Monday, January 23, 2017

ကံကြွေး ကံ နှင့် ဥာဏ်


ကံကြွေး
•••••••••••
တဏှာခိုင်းရာ၊ လုပ်ခဲ့တာ၊ ဉာဏ်ဟာမွဲလို့ အချိန်ကုန်ပြီ၊
မသိအဝိဇ္ဇာ၊ ချယ်လှယ်ကာ၊ ဝိဇ္ဇာဉာဏ်လဲမရပြီ။
မျက်လုံးဖွင့်က၊ နားစွင့်က၊ ဖဿကံအထိဖြစ်လေသည်၊
မနောပေါက်က၊ ကြံစည်က၊ ဖဿကံအထိဖြစ်လေသည်။
သက်သတ်ခိုးပါ၊ ပါယ်သွားရာ၊ များစွာကံကြွေးယူလေသည်၊
အကုသိုလ်ကြွေးဟာ၊ ဉာဏ်နဲ့ သာ၊ ကြေအောင်ဆပ်နိုင်သည်၊
ခန္ဓာသူသတ်၊ မဂ်ဉာဏ်ဖြတ်၊ ပယ်သတ်နိဗ္ဗာန်ပို့ နိုင်သည်။

ကံနှင့်ဥာဏ်
••••••••••••
သူငါများစွာ၊ သတ္တဝါ၊ ကံသာစုဆောင်းနေကြသည်၊
ကံရှိသမျှ၊ ခံကြရ၊ စံကြရဦးမည်၊
ဉာဏ်လက်ကိုင်သာ၊ မရှိပါ၊ ကံစီမံရာသွားရမည်၊
ကံစီမံရာ၊ မလိုက်ပါ၊ ဉာဏ်စီမံရာလိုက်ရမည်၊
ဉာဏ်စီမံရာ၊ လိုက်မှသာ၊ ဒုက္ခဆင်းရဲလွတ်လေမည်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment