
❄မဂ်ဖိုလ်အခွင့်ကို မရမနေကြိုးပမ်းနေကြကုန်သော
ကလျာဏသူတော်စင်တို့သည်၊ တရားအားထုတ်နေရင်းက
မိမိကိုယ်ကို မပြတ်သုံးသပ်ဆင်ခြင်ရာ၏။
❄ ထိုသို့သုံးသပ်ဆင်ခြင်ပြီး မိမိနှင့်မတည့်သော
အရာ ၊ မိမိ၏တရားအားထုတ်မှာကိုနှောင့်နှေးစေသော
အချစ်လက်များ အသပ္ပာယနှင့် ပိုမိုတိုးတက်စေသော
သပ္ပာယရားများကို ဆန်းစစ်ဖေါ်ထုတ်ပြီး လိုက်နာသင့်
သည်ကို လိုက်နာကျင့်ကြံခြင်း ၊ ရှောင်ကျဉ်သင့်သည်တို့ကို
ရှောင်ကဉ်ခြင်းဖြင့် မိမိ၏ ဝိပဿ နာဘာဝနာကို
တိုးပွားစေရာ၏
�ကမ္မဌာန်းအားထုတ်သောယောဂီပုဂ္ဂိုလ်အား
မသင့်လျော်မလျောက်ပတ်သောအရာများကို
အသပ္ပာယဟုခေါ်၏။ထိုအသပ္ပာယ၇မျိုးဟူသည်ကား
ကမ္မဌန်းဘာဝနာ၏ ဆုတ်ယုတ်ကြောင်း ပျက်ဆီး
ကြောင်းတရားတို့သာဖြစ်၏။ ၎င်းတို့မှာ-
�. ၁။နေရာဌာန
�. ၂။ဆွမ်းခံရွာ (လူတို့အတွက်မလို)
�. ၃။စကားပြောဆိုမှု
�. ၄။အပေါင်းအဖေါ်
�. ၅။စားသောက်ဖွယ် (ဘောဇဉ်)
�. ၆။ဥတု ( အပူအအေး )
�. ၇။ဣရိယာပုထ်။
�၁။အကြင်ကျောင်း (လူတို့အတွက်တရားရှုမှတ်ရာနေရာ)
. မဖြစ်ပေါ်ဖူးသော နိမိတ်များမဖြစ်ပေါ်ခြင်း ၊
ဖြစ်ပေါ်ဖူးသောနိမိတ်များပျက်ဆီးသွားခြင်း၊
သတိတရားမထင်မမြင်ခြင်း၊စိတ်မတည်ငြိမ်ခြင်းဖြစ်၏။
ထျုကျောင်းစသောနေရာသည် ယောဂီပုဂ္ဂိုလ်အား
မလျောက်ပတ် မသင့်လျော်။
ရှောင်ကျဉ်ပါလေ။
�၂။အကြင်ဆွမ်းခံရွာသည် မိမိကျောင်း၏
တစ်ကောသခွဲထက်ဝေး၏။ရှောင်ကျဉ်ပါလေ
�၃။၃၂ ပါးသောတိရိစ္ဆာနကထာကို(ဝါ)မဂ်ဖိုလ်
. ရကြောင်း၏ ဆန့်ကျင်ဖက်စကားကို
မပြောကြားအပ်။ရှောင်ကျဉ်ပါလေ။
�၄။ခန္ဓာကိုယ် ၊ဖွံ့ဖြိုးသာယာအောင် လှပ တင့်တယ်
အောင် ပြုပြင်လေ့ရှိသောပုဂ္ဂိုလ် ၃၂ ပါးသော
တိရိစ္ဆာန ကထာကိုပြောလေ့ရှိသောသူ၊
ဤပုဂ္ဂိုလ်များအား အားမမှီဝဲအပ်။
ရှောက်ကျဉ်ပါလေ
�၅။မိမိမကြိုက်သော မနှစ်သက်သောစားသောင်ဖွယ်
. သို့မဟုတ် မိမိနှင့်မသင့်သောစားသောက်ဖွယ်
များကိုမမှီဝဲအပ်၊ ရှောင်ကျဉ်ပါလေ။
�၆။အပူအအေး ဥတုနှစ်ပါးတွင် မိမိနှင့် မသင့်လျော်
. သောဥတုကို ရှောင်ကြဉ်ပါ။
