
တစ်ခါတုန်းက......
ရွာတရွာ တွင် တောင်ရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော မိသားစုတစုရှိတယ်......
အိမ်ထောင်ဦးစီးသည် အမျိုးသမီးကိုယ်ဝန်ဆောင်စဉ်အချိန်မှာ
မြွေကိုက်၍ ဆုံးသွားလေသည်.....
မိန်းခလေးသည် မီးဖွားပြီးသောအချိန်မှစ၍ သားငယ်ကို လွယ်ပိုးကာ တောင်းရမ်းစားသောက် နေရသည်....!!!
တစ်ရွာလုံးက သနား၍ သူတို့မိသားစုကို တတ်နိုင်သလောက်
ပြုစု စောင့်ရှောက်ကြလေသည်....!!!
သူတို့ရွာလေးသည် တောင်ခြေတွင်ရှိပြီး အေးချမ်းသားယာ
သည်.....!!!
*တစ်နေ့တွင်.....*
မိုးက သဲကြီးမဲကြီး ရွာနေလေသည်...
နယ်တကာလှည့်၍ တောင်းရမ်းနေသော သားအမိသည် မိုးတိတ်၍ ရွာသို့ပြန်အလာတွင် သဲချောင်းလေးသို့ဖြတ်သော
အခါတွင် တောင်ကျရေကျပြီးကာစအချိန်ဖြစ်၍ သားအမိနှစ်
ယောက်ရေနစ်ပါတော့သည်....!!!
မိခင်ဖြစ်သူသည် သဲချောင်းကဖြတ်နေကျဖြစ်သော်လည်း
တောင်ကျရေကျထားသောကြောင့် ရေအတိမ်အနက်မမှန်းနိုင်ခဲ့ပဲ ရေနစ်သောအခါ သားဖြစ်သူကို လက်တဖက်ကကိုင်မြှောက်၍ ဟိုဖက်ကမ်းရောက်အောင် ရုန်းကန်နေရရှာပါသည်
သားအမိနှစ်ယောက်ရေနှစ်နေသူကို လူတယောက်ကမြင်၍သွား ကယ်သော်လည်း ကလေးလေးက အသက်ရှင်ကျန်ခဲ့ပြီး
မိခင်ဖြစ်သူကို ဆုံးရူံးသွားခဲ့လေသည်...!!!!
ကလေးကို ရွာက မိသားစုတစုကခေါ်ယူမွေးစားခဲ့ပြီး မောင်ကံကောင်း ဟု အမည်တွင်ခဲ့လေသည်...!!!!
မောင်ကံကောင်းအရွယ်ရောက်လာသောအခါ မွေးစားမိဘများက သူ့ဘ၀ဇာတ်ကြောင်းကို ပြောပြလေသည်..!!
အဖေ နဲ့ အမေ သားရဲ့မိခင်အရင်းက သားအတွက်အသက်
ပေးခဲ့သလို သားရဲ့ မွေးစားမိဘတွေကို လည်းသားရဲ့အမေကို
ရည်မှန်းပြီး အဖေနဲ့ အမေကို သားကျေးဇူးဆပ်သွားမှာပါ....!!!
လိမ္မာသော မောင်ကံကောင်းသည် မွေးစားမိဘများကို ကျေးဇူး
ဆပ်ရင်း ရပ်ရွာ၏ အားကိုးရသော အထင်ကရ တန်ဖိုးရှိသော
လူတယောက်ဖြစ်လာခဲ့လေသည်...!!!
မိဘကောင်းဆိုသည်မှာ သားသမီးများအပေါ်တွင်ကျွေးမွေးပြုစု၍ လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးရုံမကပဲ လိုအပ်လာရင်
သားသမီးအတွက် အသက်ပေးဖို့ဝန်မလေးတတ်သော
ကိုယ်ကျိုးစွန့်အနစ်နာခံသော အတုမရှိကျေးဇူးရှင်များ
ဖြစ်ပါသည်........။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment