
ဒကာလေးတစ်ယောက်က မေးလာပါတယ်
"တပည့်တော် မကြာခဏဆိုသလို ကုသိုလ်ကောင်းမှူတွေလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရေကုသိုလ်များများ လုပ်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တပည့်တော်ဘဝက ထူးခြားမလာဘူးဘုရား…"
ဒီမေးခွန်းက မကြာခဏအမေးခံရတဲ့မေးခွန်း၊ ဆရာတော်များလဲ အမြဲဖြေကြားပေးနေတဲ့ မေးခွန်းလေးပါ ။
ဘုရားရှင်လက်ထက်က "အနာထပိဏ်သူဌေး" ဆိုတာ စွန့်ကြဲလှူဒါန်းတဲ့နေရာမှာ ဧတဒဂ် ရထားတဲ့သူပါ။ သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီး သီလကိုဘယ်တော့မှ မချိုးဖောက်တော့တဲ့သူပါ။
ဒီလိုလူတောင်မှ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့ဘဝကိုရောက်ခဲ့ဖူးတယ် ။သူဟာကောင်းတာတွေလုပ်နေပါလျက် ဘာလို့ခုလိုကံဆိုးမှူနဲ့ ကြုံရတာလဲ ။
ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က
:: "မကောင်းတာလုပ်တဲ့သူဟာ မကောင်းတဲ့ကံ အကျိုးပေးဖို့ မရင့်သန်သေးတဲ့အချိန်မှာတော့ ကောင်းတာတွေ တွေ့မြင်ခံစားနေရပါတယ်။
ဒါပေမယ့် သူပြုထားတဲ့ မကောင်းတဲ့ကံတွေရင့်လာရင်တော့ မကောင်းကျိုးတွေ ဆက်တိုက်ခံစားကြုံတွေ့ရပါတော့
မယ်။"
::"ဆန်ကျင်ဘတ်အားဖြင့် ကောင်းတာလုပ်နေတဲ့သူတွေကတော့ ထိုကုသိုလ်တွေ မရင့်သန်သေးချိန်မှာတော့ အတိတ်ကပြုခဲ့တဲ့မကောင်းကျိုးလေးတွေ တွေ့မြင်ခံစားရပါတယ်။ ထိုအကုသိုလိ
်ကံတွေအားနည်းလာပြီး ကုသိုလ်ကံရင့်သန်လာရင်တော့ ကေင်းတဲ့အကျိုးတွေ ဆက်တိုက်ခံစားရပါတော့တယ်"... ဟောကြားတော်မူပါတယ် ။
ဒါကြောင့်ကောင်းတာပ်ြနေသော်လည်း အချိန်မတန်သေးလို့ ဘဝထူးခြားမလာသေးတာပါ။
ကိုယ်လက်ရှိလုပ်နေတဲ့ ကောင်းမှူအလုပ်ကို ယုံကြည်မှူ အပြည့်အဝနဲ့ ဆက်လက်လုပ်နေဖို့လိုပါတယ်...။
::ယုံကြည်မှူအားနည်းရင် ရင့်ကျက်မှူအားနည်းမယ်။
::နောက်တစ်ခု အကြံပေးချင်တာက ဘာကုသိုလ်ပဲလုပ်လုပ် ဘုရားလောင်းစိတ်ဓာတ်လို လုပ်ကြည့်ပါ။ ဘုးရားတို့သည် ဒါနစသည်ကုသိုလ်ကောင်းမှူလုပ်တဲ့အခါမှာ အကျိုးကို မစဉ်းစားပါဘူး။
အများသတ္တဝါတွေ ချမ်းသာစေဖို့ကိုပဲကြည့်ပါတယ်။
ဒါကြောင့် အလှူ ခံပုဂ္ဂိုလ် မရွေးပါဘူး ။
ရေအိုးစင်မှာရေဖြည့်တဲ့ အခါ...
"ဒီလိုရေဖြည့်တဲ့အခါ ထီများပေါက်လေမလား၊ လူတွေက ငါ့ကိုချီးကျူးပြီး ဆုချလေမလား၊"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြည့်တာထက် ။
"ငါဖြည့်တဲ့ရေကို သောက်သုံးရလ်ို့ ခရီးသွားသူများဗိုလ်လူ အမောပြေ၊ အင်အားပြည့်ဝပြီး စိတ်ချမ်းသာပါစေ" ဆိုပြီးဖြည့်တဲ့
ရည်ရွယ်ချက်နဲ့ ဘယ်ဟာကပိုပြီးမြင့်မြတ်လဲ စဉ်းစားကြည့်စမ်ပါ။
ဒါကြောင့်ဓမ္မမိတ်ဆွေများ ကောင်းကံလုပ်နေလျက်
ကံမကောင်းလာသေးလို့ စိတ်ဓာတ်မကျပါနဲ့ ။
ကံမကောင်းလာသေးလေ ကောင်းကံတွေတိုးပြီးလုပ်ရလေပါပဲ ။ ဘုရားလောင်းစိတ်ဓာတ်မွေးပြီး ကောင်းကံတွေလုပ်လို့
"ကံကောင်းခြင်း လက်ဆောင်များ" ရ ရှိနိုင်ကြပါစေ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment