Sunday, January 29, 2017

ငါသည် တစ်နေ့ မုချသေရမယ်



ဤစာသားလေးသည် ကဗျာမဟုတ်ပါ တစ်နေ့တစ်နေ့
မြင်ရတွေ့ရ သင်္ခါရတရားတွေပါ......
ငါသည် တစ်နေ့ မအိုချင်ပေမယ့်လည်း အို ခြင်း ဇရာ
ငါသည် တစ်နေ့ မနာချင်ပေမယ့်လည်း နာ ခြင်း ဒုက္ခ
ငါသည် တစ်နေ့ မသေချင်ပေမယ့်လည်း သေ ခြင်းမရဏ
ဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တ လောက နိယာမတရား
ကိုရှောင်လွှဲလို့မရပါဘူး
ငါတို့ဟာ မိခင်ဝမ်းတွင်း သန္ဓေတည် လူလောကထဲ
ရောက်လာ ကတည်းက နေ့စွဲမပါတဲ့
သေတမ်းစာနဲ့အတူ သေမိန့်ပါပြီးသားပါ
ငါ ဘယ်လောက် သန်သန်
တစ်နေ့တော့ ဇရာ အိုခြင်း ရှောင်လွှဲမရ
ငါဘယ်လောက် မာမာ
နာချင်း ဒုက္ခ ရှောင်လွှဲမရ
ကြီးတာ ငယ်တာ မရှိ မရဏာ သေမင်းက သင်တို့
ကျုပ်တို့ရဲ့ အနားမှာ အမြဲရှိပါတယ် မိဘ ဆွေမျိုး မိတ်ဆွေ ဘယ်
လောက် ချစ်တယ်ပြောပြော ဘယ်လောက်ခင်တယ်ပြောပြော
သေရင်အိမ်ပေါ်မှာမထားချင်ကြပါဘူး
အချိန်တန် ထမ်းထုတ်သွားရတာပါပဲ
ဒါကြောင့် အသေမကူးခင် ဥာဏ်ဦးအောင်
ကုသိုလ် တရား ဘာဝနာ တရား အားထုတ်ကြပါ
တစ်နေ့ ကို အနည်းဆုံးတော့ မရဏာနုသတိ တရား ပွားပါ
ငါလည်း တစ်နေ့ သေရမှာပါ........

``မရဏာ နုဿတိ ဘာဝနာ´´
•••••••••••••••••••••••••••••
မရဏံ မေဓုဝံ၊ဇီဝိတံ မေ အဓုဝံ။
မေ-ငါ့အား
မရဏံ-သေရခြင်းသဘောသည်
ဓုဝံ-အမြဲရှိ၏
မေ-ငါ့အား
ဇီဝိတံ-အသက်ရှင်၍ နေရခြင်းသဘောသည်
အဓုဝံ-အမြဲမရှိ။

အမြဲ သတိရှိကြပါစေ.......

ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဓမ္မံသရဏံဂစ္ဆာမိ
သံဃံသရဏံဂစ္ဆာမိ

အနိစ္စ အမြဲမရှိ
ဒုက္ခ ဆင်းရဲခြင်း
အနတ္တ ငါ၏ခန္ဓာ မဟုတ်......

လယ်တီ ဆရာတော်ကြီး၏ ဓမ္မ လင်္ကာ

တစ်နေကွယ်

သေနယ် သို့ တစ်ခါ ကူး

မေ့လျော့ကာ သေဘူး ထင်ပါနဲ့

နေကွယ်တာ အချိန် များရင်ဖြင့်

သေနယ်ရွာ တစ်ကြိမ် သွားရပါလိမ့် မယ်

တား မရ ဘူး.....။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment