
ဒီမှာ မေးခွန်းတစ်ခုကို သဘောကျလွန်းလို့ မှတ်ထားတယ်။ ကိုယ့်ကိုယ်ကိုလည်း ခဏ ခဏ မေးပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ -
"How Big are you? ".
Big ဆိုတာ Capital B , Capital I , Capital G .
" သင် ဘယ်လောက်ကြီးသလဲ " တဲ့နော်။ ခန္ဓာကိုယ် ကြီးတာကို မဆိုလိုဘူး။ရာထူးကြီးတာကို မဆိုလိုဘူးနော်။စိတ်ဓာတ်နဲ့ အသိဥာဏ် ဘယ်လောက်ကြီးသလဲ I သဘောထား ဘယ်လောက် ကြီးသလဲတဲ့ ။အဲဒါ မေးတာနော်။အင်မတန် လေးနက်တဲ့ မေးခွန်းပဲ။ကိုယ့်ကိုယ်ကို
မေးကြည့်ပါ။
" How Big are you? ".
It take a big person to succeed.
တကယ် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ဖို့ ဆိုတာ သင်ဟာ ကြီးတဲ့လူတစ်ယောက် ဖြစ်မှ ရမယ်။ စိတ်ဓာတ်နဲ့ အသိဥာဏ် ကြီးတဲ့ လူတစ်ယောက် ဖြစ်မှရမယ်။ သဘောထား သေးတဲ့ လူဟာ လုပ်ငန်းကြီးကြီးကို အောင်မြင်အောင် မလုပ်နိုင်ပါဘူးနော်။တာဝန် ကြီးကြီးကို မထမ်းဆောင်နိုင်ပါဘူး။ အများအကျိုး ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးနော်။
ဘယ်အလုပ်ဟာ ကြီးကျယ်သလဲI ဘယ်အလုပ်ဟာ မြက့်မြတ်သလဲ ဆိုတာ သိဖို့ကို မလွယ်ဘူး။ အဲဒါကို သိဖို့ပဲ ကြိုးစားနေတဲ့ လူဟာသူကိုယ်တိုင်
ကြီးမှ ရမယ်။ ကြီးတာကို သိဖို့ရာ သူကိုယ်တိုင် ကြီးမှ ဖြစ်မယ်နော်။ကြီးတဲ့သူမှသာ
ကြီးတာကို
သိနိုင်တယ်။ပဟေဠိဆန်ဆန်
ပြောရရင်တော့ အဲဒီလိုပဲနော်။
ဘယ်လို အလုပ်ဟာ
ကြီးကျယ်သလဲ I မြင့်မြတ်သလဲ ဆိုတာ သိချင်လို့ ရှိရင် ကိုယ်ကိုယ်တိုင်က အသိဥာဏ်နဲ့ စိတ်ဓာတ် ကြီးမှ ရမယ်။
" ဘယ်အလုပ်ဟာ ငါ့ရဲ့စိတ်ဓာတ်တွေ အပြည့်ပြီးတော့ လုပ်ဖို့ရာ ထိုက်တန်သလဲ " ဆိုတာကို သိဖို့ရာမှာလည်းပဲ ကိုယ်က အသိဥာဏ် ကြီးတဲ့သူ I စိတ်ဓာတ် ကြီးတဲ့လူ ဖြစ်ရဦးမယ်နော်။
စိတ်ဓာတ်မကြီးတဲ့သူ I အသိဥာဏ် မကြီးတဲ့သူဟာ ( trifling matters ) အသေးအမွှား မပြောပလောက်တဲ့ ကိစ္စလေးတွေနဲ့ပဲ သူ့ရဲ့ emotional energy တွေဟာ waste ဖြစ်တယ်။သူ့ရဲ့ စိတ်ဓာတ် အင်အားတွေ ဗြုန်းတီးကုန်တယ်နော်။ သဘောထား မကြီးတဲ့လူဟာ ပြဿနာ အသေးလေးနဲ့ အချိန်ကုန်နေတယ်။ပင်ပန်းနေတယ်နော်။သဘောထား ကြီးတဲ့ လူဟာ ပြဿနာ အသေးလေးတွေကို အချိန်ကုန် မခံဘူး။သူ့မှာ ကြီးကြီး ကျယ်ကျယ် လုပ်စရာ တွေ ရှိတယ်။ အဲဒီတော့ ဒီကိစ္စတစ်ခုဟာ ကြီးသလား ငယ်သလား ဆိုတာ သိဖို့တောင်မှ သူက တော်တော်လေး ရင့်ကျက်မှ ရတယ်။ နို့မဟုတ်ရင် ကြီးတာနဲ့ သေးတာ မခွဲနိုင်ဘူးနော်။
ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ )
သတိနဲ့ ပြောပါ ဒေါသကို နားလည်ပါ အလုပ်တွင် မွေ့လျော်ခြင်း "
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment