
ဒကာ ဒကာမတို့ မသိလို့လှူတော့ ဒုက္ခ ရတယ်။
သိလို့လှူတော့ နိဗ္ဗာန်ရတယ်။ လှူတာချင်းကတော့
အတူတူပဲ။ ဘာကွာနေသလဲ။ အသိဉာဏ်ကွာနေတယ်။
သစ္စာသိတဲ့ ဉာဏ်ပါတာနဲ့ ဉာဏ်မပါတာ ကွာနေတယ်။
ဒီတော့ အကျိုးရမှာလဲ ကွာခြားသွားတာပေါ့။
အလှူဒါနဟာ သံသရာ မရှည်ပါဘူး။
အချို့က ဒါန သီလတွေဟာ သံသရာ ရှည်တယ်။
သံသရာရှည်တဲ့ အလုပ်တွေလို့ ပြောတတ်ကြတယ်။
အဲဒီလို ပြောတာဟာ မသိလို့ ပြောကြတာ။
မသိလို့ ပြောတာဘဲလို့ မှတ်လိုက်ကြ။
မသိလို့လှူတာ သမုဒယသစ္စာ။
ရတာက ဒုက္ခသစ္စာ။
သိလို့လှူတာ မဂ္ဂသစ္စာ။
ရတာက နိရောဓသစ္စာ။
မြဲမြဲ မှတ်ထားကြ။ ။
( ကျေးဇူးတော်ရှင်
မိုးကုတ် ဆရာတော်ဘုရားကြီး )
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment