Sunday, January 29, 2017

ကပ်ခွာမေတ္တာ



ဘုရားရှင်လက်ထက်တော်တုန်းက သာဝတ္ထိ
မြို့မှာ သံဃရက္ခိတဆိုတဲ့ သူဌေးသားတဦးရှိ
ခဲ့ဘူးပါတယ်.. သူဟာ သူ့သဒ္ဒါတရားနဲ့သူ ရ
ဟန်းပြု ပြီး မိတ်ဆွေရဟန်းတပါးနဲ့အတူ
တောထဲမှာ တရားအားထုတ်ပါတယ်..

တနေ့တော့ သူတို့ကျောင်းနားမှာ သမင်တ
ကောင်သားလာပေါက်ပါတယ်.. သားပေါက်
သမင်ငယ်လေးကို မိခင်သမင်မက အရိပ်တ
ကြည့်ကြည့်နဲ့စောင့်ရှောက်နေလိုက်တာ အ
လွန် ဆာလောင်မွတ်သိပ်နေတာတောင်
မှ သားတည်းဟူသော ချစ်ခြင်းကြောင့် အ
ဝေးကို အစာရှာမသွားနိုင်ပါဘူး.. အနီးမှာ
မြက် ရေတို့ မရှိလို့ သမင်မဟာ အစာရေစာ
ပြတ်ပြီး အရမ်းကိုပင်ပန်းဆင်းရဲနေရှာတော့
တယ်..

သမင်မကိုကြည့်ပြီး အရှင်သံဃရက္ခိတဟာ
သံဝေဂ ရသွားပါတယ်..

ဪ.. သမင်မ.. သားငယ်ပေါ် နှောင်ဖွဲ့နေ
တဲ့ တဏှာကြောင့် အဝေးကို မသွားနိုင်ပဲ အ
ဆင်းရဲကြီး ဆင်းရဲနေရှာတယ်.. သားငယ်ကို
စိတ်မချနိုင်တဲ့တဏှာနှိပ်စက်လို့ အစာ မစား
ရ.. ရေမသောက်ရနဲ့ ဒုက္ခဖြစ်နေရှာတယ်..

ဪ.. သက်ရှိသတ္တဝါတွေဟာ တဏှာအ
နှောင်အဖွဲ့နဲ့ နှောင်ဖွဲ့ခံနေရလို့ ဆင်းရဲဒုက္ခ
တွေ အကြီးအကျယ်ခံစားနေရတာပဲ.. လော
ကလူသားတွေဟာ တဏှာအနှောင်အဖွဲ့
ကြောင့် ဒုက္ခရောက်နေကြတာပဲ.. ဒီတဏှာ
အနှောင်အဖွဲ့ကို သတ္တဝါတွေ.. လောကလူ
သားတွေဟာ ဖြတ်တောက်ပစ်ဖို့ မစွမ်းနိုင်
ကြဘူး.. ဒီတဏှာအနှောင်အဖွဲ့ကို ငါ.. ပြတ်
အောင် ဖြတ်မယ်..

သားကိုချစ်တာအပြင် စွဲနေတဲ့ သမင်မရဲ့ အ
ဖြစ်ကို ချွန်းသဖွယ်လုပ်ပြီး ကိုယ့်စိတ်ကို ဆုံး
မရင်း တရားအားထုတ်လိုက်တာ သိပ်မကြာ
ခင်မှာပဲ ရဟန္တာဖြစ်သွားပါတယ်.. ကိလေ
သာ အတွေးတွေတွေးနေတတ်တဲ့ မိတ်ဆွေ
ရဟန်းကိုလည်း သမင်မဥပမာနဲ့ပဲ သတိပေး
စကားပြောကြားရာမှာ မိတ်ဆွေရဟန်းဟာ
သံဝေဂ အထူးရပြီး တည်ငြိမ်တဲ့စိတ်နဲ့ ဝိ
ပဿ နာအလုပ် အားထုတ်လိုက်တာ သိပ်မ
ကြာခင်မှာပဲ ရဟန္တာဖြစ်သွားပြန်ပါတယ်..

မေတ္တာနဲ့ပတ်သက်ရင် အမေကသားကို ချစ်
တဲ့အချစ်နဲ့ ဥပမာပေးတတ်ကြပါတယ်.. တ
ကယ်တော့ အမေကသားကိုချစ်တဲ့ အချစ်ထဲ
မှာ မေတ္တာလည်းပါသလို တဏှာလည်း ပါ
နေပါတယ်.. သားရဲ့ စားဝတ်နေရေး ကျန်း
မာရေးတွေ ဖြည့်ဆည်းပေးနေတာ သားရဲ့
ဘဝတိုးတက်ရာ တိုးတက်ကြောင်း လုပ်
ဆောင်ပေးနေတာတွေက မေတ္တာပါ.. သား
မျက်နှာမြင် စိတ်ချမ်းသာ.. သားအသံကြား
သဘောကျ.. ဖက်နေရရင် ကြည်နူး.. နမ်းနေ
ရရင် ကျေနပ်ဆိုတာတွေက တဏှာပါ..

အမေ သမင်မက သား သမင်ငယ်ကို မခွဲနိုင်
မခွာရက်ဖြစ်နေတာ အပေါ်ယံ လောကသ
ဘောအရကြည့်ရင် မေတ္တာလို့ ထင်ရပေမဲ့
သားအနားက မခွာနိုင်တာ မေတ္တာမဟုတ်ပဲ
တဏှာပါ.. မေတ္တာချစ်က ချစ်တဲ့သူနဲ့ ခွဲနိုင်ပါ
တယ်.. ခွဲရလို့ ဝမ်းမနည်းပါဘူး.. နှောင်ဖွဲ့မ
နေပါဘူး.. အမြဲမြင်တွေ့ချင်မနေပါဘူး.. စွဲငြိ
မနေပါဘူး.. စိတ်မပူပါဘူး.. တဖက်သားရဲ့
အကျိုးကိုပဲ ကြည့်ပါတယ်.. တဏှာချစ်က
တော့ ဆန့်ကျင်ဖက်ပါ..

အချိန်မရွေး ခွာလို့ရတဲ့အချစ်မျိုးဟာ မြင့်မြတ်
တဲ့ မေတ္တာချစ်ပါ.. သမင်မလေးဟာ သားနဲ့
မခွဲချင်ပေမဲ့ အစာရှာချိန်မှာတော့ ခွဲနိုင်ရပါ
မယ်.. ငါအစာရှာသွားနေတုန်း သားပျောက်
သွားလည်း ဘယ်တတ်နိုင်ပါ့မလဲ.. ငါ သွား
အစာရှာတာ သူ့အတွက်ပဲ.. ပျောက်သွား
လည်း သူ့ကံပဲပေါ့.. သူ့ထိုက်နဲ့သူ့ကံ.. ငါဘာ
မျှ မတတ်နိုင်ဘူးလို့ ဥပက္ခာနဲ့ယှဉ်တဲ့မေတ္တာ
စိတ်ထားနိုင်ရင် ကိုယ့်မေတ္တာဟာ အရည်အ
သွေး ပြည့်ဝပြီး အားကောင်းတဲ့ မေတ္တာ.. အ
ပူအပင်ကင်းပြီး မြင့်မြတ်တဲ့မေတ္တာဖြစ်နိုင်ပါ
တယ်..

ဥပက္ခာမပါတဲ့ မေတ္တာဟာ တဏှာရဲ့လွှမ်းမိုး
မှုကို ခံရပါတယ်.. မခွဲနိုင်မခွာရက် တွေ့ချင်
မြင်ချင်နေတဲ့ လောဘ.. စိုးရိမ်ကြော့င်ကြတဲ့ ဒေါသ.. အစွဲတဏှာ ပါနေပါတယ်.. ပုထုဇဉ်
တွေရဲ့ သံယောဇဉ်ဟာ မေတ္တာနဲ့ တဏှာ
ရောနေတာဆိုတော့ တဏှာနဲ့ လုံးဝမချစ်ရ
ဘူးလို့ မပြောလိုပါဘူး.. ချစ်ပါ.. တဏှာနဲ့ ချစ်
တဲ့အခိုက် ချစ်ပါ.. သာယာတဲ့အခိုက် သာ
ယာပါ.. ဒါပေမဲ့ သူ့အချိန်နဲ့သူ စိတ်ကို ဖြတ်
ထားခဲ့ပါ.. တဏှာကို မလွှဲမရှောင်သာလွန်း
တဲ့ အခြေအနေမျိုးမှဖြစ်ပါစေ.. သိပ်မလိုအပ်
ရင်.. လွမ်းလောက်စရာ မဟုတ်ရင် မဖြစ်ပါ
စေနဲ့.. ဖြစ်ပြီးရင်လည်းပျက်ပါစေ.. ပျောက်ပါ
စေ..

တွေ့ကာမှချစ်.. ချစ်ကာမှချစ်ဆိုတဲ့ ကပ်ထား
ပြီး အချိန်မရွေး အလွယ်တကူ ပြန်ခွာလို့ရတဲ့
ကပ်ခွာအချစ်.. အစွဲကင်းတဲ့အချစ်ဆိုတာ
ပစ္စုပ္ပါန်တည့်တည့်ရှုတဲ့ ဘာဝနာသမားမှာမှ
ရှိနိုင်တာမို့ ဘာဝနာများလည်းပွားများကြပါ..
တကယ်တော့.. ကွယ်ရင်မေ့ တွေ့ရင်ချစ်ဆို
တာ တရားရှိသူ.. တရားပြည့်သူတို့ရဲ့ တရား
နဲ့ယှဉ်တဲ့ သံယောဇဉ်စိတ်ဓာတ်ပါနော်..

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment