Sunday, January 29, 2017


ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင်ထားခဲ့တာက သာသနာ အနှစ်(၅၀၀၀)နော် ...

ပထမ သာသနာအနှစ် (၅၀၀)က ... ဝိပဿနာခေတ်
(၅၀၁) ... မှ ... (၁၀၀၀)အထိက ... သမထခေတ်
(၁၀၀၁) ... မှ ... (၁၅၀၀)အထိက ... သီလခေတ်
(၁၅၀၁) ... မှ ... (၂၀၀၀)အထိက ... သုတခေတ်
(၂၀၀၁) ... မှ ... (၂၅၀၀)အထိက ... ဒါနခေတ်
ပြီးတော့မှတစ်ခါ ...
(၂၅၀၁) ... မှ ... (၃၀၀၀)အထိက ... ဝိပဿနာခေတ်ဆိုပြီး
တစ်ပါတ်ပြန်လည်တာနော် ၊ ကျန်တာကတော့ အထက်ကအစီ
အစဉ်အတိုင်းပါဘဲ ။

~ သာသနာရဲ့ အဆီအနှစ်ဖြစ်တဲ့ ဝိပဿနာထွန်းကား ပြန့်ပွါးရာ
ခေတ်က အနှစ် (၅၀၀) နှစ်ကြိမ်တည်းပါ ။ ပထမ တစ်ကြိမ်က
ကျွန်တော်တို့ မမှီလိုက်ပါဘူး ။ ကံကောင်းထောက်မလို့ ဒုတိယ
အကြိမ် ဝိပဿနာခေတ်မှာ လူဖြစ်လာပြီး ဆရာသမားကောင်း
ထံမှ နည်းမှန် လမ်းမှန် နာယူ မှတ်သားပြီး ကျိုးစား အားထုတ်ခွင့်
ရတယ်ဆိုတာ နောက်ထပ်ရဖို့ အခွင့်အလမ်း မရှိတော့ပါဘူး ။
ဒီတစ်ကြိမ် အခွင့်အရေးကို လက်လွတ် ဆုံးရှုံးမည်ဆိုပါက ဒုက္ခ
သံသရာ ရေယာဉ်ကြောမှာ မျောပါလိမ့်ဦးမည် ။ မြုတ်ပါလေဦး
မည် ။ အဘယ့်ကြောင့်ဆိုသော် (ဝိပဿနာခေတ်) သာသနာသည်
ကျွန်တော်တို့၏မသေခင် ကျန်ရှိတော့သည့်အသက်တမ်းနှင့်သာ
သက်ဆိုင်တော့သောကြောင့် ဖြစ်ပါသည် ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment