ထိုစဉ်က ရှင်အာနန္ဒာသည် မြတ်စွာ ဘုရားနှင့်အတူ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်ဖြစ်၏။ ထို့ကြောင့် ရှင်အာနန္ဒာသည် ရဟန္တာ မဖြစ်သေးချေ။ ရဟန္တာ မဖြစ်သေးသဖြင့် သိစရာဟူသမျှကို အားလုံးသိပြီးဖြစ်သည်ဟု မဆိုနိုင်သော်လည်း သိသင့်သမျှကိုတော့ သိပြီးဖြစ်ပါ၏။ အမှန်အားဖြင့် သိစရာဟူသမျှသည် အရေအတွက်အားဖြင့် ``အများ´´ ဖြစ်သော်လည်း အရည်အချင်းအားဖြင့် ``တစ်ခု´´တည်းသာဖြစ်၏။ ယင်းကိုပင် "ဧကော ဓမ္မော" ဟူ၍ ဆိုကြ၏။ တစ်ခုတည်းသော တရား "ဧကော ဓမ္မော "
ဟူသည်မှာ သမုဒယသစ္စာ သို့မဟုတ် နိရောဓ သစ္စာ ပင်ဖြစ်၏။ အနေကဇာတိသံသာရံချီ ဂါထာ၌ သမုဒယသစ္စာ ကိုပင် တစ်ခုတည်းသောတရား "ဧကော ဓမ္မော" အဖြစ် ဖော်ပြထားသည်ကို တွေ့ရ၏။ အမှန်အားဖြင့် သမုဒယသစ္စာ ကို မြင်ပါမှ နိရောဓသစ္စာ ကို မြင်နိုင်မည်ဖြစ်၏။ နိရောဓသစ္စာ ကို မြင်လျှင် တစ်ပြိုက်နက်တည်း သစ္စာလေးပါးကို မြင်ပြီးဖြစ်၏။ ထို့ကြောင့် အရေအတွက်အားဖြင့် သစ္စာလေးပါးကို မြင်ခြင်းသည် အရည်အချင်းအားဖြင့် သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာ ကို မြင်ခြင်းဖြစ်၏။ သို့ဖြစ်၍ သစ္စာ လေးပါးကို မြင်ခြင်းကိုပင် "ဧကော ဓမ္မော " ကိုမြင်ခြင်းဟု ဆိုရ၏။ ဒဿနနယ်ပယ်၌ အမျိုးမျိုးသိခြင်းသည် လူမိုက်ဖြစ်၍ တစ်ခုတည်းကို သိမှ ပညာရှိဟူ၍ ဆိုပါ၏။ အမှန်အားဖြင့် အမျိုးမျိုးသိခြင်းဟူသည် လောက၌ အမှတ်အသားမာယာသာ ဖြစ်၏။ တစ်ခုတည်းဟူသည် လောကုတ္တရာ ၏ အမှတ်အသား အရိယာသစ္စာ ဖြစ်၏။ လောကုတ္တရာ ၏ အမှတ်အသား အရိယာသစ္စာကို သိသည်နှင့် တစ်ပြိုင်နက် လောက၏အမှတ်အသား ဖြစ်သော မာယာကိုသိခြင်းကိစ္စသည် ပြီးလေ၏။ မယာကိုပင် အဝိဇ္ဇာ ဟုခေါ်ကြ၏။ ထိုစဉ်က ရှင်အာနန္ဒာ သည် သောတာပန်မျှသာဖြစ်သေး၏။ ရဟန္တာ မဖြစ်သေးချေ။ ထို့ကြောင့် မယာ၏ အပိုင်းအခြားကို အကုန်အစင်မသိသေး။ နိယာမနှင့် ပုစ္ဆာ ဟူ၍ နှစ်မျိုးရှိရာ နိယာမကတစ်မျိုးတည်း၊ ပုစ္ဆာ က အမျိုးမျိုး။ နိယာမကိုသိပါက ပုစ္ဆာ ပေါင်း မည်မျှပင်လာပါစေ၊ ပုစ္ဆာ ကိုတွက်နိုင်၏ ။ ထို့ကြောင့်နိယာမသည် အရေးကြီး၏။ နိယာမသည် သစ္စာ သဘောဖြစ်၍ ပုစ္ဆာ သည် မာယာသဘောဖြစ်၏။
---------------------------------------------------------------------------https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------
ဟူသည်မှာ သမုဒယသစ္စာ သို့မဟုတ် နိရောဓ သစ္စာ ပင်ဖြစ်၏။ အနေကဇာတိသံသာရံချီ ဂါထာ၌ သမုဒယသစ္စာ ကိုပင် တစ်ခုတည်းသောတရား "ဧကော ဓမ္မော" အဖြစ် ဖော်ပြထားသည်ကို တွေ့ရ၏။ အမှန်အားဖြင့် သမုဒယသစ္စာ ကို မြင်ပါမှ နိရောဓသစ္စာ ကို မြင်နိုင်မည်ဖြစ်၏။ နိရောဓသစ္စာ ကို မြင်လျှင် တစ်ပြိုက်နက်တည်း သစ္စာလေးပါးကို မြင်ပြီးဖြစ်၏။ ထို့ကြောင့် အရေအတွက်အားဖြင့် သစ္စာလေးပါးကို မြင်ခြင်းသည် အရည်အချင်းအားဖြင့် သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာ ကို မြင်ခြင်းဖြစ်၏။ သို့ဖြစ်၍ သစ္စာ လေးပါးကို မြင်ခြင်းကိုပင် "ဧကော ဓမ္မော " ကိုမြင်ခြင်းဟု ဆိုရ၏။ ဒဿနနယ်ပယ်၌ အမျိုးမျိုးသိခြင်းသည် လူမိုက်ဖြစ်၍ တစ်ခုတည်းကို သိမှ ပညာရှိဟူ၍ ဆိုပါ၏။ အမှန်အားဖြင့် အမျိုးမျိုးသိခြင်းဟူသည် လောက၌ အမှတ်အသားမာယာသာ ဖြစ်၏။ တစ်ခုတည်းဟူသည် လောကုတ္တရာ ၏ အမှတ်အသား အရိယာသစ္စာ ဖြစ်၏။ လောကုတ္တရာ ၏ အမှတ်အသား အရိယာသစ္စာကို သိသည်နှင့် တစ်ပြိုင်နက် လောက၏အမှတ်အသား ဖြစ်သော မာယာကိုသိခြင်းကိစ္စသည် ပြီးလေ၏။ မယာကိုပင် အဝိဇ္ဇာ ဟုခေါ်ကြ၏။ ထိုစဉ်က ရှင်အာနန္ဒာ သည် သောတာပန်မျှသာဖြစ်သေး၏။ ရဟန္တာ မဖြစ်သေးချေ။ ထို့ကြောင့် မယာ၏ အပိုင်းအခြားကို အကုန်အစင်မသိသေး။ နိယာမနှင့် ပုစ္ဆာ ဟူ၍ နှစ်မျိုးရှိရာ နိယာမကတစ်မျိုးတည်း၊ ပုစ္ဆာ က အမျိုးမျိုး။ နိယာမကိုသိပါက ပုစ္ဆာ ပေါင်း မည်မျှပင်လာပါစေ၊ ပုစ္ဆာ ကိုတွက်နိုင်၏ ။ ထို့ကြောင့်နိယာမသည် အရေးကြီး၏။ နိယာမသည် သစ္စာ သဘောဖြစ်၍ ပုစ္ဆာ သည် မာယာသဘောဖြစ်၏။
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------
posted from Bloggeroid
No comments:
Post a Comment