
ညောင်ပင်ကိုဓားနဲ့ခုတ်တော့ အစေး
တွေက်သလို
ဒီခန္ဓာကြီးဟာလဲညောင်ကြီးလိုပါပဲ
ခုတ်လိုက်တိုင်း အစေး တွေထွက်ကျ
လာတာပါ။
အစေးဆိုတာ ကိလေသာအစေးတွေ
ကိုဆိုလိုတာပါ
မျက်စိ နဲ့ အဆင်းနဲ့တိုက်တော့ အစေး
တွေထွက်လာတယ်လေ
ဝမ်းသာတာလောဘအစေး
ဝမ်းနည်းတာဒေါသအစေး
**တခါတခါဝမ်းနည်းဝမ်းသာ
ကင်းနေတာမောဟအစေး
အမေ့မျက်လုံးသားလေးအဆင်းနဲ့
ဖဿဖြစ်ပြီးတိုက်တဲ့အခါလဲ
ဝမ်းသာတဲ့ကိလေသာအစေးတွေလာ
သလို
ဝမ်းနည်းတဲ့ဒေါသအစေးတွေလဲလာ
တာပဲလေ
ဣဿာ မစ္ဘရိယအစေးတွေတောင်
တခါတခါ လာလိုက်သေးးး
မျက်လုံးဖွင့်တိုင်းအစေးထွက်
နားစွင့်လိုက်တိုင်းအစေးတွေထွက်
မျက်စိ နား နှာ လျာ ကိုယ် စိတ်
အကုန်အစေးထွက်
ဒီခန္ဓာညောင်ကြီးက တစ်နေ့ အစေး
ဘယ်နှခါထွက်လဲ စဉ်းစား
မနက်မိုးလင်း ညအိပ်ယာဝင်
မရေမတွက်နိုင်လောက်အောင်ပင်။
မြတ်ဘုရားခန္ဓာကတော့
အစေးခမ်းခြောက်နေတဲ့ညောပင်နဲ့တူ
ဒီအစေးတွေဟာ သူတပါးနှိပ်စက်ဘို့လာ
ကိုယ့်နိပ်စက်ဖို့လား
သားအလောင်းမြင်ပြီး မျက်လုံးထဲကကို
မထွက်ဖူးတဲ့
ဒီအမေ ချုံးပိန်လိမ်ခြောက်နေတာဟာ
အစေးတွေ ထွက်နေတာပါ့ကော
အရွယ်မတိုင်ခင် ဆံတွေဖြူ
သွားတွေကျိုး
နားထိုင်းပါးကိုင်း
နလုံးထိ/အသဲထိ
ထိတာလေ
အမေ့ခန္နာပင်ကို အစေးတွေအလောင်
ခံနေရတာလေ
တော်ကြာနော့ သေတာပါပဲ။
ကိလေသာအစေးတွေကသတ်လိုက်
ထာ
ကျုပ်တို့ခန္ဓာညောင်ပင်က တကယ့်
ညောင်ပင်ထက်ပင်ဆိုးသေး
တကယ့်ညောင်ပင်က အနီးကပ်ခုတ်မှ
ထိပီး အစေးထွက်တာပါ။
အဝေးကြီးကလှမ်းခုတ်လို့မရဘူးလေ။
ကျုပ်တို့ခန္ဓာညောင်ပင်ကျတော့
အနီးကပ် ခုတ်လဲထွက်တာပဲ
အဝေးကခုတ်လဲထွက်တာပဲ။
ရန်ကုန်ကသားအတွက်မပူပင်
မကြောင့်ကြရလို့ ဝမ်းသာစေးတွေ
ထွက်သလို
မန္တလေးသမီးကအဆင်မပြေဘူးသတင်း
ကြားတော့ ဝမ်းနည်းအစေးနွေ
ထွက်ပြန်တာပါပဲ။
အိပ်မပျော်စားမဝင်ဆိုတာ
အစေးတွေထွက်နေတာပါ။
အာရုံဓားတွေနဲ့ အဝေးကခုတ်လဲထွက်
အနီးခုတ်တာလဲ ထွက်တာဆိုတော့
ဟိုညောင်ပင်ထက် ဆိုးတာပေါ့။
ခုတ်တဲ့ဓားက ၆ စင်းလေ
(အဆင်းအာရုံအသံအနံ့အရသာ
တွေ့ထိစရာ ကြံတွေးစရာအာရုံ)
ခံရတာက ကိုယ်တစ်ယောက်ထည်း
ဒါများ ခံနိုင်ရည်ရှိတာများတော်ချက်။
တော်မှာပေါ့။ခုလိုမှမသိပဲ။
မသိတော် တော်နေကြတာတွေ။
သိရင်တော့ ဒုက္ခမှန်းသိမှာပါ။
ငါစွဲဒိဌိအားကြီးမှန်းသိမှာပါ။
မသိချက်ဘလောက်ဆိုးတုန်းဆို
မခုတ်ချင်လို့ ရှောတာတောင်
အခုတ်ခိုင်းနေကြတာလေ။
အမေစိတ်ညစ်မှာစိုးလို့
ဇနီးသယ်စိတ်ညစ်မှာစိုးလို့
ဖွင့်မပြောပဲ တယောက်ထဲကြိတ်ခံ
နေတာတောင်
ဘာဖြစ်နေတာလဲ။ပြောလေ။
မျက်နာမကောင်းဘူး။
ပြော-ပြော။ ဆိုးအတူကောင်းအတူ
ပေါ့ လို့
ဇွတ်မေးမေးပီး
အသံအာရုံလေးကြားခါ
အခုတ်ခိုင်းကြတာ ရှိပါတယ်လေ။
နောက်ဆုံး ဒီအမေ ဘသူသတ်လို့သေ
အစေးတွေလောင်ပီးသေ
အစေးတွေက ပင်စည်ကနေ အမြစ်
ပေါ်ထိစီးကျပီး အပူလောင်
အမြစ်ဆွေးပီးသေသလို
ဒီအမေ ဒီခင်ပွန်းတွေလဲ
ကိလေသာအစေးတွေ တန်းလန်းနဲ့
အပူလောင်သေရတာပါပဲလေ။
သားပူတန်းလန်း/သမီးပုတန်းလန်း/
ဇနီးပူတန်းလန်းနဲ့သေပွဲဝင်ရတာ။
ဒါ့ကြောင့်
အစေးမခမ်းသမျှ- မအေးချမ်းဘူးတဲ့
မြတ်ဘုရားက
ဒီဟောကွက်က ပဋိစ္စသမုပ္ပါဒ်အလယ်
က စ ပြတ်ပုံလေ
သဠယတန ကြောင့် ဖဿဖြစ်
ဖဿ ကြောင့် ဝေဒနာဖြစ်
ဝေဒနာ ကြောင့် တဏှာကိလေသါ
ဖြစ်ပုံရှိသေးတယ်။
ဥပါဒါန် ကြောင့် ကမ္မဘဝတွေမြောက်ခါ
ကံအစေးတွေလောင်ပြီးသေပါလေရော။
ပဋိစ္စသမုပ္ပါဒ်အဆုံးက စ တာကျ
သောက ပရိဒေဝ စတဲ့ ဒေါသကိလေ
သာအစေးတွေလောင်သေပြန်ရော။
မသိမှု့အဝိဇ္ဇာ သခါင်္ရကျ မောဟအစေး
လောင်တာပါ့ကော။
အဲဒါက ပဋိစ္စ အစက စ လောင်တာ။
ကဲ ၃ ချက်လောင်တာ။
ဘယ်နေရာက စ လောင်ချင်သလဲပြော
အစေးသိမ်းချင်သူနဲ့
အစေးအလောင်ခံရမှကြေနပ်သူ
ဘယ်ဒင်းကများသလဲသာ
ကိုယ့်ကိုယ်စစ်ကြပါတော့
ဒါတောင်လောကမှာ အစေးမထွက်သူ
ဆို ကဲ့ရဲ့ ပြစ်တင်နေကြသေး
မသာဆို ငိုမှပေါ့ တဲ့
မငိုရင် မိုးခေါင်တတ်ဆိုလား
အစေးမထွက်ရရင် လူတွေက
ကြိုက်ကို မကြိုက်ကြတာ
ဘယ်လိုလုပ်ကြမတုန်းး
ကဲ ရှည်သွားပြီ
အေးချမ်းသွားအောင်
အစေးခမ်းတဲ့နည်းတော့
နောက်မှ ပြောကြစို့
Credit: ဦးဇဝန မကွေး
မသာဆို ငိုမှပေါ့ တဲ့
မငိုရင် မိုးခေါင်တတ်ဆိုလား
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment