
ရှေးတုန်းက အမျိုးသမီးတွေဆိုတာ တော်တော်များများက မီးဖိုချောင်ထဲမှာ ထမင်းချက်ရတာ၊ ထမင်းချက်ရတဲ့အခါကျတော့ ဘာလုပ်ကြရတုန်းဆို ထမင်းချက်တဲ့အခါ ထမင်းနပ်,မနပ်ကို လက်ကလေး နှစ်ချောင်းနဲ့ စမ်းကြည့်ရတဲ့အလေ့အထ ရှိခဲ့တယ်။ တစ်ခါ
တုန်းက ဘိက္ခုနီမတစ်ယောက် တောထဲမှာ တရားနဲ့နေတဲ့အခါ မာရ်နတ်က `ဒီလောက် လေးနက်တဲ့တရားကိုနင်လို လက်နှစ်ချောင်း ပညာလေးနဲ့ သိနိုင်ပါ့မလား´ လို့ပြောတာ၊ ဒီလို လက်နှစ်ချောင်း ပညာလေးနဲ့ မသိနိုင်ဘူးလို့ မာရ်နတ်ကြီးက နှိမ်ပြောတာ။ `န တံ ဒွဂုင်္လပညာယ´ တဲ့၊ လက်နှစ်ချောင်း ပညာဆိုတာ ထမင်းချက်တဲ့အခါ လက်နှစ်ချောင်းနဲ့ စမ်းစမ်းကြည့်တာကိုပြောတာ၊ အဲဒီ လက်နှစ်ချောင်းလေးနဲ့
စမ်းပြီးတော့မှသိတဲ့ အသိကလေးနဲ့ ဒီလို ထူးခြား နက်နဲတဲ့ တရားတွေကို သိနိုင်ပါ့မလားလို့ မာရ်နတ်ကြီးက နှိမ်ပြီး ပြောတဲ့ စကားပဲ၊ အဲဒီတော့ ဘိက္ခုနီကလည်း ဘယ်ခံမလဲ၊
``အင်မတန် ထူးခြားတဲ့ တရားတွေကို ငါ သိပြီးပြီ´´လို့ ပြောလိုက်တယ်၊ ဘိက္ခုနီသံယုတ်ထဲမှာ ဒီအကြောင်းလေးတွေ ပါတယ်၊ စိတ်ဝင်စားစရာ အလွန်ကောင်းတယ်။
#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
❀အသိဉာဏ်နဲ့ ယုံကြည်တာကို `အဝေစ္စပသာဒ´ လို့ခေါ်တယ်၊ ယုံကြည်တယ်ဆိုတာကလည်း အမျိုးမျိုးရှိတယ်လို့ မှတ်ရမယ်။
❀အသိဉာဏ်မပါတဲ့ယုံကြည်မှုမျိုးကော မရှိနိုင်ဘူးလား၊ ရှိနိုင်တယ်နော်။ အဲဒါကို ပညာမဲ့သဒ္ဓါလို့ခေါ်တယ်။ ဉာဏ်မပါဘူး။
❀ အဲဒီ အသိဉာဏ်မပါတဲ့ ယုံကြည်မှုကျတော့ မှန်ကန်မှုကို ဦးမဆောင်နိုင်ဘူး။ ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုး ဖြစ်သင့်တယ်။
❀ သောတာပန် ဖြစ်သွားလို့ရှိရင် အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုး ရသွားတယ်။
ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်
အရေးကြီးဆုံးက ဘာလဲ....။
ဘုရားဟော ဟုတ်သလား မဟုတ်ဘူးလား ဆိုတာထက် ပိုအရေးတာကတော့....
ဒီတရားကို နာယူပြီး
ကျင့်သုံးလို့ အကျိုးရှိသလား မရှိဘူးလားက ပိုအရေးကြီးပါတယ်တဲ့။
ဒီလို ကိစ္စမျိုးမှာ မြတ်စွာဘုရားက. ဟောထားခဲ့တာရှိတယ်။
အဂ္ဂိဝစ္ဆ သုတ်မှာကြည့် တဲ့။
ရှေးတုန်းက ... အဝေးကပစ်တဲ့ လက်နက်ဟာ မြှားပဲ ရှိတာပေါ့။ အခုခေတ်တော့ သေနတ်ပေါ့နော်။
ရှေးတုန်းက အဝေးက ပစ်လိုက်တဲ့ မြှား အမှန်ခံရတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ....
ဘာ အရေးကြီးဆုံးလဲ ဆိုရင်
အဲဒီမြှားကို နှုတ်ပစ်ဖို့နှင့် ဆေးကုဖို့က အရေးမကြီးဘူးလား။
အရေးကြီဆုံးက အဲ ဒါဘဲနော်။
မြှားဘယ်သူ ပစ်တာလဲဆိုတာက အရေးမကြီးဘူး။
ဒီမြှားတံဟာ ဘာနဲ့ လုပ်ထားတာလဲ ဆိုတာလည်း အရေးမကြီးဘူး။
ဘယ်နေရာက ပစ်လိုက်တာလဲ ဆိုတာလည်း အရေးမကြီးဘူး။
အရေးကြီးဆုံးကတော့....
ကိုယ့် ကိုယ်မှာ စူးနေတဲ့မြှားကို မြန်မြန် နှုတ်ပစ်ပြီး
ရောဂါပျောက်ဖို့က အရေးကြီးတယ် တဲ့။
အဲဒါ ဘာကို ပြောသလဲ ဆိုလျှင် ...
အဘိဓမ္မာကို ဘုရားဟောတယ်။
ဘုရား မဟောဘူး။
ဟောတယ် မဟောဘူးက အရေးမကြီးဘူး။ တဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀က ကိစ္စဖြစ်တယ်။
အရေးကြီးဆုံးက ဘာလဲဆိုလျှင်...
ကိုယ့်မှာ စူးနေတဲ့ လောဘ ဒေါသ မောဟ ဆိုတဲ့ မြှားနှုတ်ဖို့က အရေးကြီးတာတဲ့။
အရေးကြီးတဲ့ကိစ္စ မလုပ်ဘဲနှင့်....
အရေးမကြီးတဲ့ ကိစ္စ သွားလုပ်နေလျှင်
အကျိုးရှိမှာ မဟုတ်ဘူး။
ပါမောက္ခချုပ် ဆရာတော်ကြီးနန္ဒမာလာဘိဝံသ
သေချာသောလမ်းမှ လျှောက်လှမ်းပါ...တရားတော်မှ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment