Sunday, January 29, 2017

ဘယ်လိုမိတ်ဆွေမျိုးကိုပေါင်းသင်းမလဲ...?


လူဘဝရယ်လို့ရလာရင်မိတ်ဆွေဆိုတာရှိကြမှာပါပဲ...
အဲဒီအခါကိုယ်ကဘယ်လိုမိတ်ဆွေမျိုးကိုပေါင်းသင်းမလဲဆိုတာကတော့အဓိကကျပါတယ်...

ဘာလို့လဲဆိုတော့အပေါင်းအသင်းကြောင့်ဂုဏ်တက်သလို၊အပေါင်းအသင်းကြောင့်လဲဂုဏ်ပျက်တတ်ပါတယ်...။

အဇာတသတ်မင်းသားကိုဥပမာယူကြည့်​ပါ...။

အဲဒါကြောင့်အခုဖော်ပြလိုက်သောပေါင်းသင်းဆက်ဆံထိုက်တဲ့မိတ်ဆွေအင်္ဂါ(၇)ချက်ကိုဓမ္မဒါနပြုပေးလိုက်ပါတယ်...။

၁။ဒုဒ္ဒသံ ဒဒါတိ။
ပေးနိုင်ခဲသောအရာဝတ္ထုကိုပေးနိုင်ခြင်း။

၂။ဒုက္ကရံ ကရောတိ။
ပြုပေးနိုင်ခဲ(လုပ်ပေးနိုင်ခဲ)သောအမှုကိုပြုပေးနိုင်ခြင်း။

၃။ဒုက္ခမံ ခမတိ။
သည်းခံနိုင်ခဲလှတဲ့သောအရာများကိုသည်းခံပေးတတ်ခြင်း။

၎။ဂုယှဿ အာဝိကရောတိ။
သူ့ရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုပြောပြတတ်ခြင်း။

၅။ဂုယှဿ ပရိဂူဟတိ။
ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေးထားတတ်ခြင်း။

၆။အာပဒေသု နဇဟတိ။
ဘေးရန်ရှိ(အခက်အခဲရှိ)လာတဲ့အခါ ပစ်မထား(စွန့်မထား)တတ်ခြင်း။

၇။ခီဏေသု နာတိမညတိ။
ပစ္စည်းဥစ္စာတွေကုန်ခန်းသွားတဲ့အခါ(ဆင်းရဲသွားတဲ့အခါ) အထင်မသေးတတ်ခြင်း(မပစ်ထားတတ်ခြင်း)။တို့ဖြစ်ကြပါတယ်...။

ဓမ္မမိတ်ဆွေများအားလုံးဘဝလမ်းခရီးမှာမိတ်ဆွေကောင်းများဖြင့်ပေါင်းသင်း၍နိဗ္ဗာန်၏အထောက်အပံ့ဖြစ်နိုင်ကြပါစေ....။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment