Saturday, February 11, 2017

ဆင်ခြင်အပ်ရာ


တရားအားထုတ်နေစဉ်မှာ“ငါတရားအားထုတ်နေတာပဲ ကိစ္စမရှိဘူး” ဆိုပြီးတော့ လူစွမ်းကောင်းကြီးမလုပ်ပါနဲ့။ မသွားသင့်တဲ့နေရာတွေကို အရဲစွန့်ပြီးမသွားပါနဲ့။ ဘေးအန္တရာယ်ဖြစ်စေတတ်တာတွေ ကိုရှောင်ရပါမယ်။

ခွေးကိုက်တတ်တဲ့နေရာတွေ မသွားပါနဲ့၊ ယာဉ်ရထား တွေကြမ်းတဲ့နေရာတွေကို ရှောင်ရမယ်။ မရှောင်ရင် ဒုက္ခပေးသွားမှာစိုးရိမ်ရတယ်။ ကျင်းတွေ ချိုင့်တွေ ချောက်ကမ်းပါးတွေ ဆူးငြောင့်ခလုတ်တွေနားမသွားပါနဲ့။ မတော်တဆထိခိုက်မိလို့ နာကျင်နေတော့ တရားအားထုတ်မှု ပျက်သွားနိုင်ပါတယ်။

ဒါဟာ ဘုန်းကြီးချဲ့ပြောနေတာမဟုတ်ပါဘူး။ ဘုရားဟောပါဠိတော်တွေမှာ တိုက်ရိုက်ပြဆိုထားတာတွေပါ။ မြတ်စွာဘုရားဆုံးမနေတာဟာ သားငယ် သမီးငယ်ကလေးတွေကို မိခင်က ယုယုယယနဲ့သွန်သင်ဆုံးမနေသလိုပဲ အလွန်ကြည်ညိုစရာကောင်းပါတယ်။

နောက်ပြီး မနီးစပ်သင့်တာတွေလည်း ရှိသေးတယ်။ တရားအားထုတ်နေခိုက်မှာ ယောက်ျားနဲ့မိန်းမတွေမနီးစပ်ဖို့ပါပဲ။ အထူးအားဖြင့်တော့ ရဟန်းတော်များဟာ ဒကာမတွေနဲ့မနီးစပ်ဖို့ပါပဲ။ အဲဒါကလည်း ရောနှောနီးစပ်နေရင် မဟုတ်ဘဲနဲ့လည်း အကဲ့ရဲ့အစွပ်စွဲခံရတတ်ပါတယ်။အဲဒါကြောင့် ၀ိသဘာဂ အာရုံတွေနဲ့လည်း မနီးစပ်အောင်ရှောင်ရပါတယ်။ ဒါကြောင့်မို့ မသွားသင့်တဲ့နေရာတွေမသွားပါနဲ့။ ရှောင့်သင့်တာတွေရှောင်ကြပါ။

(မဟာစည်ဆရာတော်ဘုရားကြီး )

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment