Monday, January 30, 2017



မင်းတို့သေလွန်ခဲ့ပြီး ငရဲရောက်ခဲ့ရင်....

ငါ့ကို ... အကြောင်းကြားပေးပါ လို့

သေခါနီး သူငယ်ချင်းတွေကို... အမှာပါး ပေမဲ့

အခုထိတစ်ယောက်မှ လာမပြောပုံ ထောက်၍

ငရဲ ဆိုတာ မရှိပါဘူး
နောင်ဘဝ ဆိုတာလဲ မရှိပါဘူး... အရှင်ဘုရား?

.....

လောကမှာ အပြစ်ရှိလုပ်တဲ့သူတွေကို အချူပ်
ထောင်ချ + သေဒဏ် ပေးတာတွေ မရှိဘူးလား
(ရှိပါတယ် ဘုရား)

သေဒဏ်ပေးခံရတဲ့သူတစ်ယောက် ...ဟာ
သေဒဏ်ပေးခံရခါနီးမှာ...
အရေးကြီး မှာစရာ ရှိလို့ အိမ်ခဏ ပြန်ခွင့်ပြုပါ
လို့ .. ခွင့်တောင်းရင်... ရနိုင်သလား?
(မရပါ ဘုရား)

...
ငရဲမှာ အပြစ်ပေးခံရတဲ့ .. ငရဲသားတစ်ယောက်
သူငယ်ချင်းကို..ပြောစရာရှိလို့ ခဏပြန်ပါရစေ

လို့ ခွင့်တောင်းရင် ရနိုင်ပါ့မလား?
(မရနိုင်ပါ ဘုရား)

အေး ပြန်လို့မရဘူးနော် ... သူ့အပြစ်ဒဏ်မကုန်
မချင်း...ပေးဆပ်ရတာနော်

ဒါကြောင့်.. ကိုယ်သူငယ်ချင်း လာမပြောတာနဲ့ပဲ
နောင်ဘဝ မရှိဘူးဆိုတာ..ဖြစ်နိုင်ပါမလား?
(မဖြစ်နိုင်ပါ ဘုရား)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment