Sunday, January 22, 2017

ကုံလုံဆရာတော်ဘဒ္ဒန္တတေဇနိယ၏ ယနေ့ခေတ်ဆုံးမစာ



၁။ လမ်းလျှောက်ထီးထမ်း လူ့သရမ်း ငမ်းငမ်းကြိုက်တဲ့ခေတ်
၂။ လူကြီးနှင့်အပျိုစဉ် တွဲလျှောက်ယှဉ် ပွဲသဘင်ထတဲ့ခေတ်
၃။ ဘိုင်စကုတ်နှင့်ပြည့်တန်ဆာ စီးပွားရှာ ပျိုကညာတို့ အတုခိုးတဲ့ခေတ်
၎။ တစ်ဦးဥစ္စာပြည့်စုံရာ မနာလိုတဲ့ခေတ်
၅။ တရားသဘော ဘယ်လိုဟော မောရုံရှိတဲ့ခေတ်
၆။ ပေါင်းဖော်သားခြင်း မေတ္တာကင်း အတင်းပြောတဲ့ခေတ်
၇။ မယားကြီးရှိပြန် တကယ်မှန် အပယ်ခံတဲ့ခေတ်
၈။ လူငယ်လူကြီး ပြောဆိုနည်း လူကြီးရှုံးတဲ့ခေတ်
၉။ အရွယ်မရောက်အပျိုပေါက် လင်နောက်လိုက်တဲ့ခေတ်
၁၀။ ဥပုသ်စောင့်များ ကျောင်းသို့သွား ပါဝါကြွားတဲ့ခေတ်
၁၁။ ဘုန်းကြီးများထံ သီလခံ ဆူညံနေအောင်ပြောတဲ့ခေတ်
၁၂။ ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်
၁၃။ လပြည့်လကွယ် ဥပုသ်သည် အောင်သွယ်ပြောတဲ့ခေတ်
၁၄။ လူကြီးမျက်မှောက် မရှက်ကြောက် နောက်စကျီဆယ်နေတဲ့ခေတ်
၁၅။ ဆရာ၊ဆရာမ စာသင်ပြ စိတ်မချရတဲ့ခေတ်
၁၆။ ရှေ့ကွဲနောက်ကွဲ ၀တ်ဆင်ရဲ အသဲယားစရာကောင်းတဲ့ခေတ်
၁၇။ ကိုယ်တင်းလည်ဟိုက် ၀တ်ဆင်ခိုက် စိတ်မိုက်ဝင်တဲ့ခေတ်
၁၈။ သားရေးသမီးရေး ပေါင်းဖော်ရေး မစဉ်းစားပဲပေးတဲ့ခေတ်
၁၉။ ဆိုဆုံးမသံ နာမခံ ပြန်လှန်ပြောတဲ့ခေတ်
၂၀။ မိန်းမယောက်ျား သွင်မခြား ခွဲခြားမရတဲ့ခေတ်
၂၁။ ဘုန်းကြီးကျောင်းပင် အိမ်ဟုထင် တွင်တွင်ပေါတဲ့ခေတ်
၂၂။ မာနရှင်များ မာနထား တို့များနေတဲ့ခေတ်
၂၃။ ကျောင်းသူကျောင်းသား စာသင်သွား ရည်းစားထားတဲ့ခေတ်

No comments:

Post a Comment