
ဗုဒ္ဓမြတ်ရှင် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေစဉ်
ဗေါဓိပုတ္တ အမည်ရ နတ်သားတစ်ပါး ရောက်ရှိလာသည်။ မိမိသိလို ရင်းကို မေးမြန်းလျှောက်ထားလေရာ မြတ်ဘုရားက ဖြေကြားတော်
မူ၏။
နတ်သား
လူနတ်ဗြဟ္မာ သတ္တဝါရယ်လို့ ဖြစ်လာအောင် အဘယ်တရားက လုပ်ဆောင်တတ်ပါသလဲ ဘုရား။
ဘုရား
တဏှာ တရားက လုပ်ဆောင်တတ်ပေတယ် နတ်သား။
နတ်သား
လူနတ်ဗြဟ္မာ သတ္တဝါရဲ့ ခန္ဓာထဲမှာ အဘယ်တရားက ထိန်းချုပ်ရ ခက်ပါသလဲဘုရား။
ဘုရား
ထိန်းချုပ်ရခက်တာ စိတ်သာ ဖြစ်ပေတယ် နတ်သား။
နတ်သား
သံသရာထဲမှာ ကျင်လည်နေကြတာ အဘယ်ပုဂ္ဂိုလ်တွေ ဖြစ်ပါ
သလဲ ဘုရား။
ဘုရား
လူနတ်ဗြဟ္မာ သတ္တဝါတွေပဲပေါ့ နတ်သား။
နတ်သား
ဘာကြောင့် ဒီလို သံသရာထဲမှာ ကျင်လည်နေကြရတာပါလဲ
ဘုရား။
ဘုရား
မိမိတို့ရဲ့  စိတ်ကို နိုင်အောင် မထိန်းနိုင်ကြလို့  ဖြစ်ပေတယ်
နတ်သား။
နတ်သား
စိတ်မနိုင်ကြတဲ့ လူနတ်ဗြဟ္မာ သတ္တဝါတွေအတွက် အားကိုး
အားထားရာ အစစ်ဟာ အဘယ်တရားပါလဲ ဘုရား။
ဘုရား
ယင်းပုဂ္ဂိုလ်တွေအတွက် အားကိုးအားထားရာ အစစ်အမှန်ဟာ ကံတရားသာ ဖြစ်ပေတယ် နတ်သား။
နတ်သား
သိလိုရင်းများကို သိရသည့်အတွက် ကျေးဇူးကြီးမားလှပါသည်
မြတ်ဘုရား။
ဦးခေမိန္ဒ၊(ခင်မကန်)။ သဒ္ဓါ၏ တန်ဖိုး တရားတော်မှ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment