Thursday, December 29, 2016

သာသနာတည်ကြောင်းတရား ( ၁၅ ) ပါး




၁။ ရဟန်များ တရားကို ရိုသေစွာ နာခြင်း။

၂။ တရား (စာပေကျမ်းဂန်များ)ကို ရိုသေစွာ (ကောင်းစွာ) သင်ယူခြင်း။

၃။ တရား (စာပေကျန်းဂန်များ)ကို နှုတ်တက်အာဂုံဆောင်ခြင်း။

၎။ နှုတ်တက်အာဂုံဆောင်ထားသော တရား (စာပေကျမ်းဂန်များ)၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ခြင်း၊
(အနက်အဓိပ္ပါယ်ကို သိအောင်ပြုခြင်း)

၅။ အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအား လျော်သောအကျင့်ကို ကောင်းစွာ ကျင့်ခြင်း။
(ပဋိပတ်ကို ကောင်းစွာ ကျင့်ခြင်း)။

ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာတည်ကြောင်း၊ တရားပေါင်းကား၊
ရဟန်းများတို့၊ တရားတော်နာ၊ စာပေကိုသင်၊ နှုတ်တွင်ရအောင်၊ သိအောင်လည်းပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကို၊ကျင့်အပ်မကွာ၊ ဤငါးဖြာတည်း။

၁။ သုတ္တ, ဂေယျ စသော စာပေကျမ်းဂန်တရားများကို သင်ယူခြင်း။

၂။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ဟောကြားခြင်း။

၃။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ပို့ချခြင်း။

၎။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း။

၅။ သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည် ဆင်ခြင် သုံးသပ်ခြင်း။

ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပြန့်ပြော၊ အကျယ်ဟောကြ၊ အကျယ်ချနဲ့၊ ကျယ်စွာ့လည်းအံ၊ ကြံကြံစည်စည်၊ဤငါးမည်တည်း။

၁။ မှန်ကန်သော ပုဒ်, ပါဌ်, အက္ခရာ ပါဠိများကို လေ့ကျက်သင်ကြားခြင်း။

၂။ ဆရာသမားတို့၏ အဆုံးအမကို ကောင်းစွာ နာယူခြင်း။

၃။ သုတ်, ၀ိနည်း, အဘိဓမ္မာ တရားတော်များကို ကောင်းစွာ ပို့ချခြင်း။

၎။ ပစ္စည်းလေးပါး ပေါများရန် မကြံဖန်ကြပဲ ဈာန်, မဂ်, ဖိုလ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုကြရန်သာ အားထုတ်ခြင်း။
၅။ အချင်းချင်း ဆဲရေးငြင်းခုံ မရှိကြပဲ သံဃာအချင်းချင်း ညီညွတ်ခြင်း။

ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်မှန်၊ သင်အံကျက်ကြ၊ ဆုံးမလွယ်ကူ၊ စာချသူများ၊ လာဘ်များမဖန်၊ ခိုက်ရန်ပယ်ရှား၊
ဤငါးပါးသည်၊ ဘုရားသာသနာ တည်ကြောင်းတည်း။

(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ ၄၉၀၊ ၄၉၂)

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

.

posted from Bloggeroid

No comments:

Post a Comment