Thursday, January 5, 2017

ယုံ ယုံ မယုံ ယုံ ကံကိုယုံ



ဓမ္မမိတ်ဆွေအပေါင်း နံနက်အိပ်ရာထ
တာနဲ့ ဒီကနေ့တော့ ကုသိုလ် ၆. မျိုးရစေ
ရမယ်လို့ အဓိဋ္ဌာန်လိုက်ပါ။
ကုသိုလ် ၆. မျိုးက ဒါနရယ်၊သီလရယ်၊
ဂုဏ်တော်ရယ်၊မေတ္တာရယ်၊ဝိပဿနာရယ်၊
ရွတ်ဖတ်မှုရယ်ပါ။
မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီး
တာနဲ့ ၊ဘုရားခန်းထဲကိုသွားလိုက်ပါ။
မြတ်စွာဘုရားကိုသောက်တော်ရေ
ကပ်လိုက်ပါ။ဒါဆို ဒါနဖြစ်သွားပါပြီ၊၊
တဆက်တည်း ငါးပါးသီလ ယူလိုက်ပါ။ဒါဆိုသီလဖြစ်သွားပါပြီ၊၊
ဂုဏ်တော်ကို ငါးမိနစ်။မေတ္တာကို
ငါးမိနစ်။ဝိပဿနာကိုငါးမိနစ်ပွားလိုက်ပါ။
ဒါဆိုကုသိုလ် ငါးမျိုးဖြစ်သွားပါပြီ။
နေ့ခင်းပိုင်းမှာပဲဖြစ်ဖြစ် ညနေပိုင်းမှာပဲ
ဖြစ်ဖြစ်၊အချိန်လေးတစ်ခု သီးခြားယူပြီး၊
ဒိဝါတပတိဂါထာ(သို့မဟုတ်)
အဋ္ဌာနမေတံ ဂါထာ(သို့မဟုတ်)
မေတ္တာသုတ် ဖြစ်စေ
ပဋ္ဌာန်းပဲဖြစ်စေ
မိမိနှစ်သက်ရာကို ရွတ်ဖတ်ပါ။
ရွတ်တဲ့အခါ အဆင့် ၆. ဆင့်ပါအောင်ရွတ်ပါ။
မရွတ်မီ၊
"ဘုရားတပည့်တော် ကိုယ်စောင့်နတ်
အိမ်စောင့်နတ်၊လမ်းစောင့်နတ်၊မြို့စောင့်နတ်၊
အနီးဝန်းကျင်တွင်ရှိကြကုန်သော၊နတ်ကောင်းနတ်မြတ်အပေါင်း ၊သံသရာအဆက်ဆက်
က ၊တော်စပ်ခဲ့သော၊မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းအပေါင်းတို့၊ဘုရား
တပည့်တော်သည်၊
ဒိဝါတပတိဂာထာနှင့်အဋ္ဌာနမေတံဂါထာ
တို့ကို ရွတ်ဖတ်ပူဇော်ပါတော့မယ် ။နာယူရန်
ဖိတ်ခေါ်အပ်ပါတယ်။"
လို့. နတ်နဲ့မမြင်အပ်တဲ့သတ္တဝါတွေ
ကိုပင့်လိုက်ပါ။
ဒုတိယက. ရွတ်ဆိုပူဇော်ပါ။
တတိယကတော့"ဒိဝါတပတိဂါထာနဲ့
အဋ္ဌာနမေတံဂါထာကို ရွတ်ဖတ်ပူဇော်ရသော
ကုသိုလ် ကောင်းမှုသည် နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ပါစေလို့"၊နိဗ္ဗာန်
ကိုဆုတောင်းပါ။
စတုတ္ထ ကတော့ထိုကဲ့သို့ရွတ်ဖတ်
ပူဇော်ပြီး သည်မှာ ၉ခေါက်ရွတ်ပြီးပါပြီ၊
ဤသစ္စာစကားမှန်ကန်ပါက ဘုရားတပည့်
တော်ကြုံတွေ့နေရသောအခက်အခဲများ
ပြေပျောက်ပါစေသတည်းလို့. သစ္စာဆိုပါ။
ပဉ္စမကတော့ နံနက်မှစ၍ယခုအထိပြုလုပ်ရသော ကုသိုလ်
ကောင်းမှုတို့ကို နတ်မြတ်နတ်အပေါင်းနှင့်
မမြင်အပ်သော သတ္တဝါအပေါင်းတို့အား
လည်း အမျှအမျှ အမျှ ပေးဝေငှပါ၏။
အမျှယူတော်မူကြပါလို့ အမျှပေးဝေလိုက်ပါ။
ဆဋ္ဌမကတော့ နတ်ကောင်းနတ်မြတ်အပေါင်းနှင့် မမြင်အပ်သော သတ္တဝါ အပေါင်းတို့၊ဂါထာ
တော်များကိုရွတ်ဖတ် ပူဇော်ပြီးပါပြီဖြစ်၍၊
မိမိနေရာဒေသများသို့ပြန်၍ကြွနိုင်ပါပြီ လို့
နတ်တွေကိုပြန်ပို့ပါ။
အဲဒီလို ကုသိုလ် ၆. မျိုး နေ့စဉ်ဖြစ်နေရင်၊"ပယောဂသမ္ပတ္တိ"ဖြစ်နေတော့တာပါ။
ပယောဂသမ္ပတ္တိ ဖြစါမေရင် တစ်ဖက်က
အကုသိုလ်အကျိုးပေးခွင့်တွေ တားထား
သလို၊တစ်ဖက်ကလည်း ကုသိုလ်အကျိုး
ပေးခွင့်တွေကိုဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။
ကဲ....မိတ်ဆွေအားလုံး နေ့စဉ်ကုသိုလ်
၆. မျိုး ကိုမမေ့မလျော့ ပြုလုပ်ကြရအောင်။
သင့်မျက်နှာလေး မှန်ထဲကိုပြန်ကြည့်လိုက်ပါ၊
ကြည်လင်နေတာကိုတွေ့ရပါလိမ့်မယ်။

(ဆရာတော် ရဝေနွယ် အင်းမ. ၏
စိတ်ညစ်ရင်ရေချိုးပါမှကူးယူပူဇော်ပါသည်။)

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ဘုရားဂုဏ်တော် ကိုးပါး ပါဠိ

ဣတိပိသော ဘဂ၀ါ -
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
၇။ သတ္ထာ ဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ ။

ဘုရားဂုဏ်တော်ကိုးပါး အနက်

(၁) အရဟံဂုဏ်တော်။ ။ သော ဘဂ၀ါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား ထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ကိလေသာတို့မှ ကင်းဝေးတော်မူခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူခြင်း၊ သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း၊ ပူဇော်အထူးနှင့်တကွ ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ဖွယ် ဆိတ်ကွယ်ရာ မရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ "အရဟ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၂) သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သယမ္ဘူဥာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ဥဿုံ အလုံးစုံသော ဉေ ယျဓံတရားဟူသမျှတို့ကို ကောင်းစွာမဖောက်မပြန် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ " သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတရားတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ " ၀ိဇ္ဇာစရဏသမ္ပန္န" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၄) သုဂတဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ငြိကပ်မှုကင်း သန့်ရှင်းလှစွာ ကြွသွားတော်မူခြင်း၊ ကောင်းသော နိဗ္ဗာန်သို့ ဦးတည်၍ ကြွချီတော်မူခြင်း၊ အစွန်းတရားနှစ်ပါးမှ ကင်းလျက် အမှန်လမ်းဖြင့်ကြွသွားတော်မူခြင်း၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော စကားတော်ကိုသာ မြွက်ဆိုတော်မူခြင်း ဟူသော အကြောင်းကြောင့်လည်း။ သုဂတော၊ " သုဂတ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၅) လောက၀ိဒူဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကသုံးပါးတို့ကို လည်းကောင်း၊ လောက၏သဘာဝ လောက၏ဖြစ်ကြောင်းတရား လောက၏ချုပ်ငြိမ်းမှုနှင့် လောက၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းကိုလည်းကောင်း အကြွင်းမရှိ သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ လောက၀ိဒူ၊ " လောက၀ိဒူ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၆) အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏဒဿနဂုဏ်တော်တို့ဖြင့် မိမိထက်သာလွန်သူ တစ်စုံတစ်ယောက်မျှ မရှိခြင်း၊ မယဉ်ကျေးသော လူနတ် ဗြဟ္မာ သတ္တ၀ါတို့ကို ယဉ်ကျေး လိမ္မာအောင် ဆုံးမတော်မူခြင်း၊ ယင်းသို့ဆုံးမရာ၌ အတုမရှိ အောင်မြင်တော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ အနုတ္တရော ပုရိသဒမ္မသာရထိ၊ " အနုတ္တရော ပုရိသဒမ္မသာရထ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၇) သတ္ထာ ဒေ၀မနုဿာနံဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အား ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးဖွင့်ဖြိုးစေခြင်းဌာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အဆုံးအမကို ပေးတော်မူတတ်ခြင်း၊ ဘ၀ကန္တာရခရီးထဲမှ သတ္တ၀ါတို့ကို ထုတ်ဆောင် ကယ်တင်တော်မူတတ်ခြင်းဟူသော အကြောင်းကြောင့်လည်း။ သတ္ထာ ဒေ၀မနုဿာနံ၊ " သတ္ထာ ဒေ၀မနုဿာန" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၈) ဗုဒ္ဓဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး မြတ်တရားကို ထင်းရှားပိုင်ပိုင် ကိုယ်တော်တိုင်လည်း သိတော်မူခြင်း၊ သူတပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းဌာ ဟောကြားပြသ ဆုံးမတော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ "ဗုဒ္ဓ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၉) ဘဂ၀ါဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ အလေးပြုအပ်ခြင်း၊ မာရ်ငါးပါးကို ဖျက်ဆီးအောင်မြင်ပြီး ဖြစ်ခြင်း၊ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်းစသော အကြောင်းကြောင့်လည်း။ ဘဂ၀ါ၊ " ဘဂ၀ါ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

_/|\_ _/|\_ _/|\_ _/|\_ _/|\_ _/|\_ _/|\_ _/|\_ _/|\_

{ https://groups.google.com/forum/#!topic/a_lin_say_ta_mum/kNEnWlxhXcU } ဤနေရာမှ ကူးယူမျှဝေပါသည် ....

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ဘုရားဂုဏ်တော် ကိုးပါး ၏ အဓိပ္ပါယ်အကျဉ်း
***
(၁) အရဟံ
ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား ။

(၂) သမ္မာ သမ္ဗုဒ္ဓေါ
သိစရာမှန်သမျှ တစ်စမကျန် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား ။

(၃) ဝိဇ္ဇာ စရဏ သမ္ပန္နော
အသိတရား ၊ အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

(၄) သုဂတော
ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ။

(၅) လောကဝိဒူ
သတ္တလောက ၊ သြကာသလောက ၊ သင်္ခါရလောကတည်း ဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား ။

(၆) အနုတ္တရော ပုရိသ ဒမ္မသာရထိ
မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမရာတွင် တုဖက်ကင်းတော်မူသော မြတ်စွာဘုရား ။

(၇) သတ္ထာဒေဝ မနုဿာနံ
လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ် ဖြစ်တော်မူသော မြတ်စွာဘုရား ။

(၈) ဗုဒ္ဓေါ
သစ္စာလေးပါး အမှန်တရားကို ပိုင်းခြား ထင်ထင် သိတော်မူသော မြတ်စွာဘုရား ။

(၉) ဘဂဝါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

+++++++++++++++++++++++++++++++++++++

ဘုရားဂုဏ်တော်ပွားရခြင်းအကျိုး(လင်္ကာ)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
စေတီပမာ ၊စိတ်မှာတည်ကြည်။
ရောက်မည်နတ်ရွာ၊တွေ့ကာသိလွယ်။
မြတ်နွယ်အမျိုး၊ရိုကျိုးခံရ။
ပြည့်ဝအင်္ဂါ၊ဆင်းလှစွာဖြင့်။
သာယာခံတွင်း၊ကြိုင်သင်းမွှေးကြူ။
ကြီးမူပညာ၊နတ်ရွာထက်ရွှင်။
လျှင်မြန်ဆန်းကြယ်၊ကောင်းကြွယ်စကား။
ဆိုနိုင်ငြားသည်၊ဘုရားဂုဏ်တော်ပွားကျိုးတည်း။

ချမ်းမြေ့ဆရာတော်(လူငယ်သင်အခြေပျိုးဗုဒ္ဓဘာသာစာအုပ်)

muditar.blog.com
https://www.facebook.com/ muditaralinnsayadawdhamachannallive/
တွင်​လည်းဖတ်​ရှူ နိုင်​ပါသည်​ ။

No comments:

Post a Comment