Sunday, January 29, 2017

လူ့ဘ၀ဖျက် အကျင့်စရိုက်များ



၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်း
လည်းကောင်း၊ ရန်သူ များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊
မကောင်းသော အဆွေခင်ပွန်းရှိခြင်း လည်းကောင်း၊ အလွန်စေနှဲခြင်း
လည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ် ကုန်၏။
.

၂။ မကောင်းသော မိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖေါ်ရှိသူ သည်လည်းကောင်း၊ မကောင်းသော အလေ့အကျင့်၊
မကောင်းသော ကျက်စားရာရှိသူသည် လည်းကောင်း၊ ဤလောက၊
တမလွန်လောက နှစ်ပါးစုံသော ဘ၀မှ ပျက်စီးခြင်းသို့ လျောကျ တတ်၏။
.

၃။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊ မိန်းမလိုက်စားခြင်း လည်းကောင်း၊ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊ ကခြင်း သီခြင်းကို ကြည့်ရှုနားထောင်လေ့ရှိခြင်း လည်း ကောင်း၊ နေ့အခါ၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊ အခါမဲ့၌ ခရီးသွားလေ့ရှိခြင်း လည်းကောင်း၊ မကောင်းသော သူတို့ကို အဆွေခင်ပွန်း ဖွဲ့လေ့ရှိခြင်း လည်းကောင်း၊ အလွန်နှမြောစေးနှဲခြင်း လည်းကောင်း၊ ဤ ၆ ပါးသော အကြောင်းအရာတို့သည် လူကို ဖျက်စီးတတ်ကုန်၏။
.

၎။ အကြင်သူသည် ကြွေအန်တို့ဖြင့် လောင်းကစားကုန်၏။ သေရည်သေရက်
သောက်ကုန်၏။ သူ တပါးတို့၏ မယားတို့ကို သွားလာမှီဝဲကုန်၏။
ထိုသူတို့၏စည်းစိမ် အခြံအရံသည် လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်၏။
.

၅။ မရှိဆင်းရဲသော မွတ်သိပ်သော အကြင်အရက်သမားသည် သောက်လို
သည်ဖြစ်၍ အရက်ဆိုင် သို့ သွား၏။
ထို အရက်သမားသည် ရေ၌ ကျောက်ခဲနစ်မြှုပ်သကဲ့သို့ ကြွေး၌ နစ်မြှုပ်လတ္တံ့၊ မိမိ၏ ဆွေမရှိ၊ မျိုးမရှိ၊ အထီးကျန်သူအဖြစ်ကို လျင်စွာပြုလတ္တံ့။ ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment