Thursday, December 29, 2016

🔯အကျင့်မပါ သိရုံမျှဖြင့်သာ နိဗ္ဗာန်ရောက်နိုင်ပါသလား🔯
. ➿➿➿➿➿➿➿➿➿➿➿➿➿➿

. ဓမ္မမိတ်ဆွေ တစ်ယောက်က မေးလာတဲ့မေးခွန်းလေးကို ကျနော်ညာဏ်မှီသလောက်ဖြေပြတာပါဗျာ -🚩

🔜မေးခွန်းက- - -

""နောက်ထပ်တစ်ခုလောက်ကျေးဇူး

ပြု၍ဖြေပေးပါလို့တောင်းဆိုပါရစေ
နိဗ္ဗာန်ကိုရောက်ရန်သွားရာလမ်းနှစ်သွယ်ရှိတယ်လို့ကြားဖူးထားလို့ပါ

🔯ပထမတစ်ခုက

သောတပန် ၊သကဒါဂမ် ၊ အနာဂမ် ၊ရဟန္တာ
ဖြစ်ပြီးမှရောက်သောလမ်း
စရဏ အကျင့်သမာဓိ ဘာဝနာ ဝိပဿ နာ ရှုမှတ်ပွါးများ
အားထုက်ပြီးမှရောက်သောလမ်း။

🔯🔯ဒုတိယတစ်ခုက
စရဏ အကျင့်မပါ သမာဓိထူထောင်ရန်မလို
ဝိပဿ နာရှုမှတ်ပွားများရန်မလိုပဲ
အာရုံရုပ်နာမ်တို့ကို ပညက် ပရမက်
ဆက်စပ်သိနိုင်သော ဝိမုတ်တိပညာ
လမ်းကိုသပုရိတဆရာသမား၏ဟော၍သိနိုင်ပြီးသိလျှင်
လည်းဘာမှလုပ်စရာမလို ဒီအတိုင်းတိုင်းနိဗ္ဗာန်ရောက်
်နေသည်ဟုကြားဖူးထားလို့ပါ။

လုပ်နေမှပိုရှုပ်ပြီးရှင်းမရ၍ဝိဇ္ဇာသိတစ်ကြိမ်ထဲပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ဝေဖန်ပိုင်းခြားနိုင်ရင် နိဗ္ဗာန်သို့ရောက်ရှိပြီးနိဗ္ဗာန်
ချမ်းသာကိုပါခံစားနိုင်သည်.....လို့ကြားဖူးထားလို့ပါ။လို့
မေးမြန်းထားပါတယ်။🔚

🔜 ဒီမေးခွန်းရဲ့ပထမပိုင်းက သောတာပန် ၊သကဒါဂါမ်
အနာဂါမ် ၊ရဟန္တာ အဆင့်ဆင့်ကျင့်ကြံ အားထုတ်ပြီးမှ
နိဗ္ဗာန်ရနိုင် ရောက်နိုင်တဲ့နည်းလမ်း ကိုဖေါ်ပြထားပါတယ်။
ဒီနည်းလမ်းကတော့ ဘုရားရှင်ဟောကြားတော်မူတဲ့
ထေရဝါဒ သာသနာတော်နဲ့ကိုက်ညီတဲ့ နည်းလမ်းမို့
မှားစရာအကြောင်းမရှိပါဘူး။

🔜နိဗ္ဗာန်ကိုရောက်နိုင်တဲ့ ဒုတိယနည်းလမ်းက
အကျင့်မပါပဲ ၊ကျင့်ကြံအားထုတ်မှု မရှိပါပဲ အသိနဲ့တင်
နိဗ္ဗာန်ရောက်နိုင်တဲ့ နည်းလမ်းလို့ဆိုထားပါတယ်။❌

ဒီနည်းလမ်းကတော့ လုံးဝမှားယွင်းတယ်လို့ပဲ
ဖြေပါရစေ။❌

ဒီအဖြေအတွက် ဘုရားရှင်လက်ထက်က တရားအား
ထုတ်ရခြင်းမရှိပါပဲနဲ့ တရားတော်ကိုနာကြားသိမြင်ရရုံ
နဲ့ တရားထူးရသွားသူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်လို့
စောဒနာစရာရှိလာပါလိမ့်မယ်။

. ဘုရားလက်တော်အခါနဲ့ ယခုမျက်မှောက်ခေတ်ကာလ
ခေတ်အခြေနေခြင်း ကွာခြားသလို ပုဂ္ဂိုလ် အတန်းစားခြင်း
ကွာခြားတာကို ထည့်ပြီးစဉ်းစားရမှာပါ။

ပုဂ္ဂို လ်အတန်းအစားဆိုတာက တရားရနိုင်တဲ့ ပုဂ္ဂို လ်အတန်း အစားကို ဆိုလိုပါတယ်ဗျာ

ဒီနေရာမှာ.ပုဂ္ဂိုလ် ၄ မျိုးကိုအကျဉ်းမျှဖေါ်ပြပါ့မယ်...........

❄ပုဂ္ဂိုလ်လေးမျိုး ဥဒါန်းထိုး❄
. 💫💫💫💫💫💫
. မြတ်စွာဘုရားဟောပြထားသည့် ပုဂ္ဂိုလ်လေးမျိုးအ
ကြောင်းကို အကျဉ်းမျှ ဖေါ်ပြာဦးမည်။ယင်းတို့မှာ

၁။ဥဂ္ဃာဋိတညူ ပုဂ္ဂိုလ်⭐
၂။ဝိပဉ္စိတညူ ပုဂ္ဂိုလ်⭐
၃။နေယျပုဂ္ဂိုလ်⭐
၎။ပဒပရပုဂ္ဂိုဘ် ⭐တို့ ဖြစ်ကြသည်။

. ရှေ့ပုဂ္ဂို လ် ၃ မျိုးသည် ဤ ဘ၀၌ တရားထူးရ
နိုင်သည်။
ပဒပရမ ပုဂ္ဂို လ်ကား ဤဘ၀၌ တရားထူးမရနိုင်။သို့သော်
နောက်နောက်ဘ၀တို့၌ကား (ပဒပရမာနံ အနာဂတေ ဝါ
သနတဌာယ ဟောတိ ) တရားထူးရဖို့ရာအထုံဝါသနာ
ဖြစ်နိုင်၏။

၁။ ဥဂ္ဃာတိတညူ ပုဂ္ဂိလ်
🔜🔜🔜🔜🔜🔜

. အဓိပ္ပာယ်အစအန အနည်းငယ်ခွာလှန်ပြရုံမျှဖြင့် ။
ညူ = ဘွားကနဲ ၊သိသွားသူ ဤပုဂ္ဂိုလ်မျိုးကို "အကျဉ်းဖြင့်"
သိသူ ဟုဘာသာပြန်ကြသည်။

၂။ဝိပဉ္စိတညူ ပုဂ္ဂိုလ်
🔜🔜🔜🔜🔜

. ဝိပဉ္စိတ = သဘောအဓိပ္ပာယ်အကျယ်ချဲ့၍ ပြကာမျှ
ညူ = သိသွားသူ၊ဤပုဂ္ဂိုလ်မျိုးကို အကျယ်ချဲ့မှ သိသူ ဟု
ဆိုကြ၏။

၃။နေယျပုဂ္ဂို လ်
🔜🔜🔜🔜

. နေယျပုဂ္ဂိုလ်ကား အကျဉ်းမျှအောရုံမျှဖြင့်လည်းမသိ
အကျယ်ချဲ့၍ ဟောရုံမျှဖြင့်လည်းမသိသေး၊သို့သော်ဥဒ္ဒေသ
ပရိပုစ္ဆာ စသည်တို့ဖြင့် ထပ်ပြန်တလဲလဲ ကြိမ်ဖန်များစွာ
ဆောင်ပြအပ်သောအခါ အဓိပ္ပာယ်တွေသိလာ၏။ဤပုဂ္ဂို လ်
မျိုးကို နေယျပုဂ္ဂို လ်ဆိုရသည်။

၎။ပဒပရမ ပုဂ္ဂိုလ်
🔜🔜🔜🔜

. ရှေ့ပုဂ္ဂို လ်သုံးမျိုးတို့လို ယခုဘ၀မှာတရားမရနိုင် စာပေ
သင်ကြား၍ ပုဒ် ပါဌ်အက္ခရာ ရရုံမျှသာဖြစ်၏။

🔯မိုးတစ်ဘ၀သာသနာ စာ ၂၆၂🔯

ခေတ်
====
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး နောက် နှစ် ၁၀၀၀ အထိသာ ပဋိသမ္ဘီဒါပတ္တရဟန္တာခေတ်ဖြစ်လို့ ယနေ့ခေတ်မှာ
ကျင့်ကြံအားအားထုတ်နိုင်မှသာ တရားထူးကို ထိုးထွင်း
သိမြင်နိုင်တဲ့ ညာဏ် မျိုးကိုရနိုင်ပြီး၊ ဆက်လက်အားထုတ်မှ
သာ ဝိပဿ နာညာဏ်အဆင့်သို့ရောက်ကာ မဂ်ညာဏ်
ဖိုလ်ညာဏ် ကိုရနိုင်တဲ့ နေယျ ပုဂ္ဂိုလ်မျိုးသာ ရှိနိုင်တော့တဲ့
ခေတ်သာ ဖြစ်ပါတယ်။

. ဒါ့ကြောင့် ကျင့်ကြံအားထုတ်မှုမပါပဲ သိရုံမျှဖြင့်
တရားထူး နိုင်တဲ့ခေတ်မဟုတ်တော့ပါဘူး။

ဘုရားရှင်လက်ထက်ကသိရုံမျှဖြင့်ဘယ်လိုတရားထူး
ရခဲ့ကြပါသလဲ
================================

နာကြားရုံမျှဖြင့် နားလည် သိမြင်ပြီး တရားထူးရသွားကြ
တာဟာလည်း ပဋိပတ္တိနဲ့ကင်းပြီး ဖြစ်ခဲ့တာမဟုတ်ပါဘူး။
ပထမဆုံး သုတမယညာဏ်နဲ့သိမြင်ပါတယ်၊ ဒုတိယ
စိန္တာမယညာဏ်နဲ့ထိုးထွင်းသိမြင်ပါတယ် ၊တတိယကျတော့
ခန္ဓာကိုညာဏ်လှည့်ပြီး ပဋိပတ္တိကိုဖြစ်စေပြီးမှ ၊ဝပဿ နာ
အမြင်ရပြီးမှ မဂ်လေးတန် ဖိုလ်လေးတန် အဆင့်ဆင့်ပြီး
ရပါတယ်ဗျာ။

. ယင်းသို့ ထိုးထွင်းသိမြင်ယုံမျှဖြင့် ၊ တရားထူးရဖို့အတွက်
ဖြည့်ဆည်းခဲ့တဲ့ပါရမီ ရင့်သန်ဖို့ လိုအပ်သလို၊ တရားတော်
ကိုနာကြားယုံမျှဖြင့် သုတမယညာဏ် အလိုလိုဖြစ်နိုင်တဲ့
ပဋီသမ္ဘီဒါခေတ် ဖြစ်နေဖို့လိုပါတယ်။

. ပဋိသမ္ဘီဒါခေတ်ဆိုတာက တရားတော်ကိုနာကြား
ယုံမျှဖြင့် အလိုလိုစာတွေ ညာဏ်မှာထင်မြင်လာတဲ့ခေတ်
ဖြစ်ပါတယ်။ဒီပဋိသမ္ဘီဒါခေတ်မှာသာ တရားအသိ အနည်းငယ်မျှ ၊အကျဉ်းသို့မဟုတ်အကျယ် ကိုနာကြားရုံ ဖြင့်စာတွေကို
အလိုလိုသိတဲ့ သုတမယညာဏ်ကို ရနိုင်ပါတယ်။
သုတမယညာဏ်ကို ရပြီးမှသာ ထိုးထွင်းသိ စိန္တာမယ
ညာဏ်ကို ဖြစ်စေပါတယ်ဗျာ။ ဒီနှစ်ညာဏ်ပြည့်စုံပြီးမှ
သာ ဝိပဿ နာညာဏ်ကိုလှမ်းတက်ပြီး တရားထူးရနိင်
ပါတယ်။

ညာဏ်နှစ်မျိုးကို ဖေါ်ပြအပ်ပါတယ်။

🔯သုတမယညာဏ်သိ ပညာရှိနဲ့ စိန္တာမယညာဏ်သိ🔯
. **

. ❄ပညာရှိတို့၏ သိမှု ( ၂ )မျိုး❄
. 🔛🔛🔛🔛🔛🔛🔛

. 🚩ပညာရှိတို့၏ သိမှုကား နှစ်မျိုးနှစ်စားရှိပါ၏။

၁။ သုတမယ ညာဏ်သိ
၂။ စိန္တာမယ ညာဏ်သိ ဟူ၍ဖြစ်၏။

၁။သုတမယညာဏ်သိ✅
🌠🌠🌠🌠🌠🌠

. အဘိဓမ္မာကျမ်းဂန်တို့ကို ကောင်းစွာတတ်မြောက်ပြီး
တစ်ပါးသူကိုနားလည်အောင် သဘောသရုပ်သကန်
မှန်ကန်စွာဖြင့်၊ ကျေလည်ချောမောအောင်၊ပြောတတ်၊
ဟောတတ်၊ ချတတ် ၊ ပို့တတ် ၊ဆုံးဖြတ်တတ်မှု၊ သိမှုကား
"သုတမယညာဏ်"သာတည်း။

. ဤသိမှုကား ဝိပဿဿ နာ ညာဏ်မျိုးမဟုတ်၊
. ပရိယတ္တိ ညာဏ်မျှသာတည်း။🚩

၂။စိန္တာမယညာဏ်သိ✅
💫💫💫💫💫💫

🔜 ဖေါ်ပြပါ ပရိယတ္တိညဏ်၌တည်၍၊ ထိုညာဏ်ဖြင့်
သိသိအတိုင်း၊ မိမိခန္ဓာအားရှုကြည့်ဖန်များလတ်သော်
ပူနွေးမှု၊အေးချမ်းမှု စသည့်ဝေဒနာတို့အပေါ်၌
မျက်စိဖြင့် မြင်ဘိသကဲ့သို့ ရုပ်ခန္ဓာတစ်ခြား
နာမ်ခန္ဓာတစ်ခြား ၊ကွဲကွဲပြားပြားထင်မြင်မှုမျိုးသည်
ကား စိန္တာမယ ညာဏ်သိ ၊ ညာဏ်မြင် မည်၏။

🔜ဘာဝနာမယညာဏ်ဟုလည်းခေါ်ဆိုအပ်၏။
ဤသို့သိမှု၊ မြင်မှုမျိုးသည် ဝိပဿဿ နာညာဏ်မည်၏။

🔜ဝိပဿဿ နာဘာဝနာပွားများရာ၌ ဤကဲ့သို့သော
စိန္တာမယညာဏ်အသိအမြင်ကိုသာ လိုအပ်၏။
ဤစိန္တာမယညာဏ်အသိအမြင်သည်သာလျှင်
ဒိဌိကိုပါယ်သတ်နိုင်လေသည်။

🔜ဤကားသုတမယညာဏ်သိ(ပရိယတ္တိညာဏ်)နှင့်
စိန္တာမယညာဏ် ( ဝိပဿ နာညာဏ်)နှစ်ပါး၏
ခြားနားချက်ပေတည်း။🚩

🔜🔜
လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ဘာဝနာဒီပတီကျမ်း (လယ်တီဒီပနီပေါင်းချုပ်-ဒု)
စာ-၇၈

🔯အသိနဲ့နိဗ္ဗာန်ရောက်ဖို့🔯
🔜🔜🔜🔜🔜🔜🔜🔜

. အသိနဲ့ နိဗ္ဗာန်ရောက်နိုင်ဖို့ဆိုရင်၊ ဘာအချက်တွေ
လိုမလည်းဆိုရင်။

၁။ဘုရားသက်ရှိထင်ရှားရှိသောခေတ်ဖြစ်ရပါ့မယ်(သို့)
၂။ပဋိ သမ္ဘီဒါပတ္တ ရဟန္တာခေတ်ဖြစ်ရပါမယ်
၃။ပုဂ္ဂိုလ်သည် ဥဂ္ဃာတိတညူ သို့မဟုတ်
. ဝိပဉ္စိတညူ ပုဂ္ဂိုလ် မျိုး ဖြစ်ရပါမယ်။

. ဒီသုံးချက်မှာကြည့်ရင် ပုဂ္ဂိုလ် အတန်းအစားတစ်ခု
နဲ့ပဲ ယှဉ်ပြီးဆုံးဖြတ်လိုက်ရင် အသိနဲ့တင် နိဗ္ဗာန်
ရောက်နိုင် မရောက်နိုင် အဖြေထွက်လောက်ပါပြီဗျာ။

ယခုခေတ်မှာ ရွပ်ရွပ်ချွံချွံ ကြိုးစားအားထုတ်မှသာ
တရားထူးရနိင်တဲ့ နေယျပုဂ္ဂိုလ် တစ်မျိုးတည်းသာ
ရှိတော့တဲ့အတွက် သိရုံမျှဖြင့် လုံးဝနိဗ္ဗာန်မရနိုင်ပါကြောင်း
တင်ပြအပ်ပါသည်ခင်ဗျာ။

.

မိမိညာဏ်မှီသလောက်သာ ဆွေးနွေးထားခြင်း
ဖြစ်ပါသောကြောင့် ချို့ယွင်းချက်၊ အားနည်းချက်များကို
မည်သူမဆို ဖြည့်စွက် ဆွေးနွေးပေးပါရန် ဘိတ်ခေါ်
အပ်ပါသည်။

သမ္မာဒိဌိညာဏ် ရှင်သန်ကြပါစေ

မုဒိတာအလင်းဆရာတော်
--------------------------------------------------------------------
--------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment