Thursday, January 19, 2017

မဂ်ဖိုလ်ရသင့်လျက် မရသူရဲ့အကြောင်း



ဗုဒ္ဓလက်ထက်က ဓနဉ္စာနီပုဏ္ဏားကြီးပဲ။
ပုဏ္ဏားကြီးသေခါနီးတော့ အရှင်သာရိပုတ္တရာ
ကို ပင့်ပြီးတရားနာတယ်။ အရှင်သာရိပုတ္တရာ
က ဓါတ် ပရမတ်ဆိုတဲ့ ၀ိပဿနာတရားတွေ
ဟောနေရင် ဉာဏ်လိုက်နိုင်မယ်လို့ မထင်တာ
နဲ့မေတ္တာပွားနည်းကိုပဲ ဟောပေးတယ်။
မေတ္တာဒယော တယောစတုက္ကဇ္ဈာနိကာဆိုတဲ့
သင်္ဂဟကျမ်းဖွင့်အရ မေတ္တာ ကရုဏာ မုဒိတာ
တစ်ပါးပါးကိုပွားရင် စတုတ္ထဈာန်အထိရနိုင်တယ်။
ပြီးတော့ သမထ ကမ္မဋ္ဌာန်း လေးဆယ်ထဲမှာ
မေတ္တာဟာဈာန်ရဖို့ အလွယ်ကူဆုံးပဲ။ အကုသိုလ်
စိတ်တွေကင်းပြီး မေတ္တာပွားများမှုအပေါ်မှာ စိတ်
စိုက်နေတာကို မေတ္တာဈာန်ရတယ်လို့ပြောတာ။
ကောင်းကင်ပျံတာကို ပြောတာမဟုတ်ဘူး။

ကောင်းကင်ပျံတာက အဘိညာဉ်အဆင့်ဖြစ်သွားပြီ။
အဲဒီမေတ္တာဈာန်နဲ့သေသွားတော့ ဓနဉ္စာနီပုဏ္ဏားကြီး
ဟာ ဗြဟ္မာဘုံကိုရောက်သွားတယ်။ အရှင်သာရိပုတ္တ
ရာ ကျောင်းပြန်ရောက်တာနဲ့ ဘုရားရှင်က ဆီးပြော
တယ်။ သာရိပုတ္တရာ သစ္စာတရားကိုသာ နာရရင်
ဓနဉ္စာနီပုဏ္ဏားကြီးဟာ မဂ်ဖိုလ်ကိုရမှာ၊ အခုသင်က
မေတ္တာတရားပဲ ဟောလိုက်လို့ ဗြဟ္မာ့ဘုံပဲ ရောက်
သွားတယ်။ ပုဏ္ဏားကြီးအတွက် နစ်နာတယ်။

ဒါကြောင့်ဗြဟ္မာ့ပြည်အထိလိုက်သွားပြီးသစ္စာတရား
ကို ဟောပေးပါလို့ခိုင်းလို့ အရှင်သာရိပုတ္တရာဗြဟ္မာ
့ပြည်အထိ သစ္စာတရားကိုလိုက်ဟောပေးရတယ်။
တရားဆုံးမှာ ဓနဉ္စာနီပုဏ္ဏားတစ်ဖြစ်လဲ ဗြဟ္မာကြီး
ဟာမဂ်ဖိုလ်ကိုရသွားပါတယ်။ အဲဒီကနောက်အရှင်
သာရိပုတ္တရာဟာ တရားဟောတိုင်း ဟောတိုင်း
သစ္စာလေးပါးကို မပါပါအောင် ထည့်ဟောပေးပါ
တယ်။

ဟောသူဘက်က ယုတ်လျော့မှုဖြစ်ပြီး နာယူသူ
တွေမဆုံးရှုံးရအောင်ဆိုတဲ့ မေတ္တာစေတနာပါပဲ။
ဒီသတ္တ၀ါကတော့ ဣနြေ္ဒရင့်ပြီး သစ္စာလေးပါး
တရားကို ဟောလို့ရပြီ။ ဒီသတ္တ၀ါကတော့ဣနြေ္ဒ
မရင့်ကျက်သေးဘူး သစ္စာတရားဟောလို့မရသေး
ဘူး အဲဒီလိုခွဲခြားပြီးသိနိုင်တဲ့ ဣန္ဒြိယ ပရောပရတ္တိ
ဉာဏ်ဟာ ဘုရားရှင်မှာပဲရှိတယ်။ သာဝကတွေမှာ
မရှိဘူး။

နောက်ဒီသူကတော့ ကသိုဏ်းလို မေတ္တာလိုနှုးညံ့
တဲ့ကမ္မဋ္ဌာန်းနဲ့မှ သင့်လျော်တယ်။ ဒီသူကတော့
အသုဘကမ္မဋ္ဌာန်းလိုကြမ်းတမ်းတဲ့ကမ္မဋ္ဌာန်းနဲ့မှ
သင့်တော်တယ်လို့ သူတစ်ပါးရဲ့ ကိန်းအောင်းနေ
တဲ့ အလိုဆန္ဒကို သိတဲ့ဉာဏ်ကို အာသာယာနုသ
ယဉာဏ်လို့ခေါ်တယ်။ ဒီဉာဏ်တော်ကြီးတွေဟာ
လည်း ဘုရားရှင်မှာသာရှိတယ်။ ကျန်သာဝကတွေ
မှာ မရှိဘူး။

ဒါကြောင့်အခါတစ်ပါး အရှင်သာရိပုတ္တရာဟာ
ရဟန်းသစ်တစ်ပါးကို အသုဘကမ္မဋ္ဌာန်းကြီးပေး
ပြီး အားထုတ်ခိုင်းတာ ၀ါတွင်းသုံးလသာကုန်သွား
တယ်။ ဘာတရားမှမရဘူး။ ဒါနဲ့ဘုရားရှင်ဆီခေါ်
သွားတော့ ဘုရားရှင်က နှုးညံ့တဲ့နည်းနဲ့မှတရား
ရမှာကိုသိတော့ အင်မတန်လှပတဲ့ ကြာပွင့်ကြီး
တစ်ပွင့်ကို ဖန်ဆင်းပေးလိုက်ပြီး စိုက်ကြည့်ခိုင်း
ထားတယ်။

နောက်တဖြည်းဖြည်းသွေ့ခြောက်လာပြီးကြာပန်း
ကပွင့်ဖတ်တွေကြွေကျလာတာကိုဆက်ပြတယ်။
အဲဒီကမှ သံဝေဂဉာဏ်ဝင်လာတာကို တွေ့တာ
နဲ့ အနိစ္စတရားကိုပြလိုက်တာ တစ်ရက်တည်းနဲ့
ရဟန္တာဖြစ်သွားတယ်။ ဒါကြောင့်တရားရှာဖွေတဲ့
နေရာမှာ ဆရာစွဲမထားဘဲ ဒီနည်းနဲ့မသင့်တော်
ရင်နောက်နည်းကိုပြောင်းပြီး နာကြားအားထုတ်
ကြည့်ဖို့ ၀န်မလေးသင့်ဘူး။ မောဟကင်းပြီးသား
ဖြစ်တဲ့ အရှင်သာရိပုတ္တရာတောင် တရားအပေး
မှားသေးရင် မောဟမကင်းတဲ့ အခုခေတ်ဆရာ
များဆိုရင် ပိုလို့တောင်မှားနိုင်သေးတာပေါ့။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက်ဂမ္ဘီရ၀ိပဿနာ၊ အတွဲ (၃+၄)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment