Saturday, January 21, 2017

လွတ်လပ်ရေးအစစ်



အလုပ်စခန်း အလုပ်ခွင်ထဲမှာ
ဖြစ်ပေါ်လာတဲ့သတိဥာဏ်တွေနဲ့
ပရမတ်အာရုံတွေကို
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်း
ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ဖူးရင်-
ရှင်းလင်းတဲ့အသိအမြင်တွေကိုလည်း
အတွေ့အကြုံတွေအဖြစ်
အထပ်အခါခါ ရထားဖူးခဲ့ရင်-
မလွှဲမရှောင်သာလို့
အပြင်လောက ပညတ်တွေကိုအာရုံပြုရတဲ့အခါ
ပညတ်တွေရဲ့လွှမ်းမိုးနှိပ်စက်ခြင်းကို
သိပ်မခံရတော့ဘူး။
သူ့စိတ်ထဲမှာ
ပုဂ္ဂိုလ် သတ္တဝါမဟုတ်
ဖြစ်ခြင်း ပျက်ခြင်းရုပ်နာမ်တွေချည်းပါပဲ ဆိုတဲ့
အသိအမြင်ကနေရာယူထားပြီးဖြစ်လို့
စိတ်သက်သာမှုရသွားတယ်။
စိတ်ထဲ ဥာဏ်ထဲမှာ
ပုဂ္ဂိုလ် သတ္တဝါမရှိဘူးဆိုတဲ့အမြင်ဟာ
အာရုံကြောင့်ဖြစ်လာမယ့်
ဝမ်းနည်းခြင်း ဝမ်းသာခြင်း
ငိုကြွေးခြင်း ရယ်မောခြင်း
အပြစ်တင်ခြင်း ကဲ့ရဲ့ခြင်း
မနာလိုခြင်း ဝန်တိုခြင်း
တွေကိုအရှိန်သပ်ပေးနိုင်တာမို့-
စိတ်ဟာ လေ့ကျင့်ထားတဲ့ဥာဏ်အရှိန်ကြောင့်
မတုန်မလှုပ် တည်တံ့ခိုင်မြဲ
လွတ်လပ်ငြိမ်းချမ်းနေတော့တယ်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment