
ရရှိဖို့ အရာငါးမျိုးကို အင်္ဂုတ္တိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်မှာ -
ဘုရားပွင့်တော်မူသောအခါ ရခဲ့ခြင်း
လူ့ဘဝ ရခဲ့ခြင်း
သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ရခဲ့ခြင်း
ရဟန်း ဘဝ ရခဲ့ခြင်း
သူတော်ကောင်းတရားကို ကြားနာရခဲ့ခြင်းတို့ ဖြစ်ပေသည် ။
ဤနေရာတွင် လူ့ဘဝရခဲ့ပုံကို ဗုဒ္ဓ ဟောကြားထားသည်မှာ
"" ချစ်သား ၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထဝီမြေကြီး ဘယ်ဟာများသနည်း "" ။
""အောက်မှာရှိသည့် မဟာပထဝီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား
"" ချစ်သား ၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ လူ့ဘဝကနေ သေပြီးတော့ လူ့ဘဝပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရား လက်သဲခွံပေါ် မြေမှုန့်လောက်ပဲရှိတယ် ။ လူ့ဘဝကသေပြီး အပါယ်ဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထဝီမြေကြီး အထုလောက်ရှိတယ် "" ဟူ၍ ဖြစ်ပါသည် ။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော် ၊ သုညတဝဂ် ၊ ဗာလပဏ္ဏိတသုတ် တွင်လည်း အပါယ်ဘုံသားတို့ လူ့ဘဝ ပြန်ရခဲယဉ်းပုံနှင့် ပက်သတ်ပြီး ဟောကြားထားတော်မူသည်မှာ
"" ချစ်သား ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘဝတစ်ခုရဘို့ ခဲယဉ်ပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ် ။
ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်း
ရှိတယ် ။
အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်
ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်။ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျော်ချင်ရာမျော်နေမယ် ၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်လာမယ်နော် ။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေးရမက လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်
အရပ်လေးမျက်နှာမှာ မျော်ချင်ရာမျော်နေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ခေါင်းနဲ့ တည့်တည့် နေရာ ရောက်နေရမယ် ။
ပိုပြီးခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသား ဖာက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ် ဝင်သွားဖို့ဆိုတဲ့ အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား ချစ်သမီး တို့ "" ။
""ဤသို့ဖြစ်ရန် အင်မတန် ခဲယဉ်း လှပါတယ် အရှင်ဘုရား "" ။
"" ချစ်သား ချစ်သမီးတို့ အပါယ်ကျနေသူများ လူဘဝပြန်ရဖို့ ကတော့ ယခု ငါဘုရားဟောကြားထားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေသည် ဖြစ်၍ လူ့ဘဝရခဲလှပုံကို လည်း ဥပမာပေး၍ ဟောကြားတော်မူခဲ့ပါပေသတည်းးးးးးးး
မေတ္တာရှင် ( ရွှေပြည်သာ )
https://muditar.blogcom/
https://facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။
No comments:
Post a Comment