Tuesday, January 10, 2017

သညာက စ၍ ခွာပုံ..ရှုကွက်


သဲအင်းဂူ ဆရာတော်ဘုရားကြီးက...
ဒကာကြီးတွေ..ဒကာမကြီးတွေ..သက်သက်
သာသာ ကလေးနဲ့...ကြာရှည်..ထိုင်နှိုင်မဲ့..
ဣရိယာပုတ်နဲ့...ထိုင်ကြပါ။

ကျောရိုးကို ကွေး မထားပါနဲ့...ကျောရိုးကို
ဆန့်ထားပါ။ တောင့်တင်း မထားပါနဲ့။သက်
သက်သာသာ...ထားပါ။ ဒါမှ ကျောရိုးမနာဘဲ ကြာရှည် ထိုင်နှိုင်မယ်။

ကိုယ်...လက်..ဇက်ကြော များကိုလည်း
@တောင့်တင်း..မထားပါနဲ့.. သက်သက်သာ
သာ..နဂိုနေကလေး..ထားပါ။

ဒီလို...ကိုယ်သဘောကျ...ထိုင်ပြီးတဲ့
နောက်...ဣရိယာပုတ်ကို..မပြုပြင်ပါနဲ့တော့၊
ယား..ရင်လဲ..မကုတ်နဲ့။ နာရင်..တောင့်ရင်
ကိုက်ရင်..ခဲရင်လဲ..မပြုပြင်နဲ့တော့...။

ဒုက္ခဝေဒနာ..ဆိုတာ..ဘယ်လိုသဘော
လဲ..ဆိုတာကို... အစ..အဆုံး..သိအောင်
ရှုပွားခိုင်းနေခြင်း..ဖြစ်ပါတယ်။

ကဲ....အာနာပါန သတိကို..ထူထောင်.
လိုက်ကြပါ။ တွန်းထွက်သွားတဲ့..လေရဲ့
တွန်းသဘောလေးကို..နှာသီးဝ တံခါးပေါက်
က.အသိ.စိတ်ကလေးကို..အစောင့်ချထားပြီး..သိနေပါ။တိုးဝင်လာတဲ့..လေရဲ့..တိုး..သ
ဘောကလေးကို..သိနေပါ။ တွန်းတာ..တိုးတာ..ဒါဘဲ..သိ။ တခြား..ဘာမှ
မသိနဲ့။

အဲဒီလို...တွန်းသဘော..တိုးသဘောတွေ
ကို..ဒလစပ်..သိနေပြီဆိုရင်..သတိ..မြဲလာပြီ
အာနာပါန သတိ ဖြစ်လာပြီ။

သတိပဋ္ဌာန်​ ဆိုတာ သတိ.ဦးစီးတာ။

ဒီလို..သတိမြဲလာတဲ့အခါမှာ..သတိအဆင့်
က..သမာဓိဖြစ်လာလိမ့်မယ်။စိတ်ကလေး..
တည်ငြိမ်လာလိမ့်မယ်။သမာဓိ..တည်လာရင်..ပရမတ်..ရုပ်နာမ်ကို..မြင်တဲ့..ပညာ..ဖြစ်
တော့မယ်...မကြာတော့ဘူး။

မောဟ အမိုက်မှောင်
"""""""""""""""""""""""""""
မောဟ..ဆိုတာ...ဥပမာ..ဘာနဲ့တူသလဲ
ဆိုတော့..အမိုက်တိုက်ကြီး..အမှောင်တိုက်
ကြီးနဲ့...တူတယ်။ဒီ..မောဟအမှောင်ကြီး.ဖုံး
လွှမ်းထားလို့..ရုပ်နာမ် ဆိုတဲ့ ပရမတ္တသဘာဝကို ထိုးထွင်းပြီး..မမြင်နှိုင်.
မသိနှိုင်ဘဲ..ဖြစ်နေရတယ်။

သမာဓိ ဆိုတာက..ဒီအမှောင်တိုက်ကြီးကို
ထိုးဖောက်..ထွန်းပြတဲ့..အလင်းရောင်ဓာတ်
ကြီး..ဖြစ်တယ်။

သမာဓိ အလင်းရောင်
"""""""""""""""""""""""""""
ဒီလို...သမာဓိ အလင်းရောင်ဓာတ်ကြီး
ပေါ်လာပြီး..အမှောင်ကြီးထဲကို..ထွန်းလင်း
ပြလိုက်ရင်..ပရမတ် ရုပ်နာမ်ရဲ့..သဘာဝ
တွေကို..မြင်လိမ့်မယ်။

ဒီလို..မြင်တဲ့အခါ..ဉာဏ်က..အမှား.အမှန်
ကို..ဝေဖန်ဓိကပြုလို့..ရုပ်နမ် တို့ရဲ့ သဘော
တွေကို..ကုန်စင်အောင်..သိမြင်တဲ့အချိန်မှာ
မဂ်ပညာက..အမှန်ကို..တထစ်ချ..ဆုံးဖြတ်
ချက်..ချလိုက်လိမ့်မယ်။

မောဟက..အမိုက်မှောင်
သမာဓိက..အလင်းရောင်
ဝိပဿ နာက...ဝေဖန်
မဂ်ပညာက..ဆုံးဖြတ်။

အဲ...အခု..တရားထိုင်တယ်ဆိုတာ..အဲဒီ
ကိစ္စတွေကို..ပြီးစီးပြည့်စုံအောင်..လုပ်နေတာဘဲ။

ကဲ...အာနာပါန သတိက..အာနာပါန သမာဓိ ဖြစ်လာလိမ့်မယ်။ခန္ဓာကိုယ်ပေါ်မှာ
တင်းတဲ့..ဝေဒနာ.. တောင့်တဲ့..ဝေဒနာ..
ကိုက်တဲ့..ဝေဒနာ ထုံတဲ့..ဝေဒနာ.. ကျင်တဲ့
ဝေဒနာတွေ..ပေါ်လာလိမ့်မယ်။

အဲဒီလို...ဒုက္ခဝေဒနာ..ပေါ်လာတဲ့အခါ..
နှာသီးဝက..တွန်းသဘောလေး..တိုးသဘောလေးကို..သိနေတဲ့..စိတ်ကလေးဟာ
ဝေဒနာကို..သူ့သဘောနဲ့သူ..သွားပြီး..သိ
လိမ့်မယ်။

ကိုယ်က..လုပ်မပေးရပါဘူး။ အနတ္တ
သဘောဆိုတာ..သူ့သဘော.သူဆောင်
နေတယ်..မဟုတ်လား။

ဒီလို..ဝေဒနာကို အသိစိတ်ကလေးက..
သွားပြီး..သိတယ်ဆိုရင်..ညောင်းတယ်.
ကိုက်တယ်..ခဲတယ်..ထုံတယ်..ပူတယ်...
လို့..သွားပြီး..သညာမပေးနဲ့၊ မသတ်မှတ်နဲ့၊
မသိလိုက်နဲ့..ဒီ.ညောင်းညာ..ကိုက်ခဲ..ထုံကျင်..ပူအေး..တယ်လို့..သိတဲ့..အသိဟာ..
သံသရာလဆန်းတစ်ရက်နေ့ကစပြီး..သိလာတဲ့..အသိမျိုး။

အမှားကို..သိတဲ့..မိစ္ဆာဒိဋ္ဌိ အသိလို့ခေါ်တယ်။..ဒီမိစ္ဆာဒိဋ္ဌိ..အသိမျိုးနဲ့..
သိလာခဲ့လို့..သံသရာတစ်လျှောက်လုံးကို
ပြေးလျှောက်ခဲ့ကြရတယ်။

ဒီမိစ္ဆာဒိဋ္ဌိ အသိမျိုးနဲ့..ယခု ပစ္စုပ္ပန်​မှာ..ထပ်ပြီး..သိနေဦးမယ်ဆိုရင်..သံသရာကို..ပြေးလျှောက်ရလိမ့်ဦးမယ်။ အပါယ်လေး
ရွာကို..ကျကြရလိမ့်ဦးမယ်။
ရှုကွက်..(2)
⏩⏩⏩⏩
မိစ္ဆာ ကို သမ္မာ နဲ့ အစားထိုး
"""""""""""""""""""""""""""""""""""
ဒီတော့... ဒီ.မိစ္ဆာဒိဋ္ဌိ အသိကို သမ္မာဒိဌိ အသိနဲ့ အစားထိုးပြီး သိလိုက်ပါ။ဘယ်လို
သိရမှာလဲတဲ့.....

ညောင်းလာရင်..ဝေဒနာ၊ကိုက်လာရင်လဲ
ဝေဒနာ၊ ထုံလာရင်လဲ..ဝေဒနာ ၊ ပူလာရင်လဲ..ဝေဒနာ ၊..အေးလာရင်လဲ..ဝေဒနာ.....စတဲ့.. ဝေဒနာ
ရဲ့ သဘောကို သိအောင် ကြည့်ပြီး..ဝေဒနာ
တစ်လုံးဘဲ..သိ။ တခြား.ဘာမှ..မသိနဲ့၊

ညောင်းတယ်..ညာတယ်..ကိုက်တယ်..ခဲ
တယ်..ထုံတယ်..ကျင်တယ်..ပူတယ်..အေး
တယ်...လှုပ်တယ်..ရွတယ်..ဆိုတာ မရှိတဲ့
တရားတွေ။ သညာဝိပ္ပလ္လာသ က လိမ်လိုက်
လို့။ သူ့..အလိမ်ကို ခံလိုက်ရလို့..ဒီလို..ညောင်းညာ.ကိုက်ခဲ..
တယ်လို့. မိစ္ဆာဒိဋ္ဌိ အသိနဲ့ သိနေတာ။

အနတ္တ တရား
"""""""""""""""""
ရှိတဲ့တရား က ဘာလဲတဲ့....ဓာတ်ကြီးလေးပါး ဖောက်ပြန်
မှု့ကြောင့် ဝေဒနာတွေ ပေါ်လာတယ်။ ဒီ
ဝေဒနာ ဆိုတဲ့ နာမ်ဟာ..ခံစားတဲ့..သဘော
ခံစားတာဘဲ ရှိတယ်။ အခြား ဘာမှ မရှိဘူး။

ဝေဒနာရဲ့ ခံစားတဲ့သဘောဟာ တကယ်
ရှိ..အဟုတ်ရှိတဲ့..ပရမတ္တသဘာဝဘဲ၊ သူ့
သဘောကို သူဆောင်နေတဲ့ အနတ္တသဘောဘဲ။ မနာနဲ့..မကျင်နဲ့.လို့..
သူ့ကို သွားပြီး..ဩဇာပေးလို့..မရဘူး။

နာပါ..ကျင်ပါ..ကိုက်ပါ..ခဲပါလို့..သူ့ကို
သွားပြောလို့..မရဘူး။ သူ့သဘောနဲ့ သူ
အကြောင်း ပေါ်မှ..အကျိုးဖြစ်လာတဲ့ တရား။
အစိုးမရ. အနတ္တတရားဘဲ။

အနိစ္စတရား
""""""""""""""""
ဒီလို..ပေါ်လာတဲ့ ဝေဒနာရဲ့ သဘောကို
သိအောင် လိုက်ကြည့်။ ခံစားတယ် ဆိုတဲ့
သဘောကလေးကို တွေ့လိမ့်မယ်။ ခံစားတဲ့
သဘောကို တွေ့သိနေရင် ခံစားတဲ့သဘော
အစ နဲ့ အဆုံး ကို သိအောင် လိုက်ကြည့်ပါ။

ခံစားတဲ့သဘောဟာ သူ့သဘော နဲ့ သူ
ဖြစ်ပေါ်လာပြီး..သူ့သဘောနဲ့သူ ချု ပ်ဆုံး
သွားတာကို #စာတွေ့မဟုတ်ဘူး..ငါတွေ့
လက်တွေ့ သိလိမ့်မယ်။

အဲဒီလို..ဖြစ်ပြီး ပျက်သွားတဲ့ သဘောဟာ
အနိစ္စ မမြဲခြင်းသဘောဘဲ မဟုတ်လား။
ပါးစပ်က အနိစ္စ အနိစ္စ လို့ ရွတ်မနေရပါဘူး။
#မမြဲတဲ့သဘောကို သိနေတယ်ဆိုရင်....
တော်ရောပေါ့။

သမာဓိအား ကောင်းအောင်
"""""""""""""""""""""""""""""""""""
တင်းတဲ့ တောင့်တဲ့ ဝေဒနာတွေ ပြင်းပြ
လာရင် အာနာပါန ရှူ ရှိုက်မှုကို ခပ်ပြင်းပြင်း
ခပ်မြန်မြန်လေး ရှူ ပေးလိုက်။ ဝေဒနာ တက်လာတာကို သမာဓိက မှီအောင် မလိုက်နှိုင်လို့ မခံသာ ဖြစ်လာတာ။

သမာဓိ အင်အားကောင်းအောင် မထူထောင် တတ်သေးလို့ ဝေဒနာဟာ
မခံသာ ဖြစ်လာတာ။ သမာဓိ ဦးဆောင်
ပေးတတ်လာရင် ဝေဒနာဟာ အညွန့်တက်
မလာနှိုင်တော့ဘူး။

ဝေဒနာဆိုတာ.မမြဲတဲ့ တရား။ပေါ်လာရင် ပျက်ရမယ့်တရား ဆိုတာ
ယုံယုံ ကြည် ကြည် သိထား။ သည်းခံပါ။
သည်းခံပြီး အားထုတ်ပါ။ သည်းခံရင် နိဗ္ဗာန်
ရောက်ပါလိမ့်မယ်။ဘာကို သီးခံရမလဲတဲ့၊
ဒုက္ခဝေဒနာကို သည်းခံရမယ်။

ခန္ဓာကိုယ်ကြီးကို တရားအားမထုတ်ခင်က သုခတုံး.သုခခဲကြီး
လို့ ထင်ခဲ့ကြတယ်။ယခု တရား အားထုတ်
တော့ ဘယ်မှာလဲ သုခု၊သုခရှိသေးရဲ့လား၊
ဒုက္ခတုံး.ဒုက္ခခဲကြီး ဆိုတာ သိကြပြီ မဟုတ်
လား။

#တရားအားထုတ်တယ်ဆိုတာ မမြဲတဲ့
သဘော..ဆင်းရဲ ဒုက္ခ ရောက်တဲ့သဘော၊
အစိုးမရတဲ့ သဘောတွေကို ငါတွေ့ လက်
တွေ့ တွေ့သိအောင် လုပ်တာ၊ တခြားဘာကို
မှ သိအောင် လုပ်တာ မဟုတ်ဘူး။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ရှုကွက်​.. (3)
🔅🔅🔅🔅
ဣရိယာပုတ် နဲ့ ဖုံးထားလို့
"""""""""""""""""""""""""""""""""
ခန္ဓာကိုယ်ကြီးဟာ ညောင်းညာ ကိုက်ခဲ
လာတဲ့ အခါ.တရားအားမထုတ်တဲ့ အခါမှာ
ဆိုရင် ဣရိယာပုတ်ကို ပြုပြင် ပြုပြင်ပေးနေလို့ ဒုက္ခကို ဣရိယာပုတ်နဲ့ ဖုံး
ဖုံးထားလို့ ဒုက္ခတုံး.ဒုက္ခခဲကြီးကို သုခတုံး
သုခခဲကြီးလို့ ထင်နေကြတယ်။

ဣရိယာပုတ်ကို မပြုပြင်​ဘဲ တရားအား
ထုတ်လိုက်တော့..ဒုက္ခတုံး ဒုက္ခခဲကြီးက.
သုခလို့ ထင်အောင် အယောင်ဆောင် မပြ
နှိုင်တော့ဘူး။

ခန္ဓာကိုယ်ကြီးက ကျွန်တော်ဟာ ဒုက္ခတုံး
ကြီးပါဗျာ..လို့ မှန်သော အတိုင်းပြောပြနေပြီ
မဟုတ်လား။

ပုဂ္ဂိုလ်ဘဲ.သတ္တဝါဘဲ.မိန်းမဘဲ.ယောက်ျား
ဘဲ..ဆိုတာ ရှိသေးရဲ့လား။ မရှိတော့ဘူး..
မဟုတ်လား။ ခံစားတတ်တဲ့ သဘော.ဝေဒနာဘဲ ရှိနေတယ် မဟုတ်လား။

အဲဒီ..ဝေဒနာရဲ့သဘောကို ဒလစပ် သိနေအောင် တရားကို အားထုတ်တာဘဲ။
ကြိုးစားကြပါ..ကြိုးစားပါ ။ ဝေဒနာ ပြင်းလာရင် ပြင်းပြင်းကလေး..ရှူ ပေးပါ။
ဝေဒနာကို အရှုံးမပေးလိုက်နဲ့။ ပြင်ချင်တယ်
တော်ချက်တယ် ဆိုတဲ့ စိတ်ကလေးပေါ်လာ
ရင် လက်မခံပါနဲ့။ လက်ခံပြီး ပြင်လိုက်မယ်
တော်လိုက်မယ်ဆိုရင်.အပါယ်ကျသွားပါလိမ့်မယ်။

သေခါနီးဆဲဆဲမှာ
""""""""""""""""""""""
သေခါနီးဆဲဆဲ ကျတော့ ဒီ ဒုက္ခဝေဒနာတွေ ပေါ်လာလိမ့်မယ်။ ဒီလို ပေါ်လာတဲ့အခါ ပြုပြင်လို့ ရမလား။ တော်
လိုက်ဦးမယ် ဆိုလို့ ရမလား။ မရဘူး။

ဒီလို ဒုက္ခတွေ ပေါ်လာတဲ့ အချိန်မှာ ဝေဒနာ နာမ်.ခံစားတယ် ဆိုတဲ့ သဘောကို
အမှန် မသိဘဲ နာတယ်.ကျင်တယ်.ကိုက်တယ်.ခဲတယ်လို့
သွားပြီး မိစ္ဆာဒိဋ္ဌိ အမှားအသိကြီးနဲ့ သိလိုက်
ရင်..အမယ်လေး..အဘလေး..ယူပါလေး..
ကယ်ပါလေး..နဲ့ အော်ဟစ် ညည်းညူ သေ
ခဲ့ရင် မိစ္ဆာဒိဋ္ဌိကြီးက..အပါယ်လေးဘုံကို
တွန်းပို့ လိုက်လိမ့်မယ်။

သမာဓိကို ဦးဆောင်ပေးပါ။ ရှေ့စိတ်က
တော်ချင်ရင် နောက်စိတ်က တွန်းတင်ပေးပါ၊ တစ်ထိုင်ထဲနဲ့ ဒုက္ခဝေဒနာတွေ ချုပ်ဆုံးပြီး သုခဝေဒနာ ခံစားကာ အေးငြိမ်း ချမ်းသာတဲ့ နေရာကလေးကို ရောက်လိမ့်မယ်။

ဒုက္ခ ရှိရင် သုခရှိရမယ်ပေါ့။ ကြိုးစားပါ.ကြိုးစားကြပါ။....

သဲအင်းဂူဆရာတော်ဘုရားကြီး၏
တရားအားထုတ်စ ယောဂီ အသစ်များကို
ပေးသောအကျဉ်း ။

https://muditar.blogcom
https://facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။

No comments:

Post a Comment