Saturday, January 28, 2017

လှူပြီး​သောအခါ ဝမ်း​မြောက်ပါ


သာသနာပ ကာလ၌ သူကြွယ်​တစ်​​ယောက်​သည်​ အိမ်​​ပေါက်​ဝ၌ ဆွမ်းရပ်​​​တော်​မူ​လာ​သောပ​စ္စေကဗုဒ္ဓါ အရှင်​မြတ်​အား ဆွမ်း​လောင်းကြပါဟုဆို၍ ကိစ္စတစ်​ခုနဲ့ အပြင်သွားပြီး​နောက်​ ဆွမ်း​လောင်းခိုင်းမိတာ မှား​လေခြင်းဆိုပြီး နှလုံးမသာမယာဖြစ်​​လေ၏

ထိုဆွမ်းကို လှူဒါန်းခဲ့​​သောကုသိုလ်​​ကြောင့်​ ငါတို့ဘုရားလက်​ထက်တွင်​ သူ​ဌေးဖြစ်​လာ​သော်​လည်း အပရ​စေတနာချို့တဲ့ခဲ့​လေသော​ကြောင့်
သူ​ဌေးနှင့်​တူ​အောင်​မ​နေရ
မစားရက်​ မ​သောက့်​ရက်​နဲ့ ဘဝနိဂုံး ချုပ်​ရရှာ​လေသည်​။

သတိထားကြပါ
မိမိတို့ လှူပြီးရင်​ ဝမ်း​မြောက်​ဝမ်းသာ ပွားဖို့လိုသည်
မိမိ၏ဒါနကို အမှတ်​ရ​နေခြင်းသည်​လည်း အနုဿတိတစ်​ပါးပါဘဲ

လှူတုန်းက အရင်းအနှီး ဖြစ်တယ်
ပြန်​​တွေးပြီး ပွါးများ​နေတာက အတိုးများ
တက်နေခြင်းပင်​ ဖြစ်​ပါ​တော့သည်​။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment