Friday, December 30, 2016

"လောကုတ္တရာ မဂ္ဂင်ရှစ်ပါး"



ဒီ လောကုတ္တရာ မဂ္ဂင်ရှစ်ပါး ကို
လောကုတ္တရာမဂ် ၊ အဋ္ဌဂီင်္ကမဂ် ၊အရိယာမဂ်ဥာဏ် ၊
ကတဥာဏ်၊စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်ကြ
ပါတယ် ။
လောကီမဂ္ဂင် ငါးပါး နှင့် သီလမဂ္ဂင် သုံး
ပါး တပြိုင်နက်ပါဝင် ပေါင်းစပ်သွားခြင်းဖြစ်ပါတယ် ။

ဒီ မဂ္ဂင်ရှစ်ပါးကို ပထမဆုံးအကြိမ် ပြည့်
စုံသွားရင် ယင်းပုဂ္ဂိုလ်ကို သောတာပတ္တိမဂ် ပုဂ္ဂိုလ်
(သောတာပန် )လို့ ခေါ်ရပါတယ် ၊ ဒီ မဂ်နဲ့ ဒိဋ္ဌိ ၊
ဝီစိကိစ္ဆာ ကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါပြီ ၊ ဒါကို
ပထမနိဗ္ဗာန် ၊သဥ ပါဒိသေသ နိဗ္ဗာန် ( ခန္ဓာရှိလျှက်
မြင်တဲ့နိဗ္ဗာန်) ကို မျက်မှောက်ပြု တယ်လို့ဆိုပါတယ် ။

မဂ္ဂင်ရှစ်ပါး ပြည့်စုံသွားရင် သစ္စာလေးချက်
တပြိုင်နက် ပေါ်ပါတယ် ။ ဆီမီးဟာ မရှေး မနှောင်း
တပြိုင်နက် ကိစ္စလေးပါး ကို ပြု ပါတယ် ။
- မီးဇာကို လောင်ကျွမ်းစေတယ် ။
- အမှောင်လည်း ပယ်ဖျောက်တယ် ။
- အရောင်အလင်းကို အနှံ့အပြားပြတယ် ။
- ဆီ ကို ကုန်စေတယ် ။

ထို့အတူ လောကုတ္တရာမဂ္ဂင်ရှစ်ပါး ဆိုတဲ့
မဂ်ဥာဏ်ဟာ ...
- ဒုက္ခသစ္စာကို ပိုင်းခြားခြင်း ကိစ္စကိုလည်း ပြု တယ် ။
- သမုဒယသစ္စာကို ပယ်ခြင်း ကိစ္စကိုလည်း ပြု တယ် ။
- မဂ္ဂသစ္စာကို ပွားစေခြင်း ကိစ္စကိုလည်း ပြု တယ် ။
- နိရောဓသစ္စာကို မျက်မှောက်ပြု ခြင်း ကိစ္စကိုလည်း
ပြု ပါတယ် ။

ဆက်လက်ကြိုးစား အားထုတ်လို့ဒုတိယ
အကြိမ် ထပ်မံ ပြည့်စုံသွားရင် သဂဒါဂါမိမဂ် ပုဂ္ဂိုလ်
(သဂဒါဂါမ် ) လို့ဆိုပါတယ် ။
တတိယအကြိမ် ထပ်မံပြည့်စုံသွားရင်
အနာဂါမိမဂ်ပုဂ္ဂိုလ် (အနာဂါမ် ) လို့ဆိုပါတယ် ၊
ဒီမဂ် နဲ့ ကာမတဏှာ နဲ့ ဗျာပါဒ ကို အကြွင်းမဲ့ ပယ်
သတ်လိုက်ပါပြီ ။
နောက်ဆုံး စတုတ္ထအကြိမ် ထပ်မံပြည့်
စုံသွားရင်တော့ အရဟတ္တမဂ် ပုဂ္ဂိုလ် ( ရဟန္တာ ) လို့
ဆိုပါတယ် ။ ဒီ မဂ်ကတော့ ရူပတဏှာ၊ အရူပတဏှာ
တဏှာ ဟူသမျှ တို့ကို အကြွင်းမဲ့ ပယ်သတ် လိုက်တာ ဖြစ်ပါတယ် ။
ဖော်ပြပါ မဂ်လေးဆင့်မှာ တစ်မဂ်လျှင်
လောကုတ္တရာ မဂ္ဂင်ရှစ်ပါးဟာ တကြိမ်သာ ဖြစ်ပါ
တယ် ၊ လောကီမဂ္ဂင်ငါးပါး ကတော့ လောကုတ္တရာ
မဂ္ဂင်ရှစ်ပါး မပြည့်မချင်း အကြိမ်ပေါင်း များစွာဖြစ်နိုင်
ပါတယ် ။ မဂ်ဥာဏ်ပြီး ဖိုလ်ဥာဏ် ပစ္စဝေက္ခဏာဥာဏ်
ဆိုတာ ဓမ္မနိယာမအတိုင်း မလွဲဧကန် အမှန်ပင်ပေါ်
ပေါက်လာမှာဖြစ်ပါတယ် ။

မဂ္ဂင်ရှစ်ပါး ပြည့်စုံတိုင်း ပြည့်စုံတိုင်း
မိမိတို့အနေနဲ့ နိဗ္ဗာန်ကို အာရုံပြု နိုင်မယ်လို့ တစ်
ထစ်ချ သတ်မှတ်ပါ ။ ယခုဘဝမှာ ကိလေသာကုန်
သွားရင် ယခုဘဝမှာပဲ နိဗ္ဗာန်ကို ရမှာပါ ။
အဲ့ဒီ နိဗ္ဗာန်ကို မြတ်စွာဘုရားရှင်က
"သဥ ပါဒိသေသနိဗ္ဗာန်" ခန္ဓာရှိလျှက်နဲ့ မြင်တဲ့နိဗ္ဗာန်
လို့ဟောပါတယ် ။ လောကီမဂ္ဂင်ရဲ့ကိစ္စ ကတော့
အမြင်ငြိမ်းတာ နဲ့ အနေအေးတာ နှစ်ခု ကိုပဲ ဆောင်
ရွက်နိုင်ပါတယ် ။
'အမြင်ငြိမ်းတယ်' ဆိုတာ ရှေ့ခန္ဓာစွန့်
သွားတာကိုဆိုလိုပါတယ် ။ 'အနေအေးတယ်' ဆိုတာ
နောက် ကိလေသာစွန့် သွားတာ ကိုဆိုလိုပါတယ် ။
လောကုတ္တရာ မဂ္ဂင်ရှစ်ပါး ရဲ့သတ္တိ
ကတော့ အမြင်ငြိမ်းပြီး အနေအေးရုံသာမကပဲ'နိဗ္ဗာန်
ကိုမြင်ပါတယ်'ဆိုတဲ့ သုံးကိစ္စ ဆောင်ရွက်ပါတယ် ။

ကိလေသာစွန့်တဲ့အခါမှာလည်း
ဝိပဿ နာမဂ် အနေနဲ့ ကတော့ကုသိုလ်ပြု ဆဲ တခဏ
လောက်သာ ပယ်စွန့်နိုင်ပါတယ် ။ လောကုတ္တရာမဂ်
ကျမှ အကြွင်းမဲ့ အပြောင်အစင် ကို ပယ်သတ်နိုင်ပါ
တယ် ။ လောကုတ္တရာ တရား ကိုးပါး ရှိပါတယ် ။
"မဂ်လေးတန် ၊ ဖိုလ်လေးတန် နဲ့ နိဗ္ဗာန်တရား တို့ပဲ
ဖြစ်ကြပါတယ် ။

နိဗ္ဗာန်ကို မျက်မှောက်ပြု ရာမှာ
နှစ်ပိုင်း နားလည်ထားရပါမယ် ။
-'သဥပါဒိသေသ' နိဗ္ဗာန်ဆိုတဲ့ ဝိပါက်ကမ္မဇရုပ်ကြွင်း
ရှိနေတဲ့နိဗ္ဗာန်ကို မျက်မှောက် ပြု ပြီးမှသာလျှင်
- 'အနုပါဒိသေသ' နိဗ္ဗာန် ( ပဋိသန္ဓေပြန်မဖြစ် )ဆိုတဲ့ ဝိပါက် ကမ္မဇရုပ် အကြွင်းမရှိတဲ့ နိဗ္ဗာန်ကိုရောက်ရှိ
မှာ ဖြစ်ပါတယ် ။

ဗဟုပုတ္တိကာ သောဏထေရီမ ကို
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက...
ငါဘုရား ဟောကြားသည့် အမြတ်ဆုံး
သောလောကုတ္တရာ တရားတော်ကို မဆင်ခြင်သဖြင့်
မသိမြင်သောသူ၏ အနှစ်တစ်ရာပတ်လုံး အသက်
ရှည်ရခြင်းထက် ငါဘုရားဟောကြားသည့် အမြတ်ဆုံး
သော လောကုတ္တရာ တရားကို သိမြင်သောသူ ၏
တစ်ရက်မျှ အသက်ရှည်ရခြင်း သည် မြတ်၏ ဟုဟော
ကြားတော်မူခဲ့ပါတယ် ။

ဒါကြောင့် ဓမ္မမိတ်ဆွေ သူတော်
ကောင်းအပေါင်း တို့သည်လည်း အားထုတ်ကြဆဲ
ဝိပဿ နာဥာဏ် မှ လောကုတ္တရာမဂ်ဥာဏ် သို့ကျေးဇူး
ပြု ၍ မြတ်နိဗ္ဗာန် စခန်းသို့ လျှင်မြန်စွာမျက်မှောက် ပြု နိုင်ကြရန် မြတ်သောပုဂ္ဂိုလ် များဖြစ်ကြပါစေရှင် ။

မိုးကုတ်ဆရာတော် ဘုရားကြီးဟောကြားတော်မူ၍
မိုးကုတ် ဝိပဿ နာ ဓမ္မကထိက ဆရာဦးအောင်သန်း
၏ ပဋိစ္စသမုပ္ပါဒ် အခြေခံ တရားတော်မှ ကောက်နှုတ်
မျှ ဝေပါသည် ။

---------------------------------------------------------------------------https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment