Tuesday, January 31, 2017

အကျေမဆပ်နိုင်သေးပေမယ့် ကျေနပ်အောင်တော့ ပေးဝေမယ်



လောကနည်းနဲ့
ကျေးဇူးမကျေဘူးဆိုပေမယ့်
အဲဒီနည်းနဲ့လည်း
ဆပ်တော့ ဆပ်နေရမှာပါပဲ။
သီတင်းကျွတ်ကျမှ
မိဘကို ကန်တော့တာမျိုး
နှစ်သစ်ကူးကျမှ
မိဘကို လက်ဆောင်ပစ္စည်း
ပေးတာမျိုးလောက်နဲ့ ကျေနပ်မနေဘဲ
နေ့စဉ်၊ လစဉ် ဆိုသလို
မိဘကို အရိပ်တကြည့်ကြည့်နဲ့
ပြုစုစောင့်ရှောက်သင့်ပါတယ်။
မိဘက ကိုယ်ကို
ထမင်း ဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ၊
ကိုယ်ကရော မိဘကို
ထမင်း ဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီလဲ၊
မိဘက ကိုယ်ကို
အင်္ကျီ၊ လုံချည် ဘယ်နှထည် ဆင်ခဲ့ဖူးသလဲ၊
ကိုယ်ကရော မိဘကို
အင်္ကျီ၊ လုံချည် ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ၊
`ပြန်တွေးကြည့်ရင် ရှက်စရာ´ ဆိုတဲ့
စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင်
အစွမ်းကုန် ဖြည့်ဆည်းပေးလိုက်စမ်းပါ။
မိဘသေခါမှ
`ကျေးဇူးမဆပ်လိုက်ရလေခြင်း´ လို့
အရှက်မရှိ အော်ငိုမနေပါနဲ့။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment