
ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိံ(၀ိနယစူဋ္ဌ၀ဂ္ဂပါဋ္ဌိ-၃၁၄) ဟူသော
ဗုဒ္ဓ စကားတော်နှင့် အညီ သံဃာအား ကျောင်း လှူဒါန်းသည့် သံဃိကကျောင်း
အလှူ ဒါနသည် အမြတ်ဆုံး အလှူ ဒါနဖြစ်သည် ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။
.
ဝေလာမသုတ် ဒေသနာတော်တွင် ဘုရားရှင်က “ငါဘုရားသည် ဝေလာမပုဏ္ဏားကြီး“
ဖြစ်စဉ်ဘ၀က ထမင်းရေချောင်းစီး အလှူ ကြီး ပေးခဲ့ဖူး၏။
.
၁။ရွှေအပြည့်နှင့် ငွေခွက်ပေါင်း ၈၄၀၀၀
.
၂။ငွေအပြည့်နှင့် ရွှေခွက်ပေါင်း ၈၄၀၀၀
.
၃။ရတနာမျိုးစုံအပြည့်နှင့် ကြေးခွက်ပေါင်း ၈၄၀၀၀
.
၎။ကကြိုးတန်ဆာ ဆင်မြန်းထားသည့် ဆင်ရတနာပေါင်း ၈၄၀၀၀
.
၅။မြင်းအစုံ ကယှဉ်ထားသည့် ရထားပေါင်း ၈၄၀၀၀
.
၆။နို့ စားနွားမပေါင်း ၈၄၀၀၀
.
၇။အ၀တ်တန်ဆာ ဆင်မြန်းထားသည့် သမီးကညာပေါင်း ၈၄၀၀၀
.
၈။ခေါမတိုင်း၌ဖြစ်သည့် အ၀တ်အထည်ပေါင်း ၈၄၀၀၀
.
၉။ပလ္လင်(ကုဋင်)ပေါင်း ၈၄၀၀၀ရှစ်သောင်းလေးထောင်
ကိုးလီသော ရတနာပစ္စည်းများကို လှူဒါန်းခဲ့သည်။
ထိုမျှလောက်သော များပြားလှစွာသော ဥစ္စာရတနာများကို လှူဒါန်းသည့်
အလှူဒါနထက် သာသနာတော် အတွင်းကာလမှာ
.
၁။ သောတာပန် ရဟန်းတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၂။ သောတာပန် တစ်ရာကို လှူဒါန်းသည်ထက် သကဒါဂါမ် တစ်ပါးကို လှူဒါန်း သည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၃။ သကဒါဂါမ်တစ်ရာကို လှူဒါန်းသည်ထက် အနာဂါမ်တစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၎။ အနာဂါမ် တစ်ရာကို လှူဒါန်းသည်ထက် ရဟန္တာတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၅။ ရဟန္တာတစ်ရာကို လှူဒါန်းသည်ထက် ပစ္စေကဗုဒ္ဓွါတစ်ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၆။ ပစ္စေကဗုဒ္ဓွါ အဆူတစ်ရာကို လှူဒါန်းသည်ထက် သမ္မာသမ္ဗု ဗုဒ္ဓဘုရားတစ် ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
.
၇။ သမ္မာသမ္ဗုဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းသည်ထက် ဘုရားအမှူးရှိသော သံဃာ တော်များကို လှူဒါန်းသည့် သံဃိကဆွမ်းအလှူဒါန က မြတ်သည်။
.
၈။ သံဃိကဆွမ်းအလှူဒါနထက် သံဃာကိုရည်မှန်း၍ ကျောင်းလှူဒါန်းသည့် သံဃိကကျောင်းအလှူဒါန က မြတ်သည်။
.
၉။ ထို့ ထက် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသော ကျင့်ဝတ်သီလဟူသော သီလကုသိုလ် က မြတ်သည်။
.
၁၀။ ထို့ ထက် နို့ တစ်ညှစ်စာ အချိန်ကာလမျှ မေတ္တာပွားသည့် သမထကုသိုလ် က မြတ်သည်။
.
၁၁။ ထို့ ထက် မျက်စိတစ်မှိတ်ကာလမျှ ရှုမှတ်ပွားများသည့် ၀ိပဿ နာကုသိုလ် က မြတ်သည်
ဟု-ဟောတော်မူပါသည်။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment