
ရွာတစ်ရွာမှာ အခုပြောသလိုပ၊
ဟိုထက်ကျော်ကာရီက အီတလီဘုန်းကြီး ဦးလောကနာထ ဟောတာတွေကို ကြားဖူးတယ်ကွဲ့နော်။ သတ်သတ်လွတ် အလှူခံတာတွေလေ။
အဲသလို အလှူခံတာတွေ မရှိဘူးလားဟေ့။
အဲဒါနဲ့ ရွာတရွာကျတော့ အဲဒီရွာက တရွာလုံးလို့ ဆိုပါတော့ကွယ်။ သတ်သတ်လွတ်...ရှောင်ကြတာ။
ရှောင်ကြတဲ့အခါကျတော့... ဘုန်းကြီးကနေပြီးတော့ မင်းတို့ ကိုယ်လုပ်တာလည်း မဟုတ်ကွယ် ၊ အဲဒါတွေကတော့ မင်းတို့ နည်းနည်းပါးပါး တော့ သုံးစွဲ လို့ ဖြစ်ပါတယ်လို့ မပြောရပေဘူးလား။
ဒီက ဥပါသကာ တယောက်ကနေပြီးတော့မှ...အရှင်ဘုရား ပါဏာတိပါတာကံ ကို အရှင်ဘုရား အဲဒါလေးတော့ ဖြုတ်ထားရင် ကောင်းတယ်တဲ့၊ ဒကာတွေက ပြန်လျှောက်သတဲ့။ အဲဒါ အရှင်ဘုရားတို့က ပါဏာတိပါတာကံ ကို ထည့်ထားတော့ တပည့်တော်တို့ ရှောင်ကြဉ်ရတာလို့ လျှောက်တော့တာဗျာ့။စဉ်းစားဖို့ မကောင်းလားဟေ့။အဲသလိုဆို စားရပါမလားကွဲ့။ မစားရတော့ဘူးဟေ့။အဲဒါ မရှောင်ကြဉ်လို့ စားရတာနော်။
နို့....သစ္စာတရား ခန္ဓာ တရား ပဋိစ္စသမုပ္ပါဒ်တရား နဲ့ ပတ်သက်တဲ့နေရာကျတော့ ...လိုရင်းအချက်ကတော့ကာ...
#သတ်သတ်လွတ်ပဲစားစား အသားငါးပဲစားစား ကိလေသာချုပ်ဖို့ ပဓာနကွဲ့။
စဉ်းစားဖို့ မကောင်းလား။ အဲလို စိစစ်ဖို့ လိုတယ်နော်။ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်...ဝဋ်သုံးပါး ကျွတ်မှ နိဗ္ဗာန် လို့ မဟောဘူးလား။
ဘုန်းကြီး ဟိုသွားတဲ့အခါ ဒီလာတဲ့အခါကျတော့...ဘုန်းကြီး ဘာတွေ ကြိုက်သလဲလို့ ကပ္ပိယ တွေ မေးကြတာပေါ့။ ဘုန်းကြီးနောက်က ပါတဲ့ ကပ္ပိယတွေလေ။ အဲတော့ ဘုန်းကြီးက အသီးအနှံ တွေစားတယ် ဘယ်လို ဘယ်ချမ်းသာ မပြောရဘူးလား။ ဘုန်းကြီး ကြိုက်တာ မရှာရဘူးလား။
ဒါ အသီးအနှံ စားလို့ရှိရင် နှစ်နှစ်ကာကာ ဖြစ်ရင် သာယာတဲ့တဏှာတွေ မပါဘူးလားဟေ့။
အသီးအနှံ စားတာလည်း တဏှာ ပါသေးတာကိုးကွဲ့။ သားငါးစားရင်ကား မပါဘူးလား။ ဒါလေးစားရတာကွဲ့ အားရပါးရ မြိန်မြိန်ယှက်ယှက်ဖြစ်ပါတယ် မပြောဘူးလား။ ကဲ...သူလည်း တဏှာပဲနော်။
ဘုန်းကြီးကလည်း အဲဒီအသီးအနှံတွေ စားတယ်ဆိုတော့...
