Monday, January 30, 2017

ကံအကျိုးပေး



လူတွေဟာ ကုသိုလ်ကံအကျိုးပေးကြောင့် လူ့ဘဝတွေ ရလာကြတယ်၊

လူ့ဘဝကို မြတ်စွာဘုရားက ဘယ်လိုသုံးသပ်ပြသလဲဆိုရင် လူတွေဟာတဲ့ အတိတ်ဘဝတုန်းက ကုသိုလ်လည်း လုပ်တယ်၊ အကုသိုလ်လည်း လုပ်တယ်၊ ကုသိုလ်အကျိုးပေးလှည့်ရောက်လာလို့ လူ့ဘဝကို ရလာခဲ့ရတယ်၊

လူ့ဘဝကိုရလာလို့လည်း သုခ ဒုက္ခ လို့ဆိုတဲ့ ၂-မျိုးခံစားရတယ်၊ ကုသိုလ်တွေက အကျိုးပေးတဲ့အခါမှာ ကောင်းတာတွေ ခံစားရတယ်၊

အကုသိုလ်က အကျိုးပေးတဲ့အခါကျတော့ အဆိုးတွေကို ရင်ဆိုင်ရတော့တာပေါ့၊

လူ့ဘဝဆိုတာ ကောင်းလိုက် ဆိုးလိုက်နဲ့ တစ်လှည့်စီ ခံစားကြရတာပါပဲ၊

အတိတ်ဘဝတွေမှာလည်း အကောင်းနဲ့ အဆိုးကို ရောလုပ်လာကြတာကိုး။

{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment