Saturday, February 11, 2017

လောဘနောက်လိုက်က ပျက်ဆီးခြင်း



ခုနောက်ပိုင်းမှာ လောဘတွေကသိပ်ပြီးကြီးလာ ကြပြီ။ လောဘအလိုမကျလို့ ဒေါသတွေကသိပ် ကြီးလာကြပြီ။ တစ်ယောက်နဲ့တစ်ယောက်မနာ လိုတာက ဆွေမျိုးချင်းကစပြီး မနာလို၊ ဘုန်းကြီး က ဖြစ်ပြီဖြစ်ပြီ ဖြစ်တာ့မှပဲ ထိန်းရမှာပဲ၊ အလိမ္မာ တစ်ယောက်တစ်လေ၊ ဉာဏ်ရှိတဲ့တစ်ယောက် တစ်လေ တစ်အိမ်တစ်လေ၊ ဒီလိုပဲထိန်းရတော့ မယ်လို့ ဘုန်းကြီးကနားလည်တယ်။

ဘုန်းကြီးက သံဃာတော်တွေကကော လောဘ အလိုအတိုင်း ဘုန်းကြီးအောင်ကြည့်စမ်း၊ ဘုန်း ကြီးတော့ ဘာဖြစ်တယ်၊ ဘုန်းကြီးတာကအရေး ပါကြတယ်လေ၊ အရေးပါကြတော့ လူလိုပဲညစ် ပတ်လိုက်တာ၊ လူမလဲပဲ ပစ္စည်း ပေါပြီ ဆိုရင် အရေးပါကြ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဘာနဲ့ ပေါပေါ ပ စ္စည်းပေါပြီဆိုရင် အရေးပါကြ၊ ဘုန်း ကြီးတွေကလည်း ဘာနဲ့ ဘုန်းကြီး ဘုန်းကြီး၊ ဘုန်းကြီးပြီဆို အရေးပါကြ။

အဲဒါ ဘုန်းကြီးအောင်လုပ်တာပဲ၊ ဘုန်းကြီးအောင် ဘာလုပ်ရလဲ၊ ဒကာ ဒကာမတွေအိမ် ၀င်ရတယ်၊ ထွက်ရတယ်၊ သွားရတယ်၊ လာရတယ်။ အင်း....နေကောင်းကြတယ်နော်၊ တို့.....ဘာလုပ် ပေးရဦးမလဲဟေ့၊ ဘာကူညီရမတုန်း ဟေ့၊ အဲဒါပဲ။ သူ...နောက်တော့ ကျောင်းတွေလဲ ရတယ်။ ဘေး ကဘုန်းကြီးတွေကလည်း ကျောင်းကောင်းကောင်း နေချင်တော့ သွားပြီးတော့ စားကြ သောက်ကြ၊ သာသနာတော်ကြီး ဒီနည်း ဒီနည်းနဲ့ ပျက်စီးလာခဲ့ တာ၊ ပျက်ပစေ၊ ပျက်ပစေ၊ ပျက်ပစေ၊ ဘုန်းကြီး ကတော့ သူများ ပျက်ချင် ပျက်ပစေ၊ ဒီကျောင်းက မဖြစ်စေနဲ့၊ မဖြစ်စေနဲ့။

မနေ့ကတင် စာတစ်စောင် ကိုယ်တော်တစ်ပါးဘာ အောင်လို့ဆိုလား၊ ချီးကျူးပွဲ လုပ်မယ်လို့တဲ့၊သူက ဒီကျောင်းမှာ နေသွားဖူးတယ်။ အဲဒီကိုယ်တော်ကို သူ့ဆိုင်ရာက ချီးကျူးပွဲ လုပ်မယ်လို့တဲ့၊ ဒီက စာချ ဘုန်းကြီးတွေဘာတွေ ခွင့်ပြုပေးကြပါဘုရားတဲ့။ ဘုန်းကြီးက စာချဘုန်းကြီးတွေကို အဲဒီစာအပ်လိုက် တယ်။ သဘောလို့၊ တားလဲ မတားဘူး၊ တိုက်လဲ မတိုက်တွန်းဘူးလို့ ဆိုတော့ စာချ ဘုန်းကြီးတွေက သူတို့လဲ ဒီကျောင်းရဲ့ဝါဒကို သိနေပြီလေ၊ ဒီချီးကျူး ပွဲတွေလုပ်ပြီးတော့ ဂုဏ်လုပ်ပြီးတော့ ဘာသာသနာ မှ မတက်ခဲ့ပါပဲလား။

အဲဒါတွေ ဘယ်သွားသင့်မလဲ ဆိုတာ သူတို့ဘာသာသူတို့ ဆုံးဖြတ်ကြတယ်။ အကယ်၍များ အားတက်သရောနဲ့ နှာခမ်းလေး တပြင်ပြင်နဲ့ သွားဖို့ လုပ်ကြတယ်။ စားမယ်များ လုပ် ကြတယ်ဆိုလို့ရှိရင် ဒီတစ်ချိန်တော့ မပြောသေးဘူး။ နောင်တစ်ချိန်တော့ ပြောမှာပဲသိလား။

အဲဒါကြောင့် သာသနာတော်ကြီးလဲ ပျက်တယ်။ ခုခေတ် သွားနေ ပုံက လောကကြီးကလဲ ပျက်တယ်။ ပျက်ရုံနဲ့ရပ်သွား တယ်ဆိုရင်တော့ ဘုန်းကြီးက အနေသာကြီးပါ။ မဟုတ်ဘူး သာသနာတော်ကြီးဆုတ်လာတယ်၊ လူ တွေ အကုသိုလ်တရားတိုးပွားလာတယ်။

မနေ့ကပဲ ပြောလိုက်ပြီမဟုတ်လား လျှမ်းလျှမ်းတောက်ထိတ် ထိတ်ကြဲဟာ သေတော့ဟိုမှာ တစ္ဆေလိုလို ပြိတ္တာ လိုလိုဖြစ်နေပါပြီတဲ့၊ ဒီတော့ဘုန်းကြီးက ဒီကျောင်း တော့ တစ်ယောက်တည်း နေတန်နေရပါမယ်၊ နေ တန်ဆိုလဲ သူတို့က အရှင်ဘုရားတို့ဟာက ခေတ် မမှီတော့ဘူး၊ တပည့်တော်တို့ သွားပါရစေတော့လို့ သွားကြလို့ရှိရင် တစ်ယောက်တည်း တရားနှလုံး သွင်းနေမယ်။ စာတွေကြည့်နေမယ်၊ ဘယ်လောက် များ ချမ်းသာမလဲ၊ ဘုန်းကြီးကလေ တစ်ယောက် တည်းနေမှာ၊ တစ်ယောက်တည်းနေမှာ။

(အရှင်ဇနကာဘိဝံသ အခြေပြုပဋ္ဌာန်းတရားတော်မှ )

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment