Tuesday, January 31, 2017

အလောင်းတော်ကို ဘယ်သူသင်္ကန်းဝတ်နည်း သင်ပေးပါလဲ



အမေး။ ။ အခုအခါ ရဟန်းသံဃာတော်များ သင်္ကန်းကို ဘယ်လိုဝတ်ရုံရမယ်၊ ဘယ်လိုရမ်းရမယ်ဆိုတာ သင်္ကန်းဝတ်နည်းကို ဆရာက သင်ပေးကြပါတယ်။ ဘုရားအလောင်းတော်မင်းသားကို သင်္ကန်းဝတ်ရုံနည်းကို ဘယ်သူသင်ပေးခဲ့သလဲ ဆိုတာ သိချင်ပါတယ်ဘုရား။

ဦးဣန္ဒောဘာသ ရန်ကုန်

အဖြေ။ ။ဒီမေးခွန်းလဲ မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။
အလောင်းတော်မင်းသားဘ၀မှာ သင်္ကန်းကို ဘယ်လိုဝတ်ရမယ်ဆိုတဲ့ သင်ပေးတဲ့ဆရာမရှိပါ။

သို့ပါသော်လည်း ရှေးဘုရားရှင်တို့ရဲ့ အထံတော်မှာ ရဟန်းပြုခဲ့ဖူးပြီဖြစ်တဲ့အတွက် သင်္ကန်းဝတ်ရုံမှုနဲ့စပ်ပြီး အလေ့အကျင့်ရပြီး ဖြစ်နေတာကတကြောင်း၊ ဥာဏ်တော်ကြီးမြတ်တဲ့အတွက်ကြောင့်လည်းကောင်း ပရိက္ခရာကို နေရာတကျ ၀တ်ရုံတတ်နေပါ တယ် လို့ ယူဆရပါတယ်။

(မဟာဗုဒ္ဓ၀င်၊ဒု၊နှာ၊၂၀၅)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment