
နေ့စဉ်ဘဝမှာ ငါဘယ်လိုနေသလဲ?..
တစ်နေ့တာ အချိန်တစ်ခုကို ဘယ်ပုံဘယ်နည်းနဲ့ ကုန်ဆုံးစေသလဲ?.
ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ရမယ်..
လောကမှာ ဆင်ခြင်သုံးသပ်မှုမရှိရင်
ဘယ်တော့မှ အဖြေမထွက်ဘူး..
ဒါကြောင့်မို့ ကိုယ့်ဘဝမှာ ဘယ်ပုံနေတယ်ဆိုတာ
ဆင်ခြင်သုံးသပ်ကြည့်ဖို့ လိုတယ်..
အဲဒီလို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ
မိမိရဲ့နေပုံထိုင်ပုံဟာ မှားယွင်းနေတယ်ဆိုလို့ရှိရင် ပြင်ရမှာပဲ..
မိမိရဲ့နေပုံထိုင်ပုံက ကောင်းတယ်ဆိုရင်လည်း
ဆက်လက်ပြီးတော့ ဒီနေပုံထိုင်ပုံနဲ့ နေထိုင်ရမှာပဲ..
လူတိုင်း လူတိုင်းဟာ ဘဝတစ်ခုမှာ မသေမချင်း နေသွားကြမှာချည်းပဲ..
အဲဒီလိုနေသွားတဲ့ထဲမှာ The way of lifeထဲမှာ
ဒို့ဟာ အကောင်းဆုံးနည်းနဲ့ ဘဝတစ်ခုမှာ နေထိုင်ဖို့
ဘယ်ဟာအကောင်းဆုံးလဲဆိုတာ ရွေးချယ်ကြဖို့ လိုတာပေါ့..
Dr.နန္ဒမာလာဘိဝံသ(ပါချုပ်ဆရာတော်ဘုရားကြီး)
#Ashin Dhammapiya
__
"လုပ်သင့်တာ မလုပ်ရင်"
- မောဟဆိုတဲ့ သဘာဝတရား ရှိတယ် ။
သူက ယဉ်ယဉ်ကလေးရယ် ။
- မောဟဆိုတာ အေးဆေးတွေဝေနေတာ , ဘာပြဿနာမှ
မရှိဘူး လို့ ထင်ရတယ် ။ မောဟကမှ ပိုပြဿနာ ကြီးတာ ။
- သူက လုပ်သင့်တာရယ် , မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ ...
- မလုပ်သင့်တာတွေ လုပ်တယ် , လုပ်သင့်တာတွေ မလုပ်ဘူး။
- အဲဒီတော့ ...
- မလုပ်သင့်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို
လုပ်သင့်တာကို မလုပ်လို့ ရှိရင်လဲ အပြစ်ဖြစ်တယ် ။
- လူတွေကတော့ ထင်ကြတယ်။
" ဟာ ဒီလူက မလုပ်သင့်တာကို လုပ်တာကိုး , ဒါကြောင့်
ပြသနာ တက်တာပေါ့ " လို့ ပြောကြတယ် ။
- မလုပ်သင့်တာကို လုပ်ရင်သာ အပြစ်ဖြစ်တယ်
ထင်နေကြတာ။ လုပ်သင့်တာကို မလုပ်ရင်လဲ အပြစ်ပဲ ။
ဆုံးရှုံးနစ်နာတာ အတူတူပဲ ။
- အဲဒါ ဘယ်သူကြောင့် ဒီလိုဖြစ်ရတာတုန်း ?
- မောဟကြောင့် ဖြစ်ရတာ ။
- မလုပ်သင့်တာကို လုပ်တယ် , လုပ်သင့်တာကို မလုပ်ဘူး။
- သည့်အတွက် ...
ဆုံးရှုံးနစ်နာမှု မြောက်များစွာ ဖြစ်ရတယ် ။
" ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ "
( ဘဝခရီး ရွေးချယ်ရမယ့်လမ်း ၊ စာ- ၃၂-၃၃ ) မှ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment