Friday, January 27, 2017

သင်္ခတ ဒုက္ခမှ အသင်္ခတ နိဗ္ဗာန်ပေါ်လာပုံတရားတော်


ဒကာ;ဒကာမတို့ ပဋိစ္စကမုပ္ပန္ဒတရားနဲ့
သင်္ခတတရားဟာ အတူတူပဲဆိုတာကို ယနေ့
ရှင်းပြမယ်။ ဒကာ;ဒကာမတွေရဲ့ခန္ဓာကိုယ်ကြီးဟာ
ခန္ဓာငါးပါးပေါင်းပြီးမှ ဖြစ်တယ်လို့ အားလုံးမှတ်
ထားကြနော်I ဒကာ;ဒကာမတွေသိတဲ့အတိုင်းပဲ
ကံI စိတ်I ဥတုI အာဟာရကြောင့် (ရုပ်)တရား
လာတယ်I အာရုံဒွါရကြောင့် (နာမ်) တရားတွေ
ပေါ်လာတယ်I (မှန်ပါ့ဘုရား)

ကောင်းပြီ့ ခန္ဓာငါးပါးသည် အကြောင်း
ကင်းပြီးပေါ်သလားI အကြောင်းတွေက(ပြုပြင်)
လို့ ပေါ်သလားဆိုတာ စဉ်းစားပါI ခန္ဓာငါးပါးသည်
(အကြောင်းတွေကပြုပြင်လို့ပေါ်လာပါတယ်ဘုရား)
အကြောင်းတွေက ပြုပြင်လို့ပေါ်တော့ ပြုပြင်
ပါတာသည် (သင်္ခတ)တရားလို့ မှတ်ကြစမ်းပါ။
ပြုပြင်လို့ ပေါ်လာတဲ့ တရားဟာ ပြုပြင်တဲ့ သတ္တိ
ကုန်ရင် ဘာဖြစ်မလဲ (ပျက်သွားပါတယ်ဘုရား)။

ပြုပြင်တဲ့သတ္တိကုန်ရင်ပျက်စီးသွားမယ်
ဆိုတော့ သြော့်ဒို့ခန္ဓာငါးပါးကြီးဟာ ကံက
ပြုပြင်လိုက်I စိတ်က ပြုပြင်လိုက်I ဥတုကပြု
ပြင်လိုက်I အာဟာရကပြုပြင်လိုက်I အရုံဒွါရက
ပြုပြင်လိုက်တော့ ပြုပြင်လို့ ခန္ဓာငါးပါ့း
ရုပ်နာမ်နှစ်ပါးပေါ်တယ်I ပြုပြင်တဲ့ (သင်္ခတ)
တရားဟာ အရှိန်အစော်အာနုဘော် သတ္တိကုန်ရင်
ဘာဖြစ်မလဲ့(မရှိတော့ပါဘုရား) ပျက်စီးသွားမယ်။

ဒါဖြင့် ကျုပ်တို့ခန္ဓာကိုယ်ကြီးဟာ
ပြုပြင်လိုက်I ပြုပြင်လို့ ပေါ်လာလိုက်I အရှိန်အစော်
ကုန်လို့ ပျက်စီးလိုက်နဲ့ ဖြစ်နေတော့ ခန္ဓာငါးပါး
ဝေဒနာလည်း အတူတူပဲI ကျန်းတဲ့ခန္ဓာတွေလည်း
အတူတူပဲI ပြုပြင်လိုက် ပြုပြင်လို့ပေါ်လာလိုက်I
အကြောင်းတရားကုန်ရင်I ပျက်စီးလိုက်ဆိုတော့
ခန္ဓာငါးပါးသည် ဘယ်အခါကာလမှ မြဲလိမ့်မယ်I
ခိုင်လိမ့်မယ်I တည်တံ့လိမ့်မယ်လို့ ပြောစရာ
အချက်အလက် အကွက်ပါပါရဲ့လား
(မပါ_ပါဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးကို ဘာတရားလို့
ခေါ်ကြမယ် (သင်္ခတ တရားပါဘုရား) သင်္ခတ
တရားလို့ ခေါ်ဖြစ်အောင် ခေါ်ကြပါI (မှန်ပါ့)
သြော့်သင်္ခတတရားဆိုတာ ပြုပြင်မှ ပေါ်တဲ့
တရားI ဒီတရားဟာ ရှေးတုန်းက ပြုပြင်လို့ပေါ်ပြီး
ပြုပြင်တဲ့တရားက အကြောင်းတွေ သိမ်းလိုက်တဲ့
အခါကျတော့ သင်္ခတခန္ဓာကြီးဟာ ပျက်စီး
ခြင်းသို့ ရောက်ခဲ့တယ်I ဒီလိုရောက်လာတာ
ဘယ်လောက်ကြာပြီလဲလို့ မေးလို့ရှိရင် ဘယ်နဲ့
ဖြေကြမလဲ (မရေတွက်နိုင်ပါဘုရား)I မရေတွက်
နိုင်ဘူးဆိုတဲ့ အဖြေတွေအများကြီးထွက်မယ်
(မှန်ပါ့)။

အော့်ဒါဖြင့် ကျုပ်တို့သည် (သင်္ခတ)
နယ်ထဲမှာ နေရတယ်ဆိုတာ သဘောကျပြီလား
(ကျပါပြီ) သင်္ခတ ထဲနေလို့ရှိရင် ဖြစ်လိုက်I
ပျက်လိုက်နဲ့ဆိုတော့ သေချာပြီလား
(သေချာပါပြီဘုရား)။

သင်္ခတထဲနေရင် ဖြစ်လိုက်I ပျက်လိုက်နဲ့
နေရတော့မယ်ဆိုလို့ရှိရင် ဒကာ;ဒကာမတွေက
သြော့်ဒီခန္ဓာကြီးရထားတာ ကောင်းကောင်း
မနေရI ခဏ ခဏ ပျက်နေတဲ့ခန္ဓာကြီးပါကလား
ဆိုလို့ရှိရင် လွဲသေးသလား (မလွဲပါဘုရား)
ဘယ်နဲ့ကြောင့် ခဏ; ခဏဖြစ်; ခဏ;ခဏ
ပျက်ပါလိမ့်မတုံးလို့ သူကိုမေးကြည့်ပြန်တော့
သူက (သင်္ခတ) တရားလို့ ပြောပါလိမ့်မယ်။

ဒကာ;ဒကာမတို့ သင်္ခတတရား သင်္ခတ
ဓမ္မာဆိုတာ ပြုပြင်မှ ဖြစ်ပေါ်တဲ့တရားဆိုတော့
သင်္ခတဒုက္ခနဲ့ သင်္ခါရဒုက္ခ အတူတူပါပဲတဲ့I
ဒီခန္ဓာကြီး ရထားတာက အစားနဲ့ ပြုပြင်ရတာ
ကတစ်မျိုးI အဝတ်နဲ့ပြုပြင်ရတာကတစ်မျိုးI
ကံနဲ့ပြုပြင်ရတာနဲ့I အာဟာရနဲ့ပြုပြင်ရတာနဲ့I အာရုံတွေနဲ့ ပြုပြင်
ပေးနေရတာနဲ့ တစ်နေ့မှ မပြုပြင်ရတဲ့ အချိန်မရှိI
တစ်မိနစ်မှ မနားမနေပြုပြင်နေရတဲ့ အချိန်ချည်းပဲ
ဖြစ်နေတယ် (မှန်ပါ့)။

အဲဒီတော့ ဒီသင်္ခတတရားကိုပဲ
ပဋိစ္စသမုပ္ပန္ဒတရားလို့လည်းဆိုပါI ပဋိစ္စသမုပ္ပါဒ်
တရားလို့လည်း ဆိုလိုက်စမ်းပါ (မှန်ပါ့)
ဘာပြုလို့တုံးI ဟေတု့အကြောင်းတွေက
ပြုပြင်တော့ ဒါဟာအကျိုးတရားမဖြစ်ဘူးလား
ဖြစ်ပါတယ်I ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့်
ပေါ်လာတဲ့အကျိုးခန္ဓာကြီးဆိုရင် လွဲပါ့မလား
(မလွဲပါဘုရား)။

(မိုးကုတ်ဆရာတော်ဘုရားကြီး)
မိုးကုတ်ဝိပဿနာအခြေခံတရားအနှစ်သာရနှင့်
ရှုပွားနည်း
* * * * * *


https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment