Sunday, January 22, 2017

မိတ်ဆွေ အတုအယောင်မှန်း သိသာစေသော အချက်များ။



၁။ ဒုက္ခရောက်တဲ့ အခါ ပေါ်မလာဘူး

မိမိကိုယ် တစ်ကယ်ခင်တဲ့ မိတ်ဆွေတွေက ဘယ်တော့ ဖြစ်ဖြစ် မိမိဒုက္ခရောက်ပြီလို့ ကြားလိုက်တာနဲ့ ချက်ချင်း ရောက်လာပါလိမ့်မယ်။ မိတ်ဆွေ အတုအယောင်တွေကတော့ အဲလို မဟုတ်ပါဘူး။ မလာချင်လို့ ဆင်ခြေတွေကိုသာ ပေးပါလိမ့်မယ်။

၂။ မိမိမကောင်းကြောင်း နောက်ကွယ်မှာ ပြောတယ်

မိတ်ဆွေ အစစ်ကတွေက မိမိရှေ့မှာရော ကွယ်ရာမှာရော မိမိ မကောင်းကြောင်း လုံးဝ မပြောပါဘူး။ သို့သော် မိတ်ဆွေ အတုတွေ
ကတော့ မိမိ မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောပါလိမ့်မယ်။
နောက်ကွယ်မှာ ပြောတာ သိရပြီ ဆိုရင်တော့ သူဟာ မိတ်ဆွေ အတုအယောင် တစ်ယောက်ပါ။

၃။ အောင်မြင်ရင် မနာလိုခြင်း

မိမိကိုခင်တဲ့ မိတ်ဆွေကတော့ မိမိအောင်မြင်တဲ့ အခါမှာ ဝမ်းသာကြပေမယ့် မိမိကို မခင်တဲ့ မိတ်ဆွေများကတော့ အောင်မြင်တာနဲ့ အမျှ မနာလို ဖြစ်ပါလိမ့်မယ်။

၎။ မိမိအတွက် မှန်ကန်သော အကြံဥာဏ် မပေးခြင်း

မိမိက တစ်စုံတစ်ခုသော အကြံဥာဏ်ကို လိုချင်လို့ သွားပြီး တောင်းခံချိန်မှာ မှန်ကန်သော အကြံဥာဏ် မပေးဘဲ ဒုက္ခတွေ့စေမယ့် အကြံဥာဏ်ကိုသာ ပေးပြီးဆိုရင်တော့ သူ့ကို သတိထားပါ။

၅။ လိုအပ်တာရှိမှ လာပေါင်းတယ်

မိတ်ဆွေ အတုအယောက်တွေက သူတို့ တစ်ခုခု လိုအပ်တာ ရှိမှာ လာပေါင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ သတိထားပါ။ သူတို့ဟာ သင်ဒုက္ခရောက် ရင်လည်း ကူညီမှာ မဟုတ်တဲ့ အပြင် သင်အောင်မြင် ရင်လည်း မနာလို ဖြစ်ပါလိမ့်မယ်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment