Tuesday, January 24, 2017

မတ်ဗုဒ္ဓ၏အလိုတကျ အလှပြင်ကြပါစို့



လက်ကိုလှပအောင်ပြုလုပ်ပေးတဲ့အရာက လက်စွပ်၊ လက်ကောက်၊မဟုတ်ပါဘူး။ စွန်ကြဲခြင်း၊ပေးကမ်းခြင်း၊လှူဒါန်းခြင်းသာဖြစ်ပါတယ်။

*နားကိုလှပအောင် ပြုလုပ်ပေးတဲ့အရာက နားကပ်၊နားဍောင်းမဟုတ်ပါဘူး။ တရားဓမ္မကြားနာခြင်းသာ ဖြစ်ပါတယ်။ *နှုတ်ခမ်းကို လှပအောင်ပြုတဲ့အရာက နှုတ်ခမ်းဆေးဆိုးခြင်း မဟုတ်ပါဘူး။ ယဉ်ကျေးချိုသာ မှန်ကန်စွာ ပြောဆိုခြင်း၊တရားစာပေ ရွတ်ဖတ်သင့်အံ့ခြင်းသာ ဖြစ်ပါတယ်။

*ခန္ဓာကိုယ့်ကို လှပအောင်ပြုလုပ်ပေးတဲ့ အရာက ဘယက်တန်ဆာ ဒွါဒရာ မဟုတ်ပါဘူး။ သီလရှိခြင်း၊စည်းကမ်းရှိခြင်း၊ယဉ်ကျေးလိမ္မာခြင်း၊မေတ္တာ စေတနာဖြင့်…… အများအကျိုးဆောင်ရွတ်ပေးခြင်း၊လူကြီးသူမများကို ရိုသေလေးစားခြင်းသာ ဖြစ်ပါတယ်။

{အသက် ဂုဏ် ဝါ ကြီးသူတို့ကို ရိုသေလေးစားခြင်းဆိုတာလဲ ပိုက်ဆံ မကုန်ဘဲ ရနိုင်တဲ့ [အပစာယန] ကုသိုလ်တစ်မျိုးလည်း ဖြစ်ပါတယ်}

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment