ့သို့ ဖြစ်၏ … ထိုအခါ ကြွင်းကျန်သော ဥဏှတေဇောဥတု (အပူဘက်လားရာရှိသော တေဇောဓာတ်) ၏ အစွမ်းဖြင့် အခဲအပြင်တို့ အရည်ပျော်စေပြီး အလွန်ပြင်းထန်သော ဥဏှတေဇောဥတု၏ အစွမ်းအားဖြင့် ကမ္ဘာတစ်ခု လုံး ရေပြင်ဖြစ်ခြင်း၊ တိမ်ခိုး တိမ်တိုက်အဖြစ် အငွေ့ပြန်ခြင်းဖြင့် ရေတို့ ယုတ်လျော့ခြင်း၊ ကုန်းမြေပေါ်ခြင်း၊ ရေစီးကြောင်း များ ဖြစ်ပေါ်ခြင်း ဖြင့် မဟာဘုတ်ဓာတ်ကြီးလေးပါး ညီမျှသော ကာလသို့ ရောက်လေ၏ … နေ့ ည တို့သည် လည်း ပြန်လည် ဖြစ်ပေါ်လာ၏ … ထိုကာလသည် ကမ္ဘာတည်သော ကာလ ၀ိဝဋ ကပ် မည်လေ၏ …

ဓမ္မနိယာမကြောင့် ပေါ်ပေါက်သော ကမ္ဘာမီး ဓာတ်ကြီး ဖြင့် တိမ်ခိုး၊ တိမ်ငွေ့ ဖြစ်ပေါ်ခြင်း သည် ၀ဿန္တဥတု (မိုးဥတု) ဖြစ်စေရန် အကြောင်းတည်း …

ကြွင်းကျန်တိမ်ခိုး တိမ်ငွေ့နှင့် အေးစက်ခြင်း သည် ဟေမန္တ (ဆောင်းဥတု) ဖြစ်ရန် အကြောင်းတည်း…

ရေငွေ့ကင်းစင် အပူပိုလွန်လာခြင်းသည် ဂိမှန္တ (နွေဥတု) ဖြစ်ရန် အကြောင်း တည်း ...

ထိုသို့ နွေ၊ မိုး၊ ဆောင်း သူ့အကြောင်း နှင့် သူဖြစ်စဉ် ပေါ်ပေါက်နေခြင်းသည် တစ်စုံတစ်ယောက်သော လူ၊ နတ်၊ ဗြဟ္မာ၊ ထာဝရဘုရား တို့၏ ဖန်ဆင်းခြင်း မဟုတ်၊ ကမ္ဘာမီးဓာတ်ကြီး ၏ ဥတုနိယာမ ကြောင့် ပင်ဖြစ်လေ၏