�၇။လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်
တွင် မိမိနှင့်မသင့်လျော်သော ဣရိယာပုထ်ကို
ရှောင်ကျဉ်ပါ။
. မသင့်လျော် မလျောက်ပတ်ဆိုသည်ကား
ထိုအသပ္ပာာ ၇ မျိုးတွင် တစ်မျိုးမျိုးကြောင့် သမာဓိ
မရခြင်း ရပြီးသောသမာဓိများကိုပျက်ဆီးသွားခြင်း
ကိုဆိုလိုသည်။ ထို့ကြောင့်ယောဂီပုဂ္ဂိုလ်သည်
၎င်း အသပ္ပာယ ၇ မျိုးကို ဝေးစွာ ရှောင်ကြဉ်
ကြပါလေ။
သပ္ပာယ (၇ )မျိုး
••••••••••••••••
ကမ္မဌာန်းအားထုတ်သောယောဂီပုဂ္ဂိုလ်အား
သင့်လျော်လျောက်ပတ်သောအရာများကိုသပ္ပာာယ
ဟုခေါ်၏။ ထိုသပ္ပာယ ၇ မျိုးဟူသည်ကား....
�၁။အကြင် ကျောင်းစသောနေရာ၌နေသဖြင့်
. သမာဓိရလွယ်ခြင်း၊ရပြီးသောသမာဓိခိုင်မြဲခြင်း
ရှိ၏။ထိုကျောင်းစသောနေရာတို့ကို မှီဝဲအပ်၏။
�၂။အကြင် ဆွမိးခံရွာသည် မိမိနေရာကျောင်း၏
မြောက်အရပ်၌သော်လည်းကောင်း၊တောင်အရပ်
၌သော်လည်းကောင်းရှိ၍ တစကောသခွဲမျှအတွင်း
ဖြစ်၍ မဝေးလွန်း ၊ဆွမ်းလည်းရလွယ်၏။
ထိုဆွမ်းခံရွာကိုမှီဝဲအပ်၏။
�၃။မဂ်ဖိုလ်ရခြင်းအထောက်အပံ့ဖြစ်သော ၁၀ ပါးသောကထာဝတ္ထုကိုသာ ပြောဆိုရခြင်း။သို့သော်သင့်ယုံမျှသာ
ပြောဆိုရမည်။အလွန်များပြားစွာမပြောဆိုရ။
�၄။သီလ သမာဓိ ပညာနှင့်ပြည့်စုံ၍ သမာဓိရအောင်
. ရပြီးသောသမာဓိကိုခိုင်မြဲအောင် ဟောပြောပေး
တတ်သော ပုဂ္ဂိုလ်ကိုသာ မှီဝဲရာ၏။
�၅။+၆။+၇။ အကြင်စားသောက်ဖွယ်ကို စားသောက်
. ရသဖြင့်လည်းကောင်း၊ အကြင်ဥတု၌
နေထိုင်ရသဖြင့်လည်းကောင်း အကြင်ဣရိယာပုတ်၌
နေထိုင်ရသဖြင့်၎င်း ၊သမာဓိရလွယ်ခြင်း၊ရပြီးသော
သမာဓိများခိုင်မြဲခြင်း၊ တိုးတက်ခြင်း ၊ကိုယ်စိတ်နှစ်
ပါးချမိးသာခြင်းသည်ဖြစ်၏။ ထိုစားသောက်ဖွယ်ကို
ထိုဥတုကို ၊ ထိုဣရိယာပုထ်ကို မှီဝဲအပ်၏။
နံပါတ် ၂။ သပ္ပာယ အသပ္ပာယကား လူယောဂီ
တို့နှင့်မသက်ဆိုင်လှပေ။
ဆရာတော်ဦးသီဟဗလ(ပါဠိပါဂူ)ရေးသားတော်
မူသော ညောင်လွန့်တောရ တရားအားထုတ်နည်း
စာ-၉၇ဝိသုဒ္ဓိမဂ္ဂ ၊ ပအုပ် ၊၁၂၃-
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment