Thursday, December 29, 2016

မဟာသစ္စကသုတ်


ရေ၌ ချထားသော အစေးရှိသော ထင်းစို သည် မီးမတောက်၊ အပူဓာတ်ကို ထင်ရှားမပြနိုင်။

ဤ အတူပင်လျှင် အချို့သောသူတို့သည် ကိုယ်/စိတ့်ဖြင့် လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏၊ ထိုသူတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် 'ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု 'ကာမစ္ဆန္ဒ' လိုချင်မှု ဟူသောအစေး၊ မိန်းမောတွေဝေခြင်း၊ မွပ်သိပ်ခြင်း ၊ ပူဆာခြင်းကို ကောင်းစွာမပယ်ရသေး၊
ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုသူတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက် ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရကုန်သော်လည်း သိခြင်း၊ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်ကုန်။ အကယ်၍ ထိုသူတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက် ကုန်သော ဆင်းရဲဝေဒနာတို့ကို
မခံစားရသော်လည်း သိခြင်း၊ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။

ရေမစိုသော်လည်း အစေးရှိသော ထင်းစ¬ိုသည် မီးမတောက်၊ အပူဓာတ်ကို ထင်ရှားမပြနိုင်။

ဤ အတူပင်လျှင် အချို့သော သူတို့သည် ကိုယ်/စိတ်ဖြင့် လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသူတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် 'ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု 'ကာမစ္ဆန္ဒ' လိုချင်မှုဟူသော အစေး၊ မိန်းမောတွေဝေခြင်း ၊ မွတ်သိပ်ခြင်း ၊ ပူဆာခြင်းကိုကောင်းစွာ မပယ်ရသေး၊
ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုသူတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါး ဆိုးရွား ထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရ
ကုန်သော်လည်း သိခြင်း၊ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ထိုသူတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါးဆိုးရွား ထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်း၊ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။

ကုန်းပေါ်မှ အစေးမရှိတော့သော ထင်းခြောက်သည် မီးကိုတောက်စေသည်၊ အပူဓာတ်ကို ထင်ရှားဖြစ်စေ၏။

ဤ အတူပင်လျှင် အချို့သောသူတို့သည် ကိုယ်/စိတ်ဖြင့် လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသူတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် 'ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု 'ကာမစ္ဆန္ဒ' လိုချင်မှုဟူသော အစေး၊ မိန်းမောတွေဝေခြင်း၊ မွတ်သိပ်ခြင်း ၊ ပူဆာခြင်းကိုကောင်းစွာ ပယ်ပြီးဖြစ်၏၊
ကောင်းစွာငြိမ်းပြီးဖြစ်၏။ အကယ်၍ ထိုသူတို့သည် လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရ
ကုန်သော်လည်း သိခြင်း၊ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ထိုသူတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွား ထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ
မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။

မည်သူမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်းကို ဖြစ်စေ တတ်ကုန်သော အာသဝေါတရားတို့ကို မပယ်ရသေးလျှင် ထိုသူသည် 'တွေဝေသူ'သာဖြစ်ပေသည်။ အာသဝေါတရားတို့ကို မပယ်ခြင်းကြောင့် တွေဝေသူ ဖြစ်၏။ အာသဝေါတရားတို့ကို ပယ်ထားပြီးလျှင်ကား၊ ထိုသူကို 'မတွေဝေသူ' မည်၏။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment