
သီလဆောက်တည်ပြီးရင် ပြည့်စုံအောင်
ဖြည့်ကြပါ။ ပြည့်စုံပြီဆိုရင် မိမိတို့စိတ်အလို
တောင့်တအတိုင်း ပြီးမယ်။ ခုလည်းချမ်းသာ
မယ်၊ နောင်လည်းချမ်းသာမယ်။
ပစ္စု ပါန်ချမ်းသာ.. သံသရာချမ်းသာနှစ်ဖြာ
ကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင်ရဲ့ အဆုံး
အမတော်ကလွဲလို့ တခြား မရှိဘူး။
ဘုရားရှင်ရဲ့ အဆုံးအမဆိုတာ ပိဋကတ်
သုံးပုံပဲ။ ပိဋကတ်သုံးပုံဆိုတာ အလွန်ကျယ်
ဝန်းတယ်။ ပိဋကတ်သုံးပုံကို အဆီထုတ်ရင်
"ဗောဓိပက္ခရာတရား (၃၇) ပါး"ရတယ်။ ဗော
ဓိပက္ခရာ တရား (၃၇)ပါးကို အဆီထုတ်ရင်
မဂ္ဂင်ရှစ်ပါးရတယ်။ မဂ္ဂင်ရှစ်ပါးကိုအဆီထုတ်
ရင် သိက္ခာသုံးပါးရတယ်။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ
အဓိပညာပါပဲ။
သိက္ခာသုံးပါးကို အဆီထုတ်ရင် ဧကော
ဓမ္မော တရားတခုရတယ်။
ရုပ်ပေါ် နာမ်ပေါ်မှာ ခုလို ရှုမှတ်နေတော့
ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်း
ကျန်းမှုမရှိဘူး။ အဲဒါ 'အဓိသီလ'လို့ခေါ်တယ်။
အဓိသီလ အားကောင်းရင် စိတ်တွေဟာ
သောင်ကျန်းမှု မရှိပဲ၊ ငြိမ်ဝပ်ပိပြားပြီး တည်
နေတော့တယ်။ အဲဒါ 'အဓိစိတ္တ' လို့ခေါ်တယ်။
အဓိစိတ္တဆိုတဲ့ သမာဓိ အားကောင်းလို့
အချိန်ကြာရင် ဘယ်လူ.. ဘယ်နတ်.. ဘယ်
ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်
အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက်နေတယ်။
ရုပ်ကိုနာမ်ကသိနေရင် ဖြစ်ပျက်ကို သိတော့
တာပဲ။ ဖြစ်ပျက်ကိုသိတာ 'အဓိပညာ' လို့ခေါ်
တယ်။
အများနားလည်အောင် ပြောရမယ်ဆိုရင်
ခန္ဒာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်းတခု
ဖြစ်တဲ့ နှာဖျားနှာဝမှာ ထွက်လေ ဝင်လေနှစ်
ရပ်ဟာ အမြဲ တိုက်ဝင်တိုက်ထွက်နေတယ်။
နှာဖျားနှာဝမှာ ကာယပဒေသာ အကြည်
က အထိခံ၊ ထွက်လေ-ဝင်လေဖြစ်တဲ့ လေ
နှစ်ရပ် ဖောဌဗ္ဘက ထိတယ်။ ဒီ အထိခံနဲ့ ထိ
တာတို့ ရုပ်၊ သိတာက နာမ်ဆိုတော့ ဒကာ
ကြီး ဒကာမကြီးတို့ သူများကို မေးမနေနဲ့ ၊
ကိုယ့်နှာဝကို ဥာဏ်နဲ့စောင်ကြည့်။ ဝင်တော့
ထိမယ်၊ ထွက်တော့လည်း ထိထွက်မယ်၊ ထိ
တာကို သိနေရင် လောဘ၊ ဒေါသ၊ မောဟ
ဖြစ်ခွင့်မရလို့ လောဘမီး ဒေါသမီး မောဟမီး
ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။
မထိခင်ကလည်း သိလို့မဖြစ်ဘူး၊ ထိပြီးမှ
လည်း သိလို့မဖြစ်ဘူး၊ ထိနေတုန်းကိုသာ သိ
လို့ဖြစ်တယ်။ အဲဒါကို 'ပစ္စု ပါန်တဲ့တဲ့' လို့ ဆို
တယ်။
အဲသလို တထိထဲ ထိနေတာကို တဆက်
ထဲ သိနေအောင် ဆောင်ကြဗျာ့၊ တရက် ၂၄
နာရီ တစပ်လောက်ရရင် အလွန်သိသာပါ
တယ်။ အဲသလို ထိတာကို မသိမှတ်နေရင်
လျှပ်တပြက်တွင်းမှာပဲ အကြွေး ကုဋေ တ
သိန်း ကြွေးတင်သွားရော့ဗျာ့။
ထိတာကို သိနေရင်' ရုပ်နဲ့နာမ်သာ ရှိပါက
လား' လို့ သိလိမ့်မယ်၊ ရုပ်နာမ်မှတပါး ငါ၊
သူတပါး၊ ယောက်ျား၊ မိန်းမ မရှိဘူးဆိုတာ
' ဘုရားရှင်ရဲ့ တရားတော်ဟာ အမှန်ပါလား
လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို
မေးနေဘို့ မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိ
တာကို သိနေရင် ဒီအချိန်မှာ အတ္တဆိုတဲ့
ကိုယ်မရှိဘူး။
ဒီလို သိနေတဲ့အချိန်မှာ ဥာဏ်အမြင် စင်
ကြယ်တယ်၊ သမ္မာဒိဌိ ဖြစ်တယ်၊ ထိတာကို
သိနေတဲ့အချိန်မှာ ' ရုပ်နာမ်မှတပါး အခြားမ
ရှိပါကလား' လို့သိတာကို နာမ်ရုပ်ကိုပိုင်းခြား
ပြီးသိလို့ ' နာမရူပ ပရိစ္ဆေဒဥာဏ်' လို့ ခေါ်ပါ
တယ်။
တထိထဲထိ တသိထဲသိနေရင် အတ္တစင်
လို့ ဥာဏ်အမြင် စင်ကြယ်တဲ့အကျိုး ရတယ်။
ဒါဟာ တဒင်္ဂပဟာန် ခဏအချိန်လေးတွင်း
မှာရတဲ့အကျိုး၊ နဲတယ်လို့မမှတ်ကြနဲ့။ " ကမ္မ
ဌာန်းထိုင်ရတာ ဘာမျှလဲ မတွေ့ပေါင်၊ ဘာ
မျှလဲ မရပေါင်လို့များ မသတ်မှတ်လိုက်ကြပါ
နဲ့။ မြင့်မြတ်တဲ့ဘဝ၊ ဘုရားသာသနာနဲ့ ကြုံ
ကြိုက်တဲ့အခါမှာသာ ဒီလိုအကျိုးထူးများရနိုင်
တယ်။ စားဖို့သောက်ဖို့အသာထားပြီး အထူး
ကြိုးစားကြ။
ကျေးဇူးတော်ရှင် - ဝေဘူဆရာတော်ဘုရားကြီး
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည်
No comments:
Post a Comment