Thursday, December 29, 2016

စကားကြီး (၆)ခွန်း


ဗုဒ္ဓမြတ်စွာဘုရားရှင်က လူ့ဘောင်လောကတွင် ဖြစ်ထွန်းသော
စကားကြီး(၆)ခွန်းကို ဟောကြားထားရှိခဲ့သည်။
.

(၁) မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ အပြောခံ ရသူလည်း မနှစ်သက်သော စကား၊
.
(၂) မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ အပြောခံရသူနှစ်သက်သောစကား၊
.
(၃) မှန်သော်လည်း အကျိုးမရှိဘဲ အပြောခံရသူ မနှစ်သက်သောစကား၊
.
(၄) မှန်သော်လည်း အကျိုးမရှိဘဲ အပြောခံရသူ နှစ်သက်သောစကား၊
.
(၅) မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ အပြောခံရ သူ မနှစ်သက်သောစကား၊
.
(၆) မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ အပြောခံရ သူ နှစ်သက်သောစကား။
.

ထိုစကား (၆)မျိုးတွင် ပထမ(၄)မျိုးကို မြတ်စွာဘုရား နှစ်သက်တော်မမူ။
ကျန် (၂)မျိုးကိုသာ မြတ်စွာဘုရား နှစ်သက်တော်မူသည်။
မိမိနှင့် သူတစ်ပါး၊ တစ်ဦးချင်းစီနှင့် အများ၊
အားလုံး၏အကျိုးစီးပွားဖြစ်ထွန်းစေသော စကား ကိုသာ ချီးမွမ်းတော်မူသည်။

မြတ်စွာဘုရားနှစ်သက် ချီးမွမ်းတော်မူသည့် စကား(၂)မျိုးကိုပြောနိုင်၊ ဆိုနိုင်၊ ဟောနိုင်ကြပါစေ။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်​လည်းဖတ်​ရှူ နိုင်​ပါသည်​ ။

posted from Bloggeroid

No comments:

Post a Comment