Thursday, December 29, 2016

ဣနြေ္ဒထိန်းခြင်း ၊ ဣနြေ္ဒလုံခြင်းဆိုသည်မှာ


••••••••••••••••••••••••••••••••••••••••••••••••••••••••
မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ခေါ်တဲ့
ဣနြေ္ဒခြောက်ပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။
“ဣနြေ္ဒထိန်းတယ် ဆိုတာ” 。。。
ကြည့်ချင်တာ မကြည့်ရဘူး၊
နားထောင်ချင်တာ မထောင်ရဘူး၊
ဒီလိုပြောတာ မဟုတ်ဘူး။
“ဣနြေ္ဒ ထိန်းတယ်” ဆိုတဲ့အဓိပ္ပါယ်က
မျက်စိက ကြည့်စရာကြည့်ပြီးတော့
“လောဘ ၊ဒေါသ” မဖြစ်စေနဲ့။

●မထိန်းဘူးဆိုရင် မျက်စိက နှစ်သက်စရာ မြင်လာ
ရင် လောဘဖြစ်လိုက်တယ်။
မုန်းတီးစရာ မြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်၊
အသိဉာဏ် ကင်းမဲ့လို့ရှိရင် မောဟဖြစ်တယ်ဆိုတော့
ဟော လောဘဖြစ်လိုက်၊ဒေါသဖြစ်လိုက် ၊မောဟဖြစ်လိုက်၊
●နားကကြားလိုက်ရင် လည်း လောဘဖြစ်လိုက် ၊
ဒေါသဖြစ်လိုက် ၊ မောဟ ဖြစ်လိုက်၊
●နှာခေါင်းက အနံ့ရ (အရပ်ထဲဆို သာဆိုးသေး၊
ဘယ်အိမ်က ငါးပိကြော်တာတုန်း၊
ငရုပ်သီးကြော်တာက စပြီးတော့နော် အနံ့ရလာလို့ရှိရင်)
လောဘ ဒေါသဖြစ်တတ်တယ်လေ။
ကိုယ်ကြိုက်တဲ့ဟာလေးဆို မွှေးလိုက်တာပေါ့။
မကြိုက်တာကျတော့ နံလိုက်တာ။
●ဟော - လျှာနဲ့လည်း လောဘဖြစ်တတ်တယ် ၊
ဒေါသ ဖြစ်တတ်တယ် ၊ မောဟတွေဖြစ်တယ်။

“အဘိဇ္ဈာဒေါမနဿ” လို့ဆိုတဲ့ ဒီအကုသိုလ်တွေ လာနေတယ်။
စိတ်ထဲက ကြံတွေးရင်လည်း ဒါမျိုးတွေ လာတတ်တယ်။
ဪ “မျက်စိ၊ နား၊ နှာ၊ ကိုယ်၊ စိတ်” လို့ခေါ်တဲ့
ဆိုင်ရာဆိုင်ရာလွှမ်းမိုးပြီးတော့ ကြီးစိုးထားတဲ့ဣနြေ္ဒခြောက်ပါးကို
အဲဒီ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်ကနေပြီးတော့
အကုသိုလ်တွေ မဖြစ်အောင် သတိဆိုတာနဲ့ ဆို့ပိတ်ပြီး၊
အသိပညာနဲ့ ဖယ်ရှား ပစ်နေရင် ဒါ ဣနြေ္ဒကို
လုံအောင်လုပ်တယ်လို့ ဒီလို ပြောတာနော်။

■အဲတော့ ဒီနည်းစနစ်ကို မသိဘူးဆိုရင်
“ဣနြေ္ဒ” ဆိုတာ “တစ်ချို့က မျက်လွှာကြီးချပြီးတော့
တောင်ကြည့်၊မြောက်ကြည့် မကြည့်ဘဲ နေတာကို
ဣနြေ္ဒရှိတယ်” လို့ ထင်နေမှာနော်။
သူတွေးချင်ရာတွေးရင် “ဣနြေ္ဒ မလုံဘူးလေ”၊
အကုသိုလ်တွေက မျက်စိကတော့ မဝင်ဘူး မှိတ်ထားလို့၊
မျက်စိမှုန်ရင်လည်း ဝင်ချင်မှဝင်မှာပေါ့ နော်။
နားက မကြားလို့ နားက ဝင်ချင်မှဝင်မှပေါ့၊
နှာခေါင်းက အနံ့မရတဲ့ရောဂါဖြစ်လည်း ဝင်ချင်မှ ဝင်မှာပေါ့၊
အဲတော့ လျှာတို့ ကိုယ်တို့လည်း ထို့အတူပဲပေါ့။

■အကယ်၍သာ . . .
မျက်လွှာကြီးအောက်ချနေတာကို ဣနြေ္ဒရတယ်လို့
ယူဆမယ်ဆိုလို့ရှိရင် “မျက်မမြင်တွေ” ဣနြေ္ဒရနေတာပဲ။
ကြည့်မှကြည့်လို့မမြင်တာ၊ သူတို့။
ဣနြေ္ဒလုံတယ်လို့ ရဦးမလား (မရပါဘုရား) မရဘူး။

တံခါးခြောက်ပေါက် သူ့ဟာသူ ပိတ်တာပဲရှိတယ်၊
အကုသိုလ်ကတော့ ဝင်လို့မရလို့သာမဝင်မှာ၊
ဝင်တာက ဘယ်ကဝင်မှာတုန်း၊
ဝင်လို့ရတဲ့နေရာကဝင်မှာပဲ၊
ဟုတ်ကဲ့လား၊ (မှန်ပါဘုရား)
ဆိုလိုတာက ဝင်လို့ရမယ့် နေရာတွေ မဝင်အောင်လုပ်တာ
ဒါကိုပြောတာ။ “ဣနြ္ဒိယဘာဝနာသုတ်” မှာလည်း
မြတ်စွာဘုရားက ဒါ တိတိလင်းလင်း ဟောထားတာရှိတယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်​လည်းဖတ်​ရှူ နိုင်​သည်​ ။

posted from Bloggeroid

No comments:

Post a Comment