Friday, January 27, 2017

ဆားတောင်ဆရာတော်ဘုရားကြီး ဦးပညာဏိက ၏ ထိ သိ သတိ ဆုံးမသြဝါဒများ



ရဟန္တာအရှင်သူမြတ်ကြီး ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ထိ သိ သတိ ဆုံးမသြဝါဒများအားပူဇော်ပေးလိုက်ပါသည်။

၁။ တရားနှင့်အိပ်စက်ခြင်းတရားနှင့်နိုးထခြင်းတရားနှင့်မွေ့လျော်ခြင်းဒါအပ္ပမာဒတရားဘဲ။

၂။ တောထဲလွှတ်ကျောင်းတဲ့နွားတွေဟာနေ့တိုင်းနေ့တိုင်းဒီစားကျက်ပဲ စားနေကြတာပဲစားစရာမရှိဘူးထင်ရပေ မဲ့ကိုက်ပါများတော့လဲဗိုက်ပြည့် တာပဲတရားဆိုတာလဲဒီအတိုင်းပါပဲဒီ ခန္ဓာပဲနေ့စဉ်ရှုမှတ်နေရမှာပါပဲ။

၃။ ပြဿနာကကိုယ့်ဆီလာတာမ ဟုတ်ပါဘူးပြဿနာကိုသာကိုယ်က လက်ခံထားလို့ရှိနေတာပါ။

၎။ ဘာမဆိုအတွင်းကအေးနေအောင်လုပ်ရ တယ်အပြင်ကဘယ်လောက်ပူပူအတွင်းကအေးနေတော့အေးတာပဲအပြင်ကဘယ်လောက်အေးအေးအတွင်းကပူတော့ပူတာပဲ။

၅။ အားကိုးမမှားစေနဲ့မိမိကိုယ်ကိုအားကိုးရမယ်။

၆။ ခန္ဓာကတော့သူ့တရားသူပြနေတာပဲလောဘဒေါသမောဟဖုံးနေတော့ဘာမှမသိလို က်ရဘူး။

၇။ ခန္ဓာရှိနေသရွေ့အမြဲတမ်းဆင်းရဲ နေမှာပဲဆင်းရဲတွင်းကလွတ်ဖို့တရားအားထုတ်ပါဆိုတော့မထုတ်ချင်ကြဘူး။

၈။ စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူးတ ရားကဖြတ်မှပြတ်တာတရားရှိအောင်အားထုတ်ကြတရားရှိတော့တရားကပဲဖြတ်ေ ပးတယ်ပြတ်ပေးတယ်ပယ်ပေးတယ်။

၉။ ဘယ်လိုပုဂ္ဂိင်္ုံလ်ပဲဖြစ်ဖြစ်တရားကတော့အားထုတ်ရမှာပဲအားထုတ်ခွင့် ကြုံတုံးအားထုတ်ကြသာသနာပပြီဆိုေ တာ့ဝိပဿနာနဲ့တွေ့ရတာမဟုတ် ဘူးဒီတော့ပိုနစ်နာတယ်။

၁၀။ တရားအားထုတ်ဖို့တော့မအားဘူးမ အားဘူးလို့ပြောနေကြတယ် သေချိန်ကျလာလို့မသေချင်ဘူးလို့ ပြောလို့ရတာမဟုတ်ဘူးမအားဘူးလို့ ပြောလို့ရတာမဟုတ်ဘူး ။

*ထေရုပ္ပတ္တိနှင့်တရားကျင့်စဉ်*မှ မျှဝေပူဇော်ပါသည် ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment