Monday, January 16, 2017

ကိုယ့်အပြစ် ကိုယ်မြင်အောင်ကြည့်


သူများစိတ်ဓာတ်၊ မြတ် မမြတ်၊
လိုက်မှတ်၍သာ မနေနဲ့။

သူများစကား၊ မှန် အမှား၊
ခွဲခြား၍သာ မနေနဲ့။

သူများအလုပ်၊ ဟုတ် မဟုတ်၊
သရုပ်ခွဲကာ မနေနဲ့။

သူများအကြောင်း၊ ကောင်း မကောင်း
ငဲ့စောင်းကြည့်ကာ မနေနဲ့။

မကောင်း - သူများ၊ ကောင်း - သူများ
ခံစားရမှာ ဧကန်ကွဲ့။

***

မိမိစိတ်ဓာတ်၊ မြတ် မမြတ်
မပြတ်စိစစ်ပါ။

မိမိစကား၊ မှန် အမှား
ခွဲခြားကြည့်နေပါ။

မိမိအလုပ်၊ ဟုတ် မဟုတ်
သရုပ်ခွဲကြည့်ပါ။

မိမိအကြောင်း၊ ကောင်း မကောင်း
ငဲ့စောင်းကြည့်နေပါ။

မကောင်း - မိမိ၊ ကောင်း - မိမိ
ကံရှိခံရမှာ။

မမြတ်စိတ်ဓာတ်၊ စွန့်ပစ်လတ်
မြင့်မြတ်စိတ်ထားပါ။

အမှားစကား၊ မပြောကြား
စကားမှန်ပြောပါ။

မဟုတ်အလုပ်၊ မပြုလုပ်
အဟုတ် - လုပ်ကိုင်ပါ။

မိမိအရေး၊ ထောက်လှမ်းတွေး
စစ်ဆေးပြုပြင်ပါ။

လေးအိမ်စုအရှင်ဝိစိတ္တသာရ

Posted by Words of Buddha

“ မိမိကိုယ်ကို နေ့စဉ် စီစစ်ပါ ”
•••••••••••••••••••••••

- ငါ့၌ တရား ရှိ, မရှိ။
- ငါ သိတာ မှန်, မမှန်။
- ငါ ကြံတာ ဟုတ်, မဟုတ်။
- ငါ လုပ်တာ လျော်, မလျော်။
- ငါ သူတော် ကောင်း,မကောင်း။
အကြောင်းနှင့်တကွ နေ့စဉ် စီစစ်ပါ။

- သတ္တမ ကျော်အောင်စံထားဆရာတော်ကြီး။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

No comments:

Post a Comment