ဈေးထဲသွား ဈေးထဲမှာ မရှိရင် အခင်း မသွားရဘူးလားဟေ့။အခင်းသွားတဲ့အခါကျတော့ အခု မိမိက ဂေါ်ဖီထုပ် တို့ ပန်းမုန်လာတို့ ဘာတို့ မရှာရပေဘူးလား။ ရှာတော့ အဲဒါ ခူးဆွတ်တဲ့အခါ ပါဏာတိပါတာကံ ထိုက်ပါမလား။ မထိုက်ဘူးနော်။
အသားငါးနဲ့ ပတ်သက်တော့... ဈေးထဲမရရင် ရှိတဲ့ဆီ သွားရတော့မှာကွဲ့။ အဲဒီဆီ သွားတဲ့အခါကျတော့ ကဲ...သတ်တဲ့ ပုဂ္ဂိုလ် ဆီ မသွားရပေဘူးလား။ သွားရင် ပါဏာတိပါတာကံ မထိုက်ဘူးလား။
တဏှာလို့ ခေါ်ဆိုတူငြားသော်လည်း ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျ မခြားနားဘူးလား။ အဲသလို စဉ်းစားကွဲ့။
အခေါ်တော့ တူတယ်နော်၊ ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျ မခြားနားဘူးလား။
အေး... ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကံ ကံရဲ့ အကျိုး ယုံကြည်ရမယ်နော်။
အားလုံး သတ္တဝါ အသီးသီးတွေ သေကြတာ စားတဲ့ ပုဂ္ဂိုလ်တွေ ရှိလို့ သေတာကွဲ့။ မစားတဲ့ ပုဂ္ဂိုလ် အနေနဲ့ သေပါ့မလား။ သေဘူးနော်။ အိုနာသေကတော့ ခန္ဓာ ရှိတဲ့ ပုဂ္ဂိုလ်က မလွတ်ဘူးပေါ့။ သတ်ပြီးတော့ သေတာနဲ့ မသတ်ဘဲနဲ့ ဖျားနာလို့ သေတာ တူပါ့မလား။ အာရုံယူလို့ မခြားနားဘူးလား။ စဉ်းစား... ကောင်းတဲ့ အာရုံတွေ ဖြစ်ပါမလားကွဲ့။ စဉ်းစားဖို့ ကောင်းတယ်နော်။
တဏှာလို့ အခေါ်ဆိုတူငြားသော်လည်း ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျတော့ ခြားနားတယ်ကွဲ့။ဘုရားအဆူဆူ ဆရာတော် သမားတော်တွေ အသီးသီး တွေက ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ရှောင်ကြဉ်ပါလို့ မဟောလားဟေ့။ အဲ ရှောင်ကြဉ်ရမယ်တဲ့၊ မသတ်ရဘူးတဲ့ ကွဲ့နော်။
အေး...ငါးပါးသီလကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း အပ်ကျမပ်ကျ သိဖို့ လိုတယ်ကွဲ့။ ငါးပါးသီလ သာ လုံခြုံမယ်ဆိုရင် တပြည်လုံး မြောက်ကျွန်းသူ မြောက်ကျွန်းသား ကဲ့သို့ ဖြစ်သွားမယ်...။ ငါးပါးသီလ တကယ်သာ လုံမယ်ဆို အစိုးရထားစရာ လိုသေးရဲ့လား။ အစိုးရထားစရာ မလိုတော့ဘူးနော်။ မြောက်ကျွန်းမှာ အစိုးရမရှိဘူးတဲ့ကွဲ့။ ဆေးဆရာမရှိဘူးနော်။ ဗေဒင်ဆရာ မရှိဘူးနော်။ ပဒေသာပင် ဆွတ်ပြီးတော့ စားနေတာကွဲ့။ အဲဒါ သီလကုသိုလ် ယုံကြည်ဖို့ မကောင်းလား။ အဲလို စဉ်းစားကွဲ့နော်။
ဒါတော့ ထိထိမိမိ ငါးပါးသီလ အကျိုးအပြစ်ကို တကယ် နားလည်ရင် ဗမာပြည်ကြီးက ဘယ်လောက် ချမ်းသာမလဲနော်။ တကမ္ဘာလုံးသာ ငါးပါးသီလ နားလည်ရင် အကုန်လုံး တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ချမ်းသာမယ်၊ ကြားလား။ အခု... ငါးပါးသီလ မလုံလို့ ခက်တာနော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၈.၁၀.၂၀၀၂...နေ့ ၂နာရီတရားတော်မှ စာစ
➳ ➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳
ခြေ နှစ် ချောင်း ကို စုံ ပစ် ပြီး တော့ မှ အား ထုတ် စမ်း ပါ။
မြတ် စွာ ဘု ရား အ လောင်း သိ ဒ္ဓ တ္ထ မင်း သား ...
တော ထွက် တဲ့ အ ခါ သန်း ခေါင် ယမ်။ ကြား လား။
ဆ န္ဒ အ မတ် ကို နိုး... သွား ... မြင်း က ချေ။ မ ခိုင်း ရ ဘူး လား။
တော ထွက် မှာ လေ။
မြင်း ကို အ ယူ သွား တာ။ မြင်း က ဝမ်း သာ တာ တဲ့။ ကြား လား။
အ ညောင်း အ ညာ တွေ ဆန့် ပြီး တော့ ဟီ တော့ တာ လေ။
တစ် နန်း တော် လုံး... လူ တစ် ယောက် မှ မ နိုး ဘူး တဲ့ ကွယ်။
နတ် တွေ က ပိတ် ထား တာ နော်။
တော ထွက် သွား တော့ တာ။
အဲ ဒီ အ ခု ... ပုံ တော် တွေ မြင် ဖူး မှာ ပါ။
လွယ် အိတ် လည်း မ ပါ ဘူး။
ကျော ပိုး အိတ် လည်း မ ပါ ဘူး။
အိပ် ယာ လိပ် တွေ ပါ ရဲ့ လား။
စား ဖို့ သောက် ဖို့ တွေ ကား ပါ ရဲ့ လား။
ဘာ မှ မ ပါ ... ပါ တ ကား ကွဲ့။
မြို့ ကို သွား တာ လား ၊ တော ကို သွား တာ လား။
တော ထဲ ကျ ဘာ စား မှာ လဲ ကွဲ့။
စဉ်း စား ဖို့ မ ကောင်း လား။
လူ မင်း ဘုန်း ကြီး နတ် မင်း မ နေ ပိုင်... ကြား ဖူး ရဲ့ လား။
ဒါ န ပါ ရ မီ ၊ သီ လ ပါ ရမီ၊ နိ က္ခ မ ပါ ရ မီ ၊ ပါ ရ မီ ဆယ် ပါး အ ပြား သုံး ဆယ် ၊ စွန့် ခြင်း ကြီး ငါး ပါး၊ စ ရိယ သုံး ပါး လို့ မ ဟော ဘူး လား။
ကဲ... လူ မင်း ဘုန်း ကြီး နတ် မင်း မ နေ ပိုင် နော်။
သူ့ မှာ စား စ ရာ သောက် စ ရာ အ ကုန် လုံး ပြည့် စုံ နေ ပြီး ပြီ ကွဲ့။
ကြား လား။
ဟို... ရောက် တဲ့ အ ခါ ဆံ ပယ် ပြီး တော့ အ ဓိ ဋ္ဌာန် ပြု တာ။
နတ် ပြည် တက် သွား တာ။ နတ် ပြည် မှာ စူ ဠာ မ ဏိ စေ တီ တည် တယ် ဆို တာ ကြား ဖူး တယ် မို့ လား။
နတ် ဗြ ဟ္မာ က ဟို မှာ ပ ရိ က္ခ ရာ ရှစ် ပါး ယူ ပြီး တော့ အ ဆင် သင့် ။
တော ထဲ မှာ ဘယ် က များ ရ မ လဲ ကွာ...။
သ င်္ကန်း တွေ... ငါ အံ့ သြ လို့ မ ကုန်...၊ တော ထဲ မှာ ကွဲ့။
မြို့ ဆို တော့ ထား လိုက် တာ ပေါ့။
ဟို က လည်း ဃ နာ နို့ ဆွမ်း ကပ် မည့် ဟာ နဲ့ ကြား လား။
ဘုန်း ကြီး တို့ က ဒီ လို မ ပြု ခဲ့ တော့ အိုး တွေ ခွက် တွေ ဆန် တွေ ... ယူ ရ တာ။
ဒီ လို မ ယူ... ရင် ငတ် မှာ...။
ကြား လား။ အဲ...သီ လ နဲ့ ပြည့် စုံ တဲ့ ပု ဂ္ဂို လ် တွေ လေ။
လူ မင်း ဘုန်း ကြီး နတ် မင်း မ နေ ပိုင် ကြား ဖူး တယ် မို့ လား။
အဲ ဒါ တ ရား အ လုပ် တွေ မို့ လား။
အဲ ဒါ ယုံ ကြည် ပြီး တော့ မှ... ခြေ နှစ် ချောင်း ကို စုံ ပစ် ပြီး တော့ မှ အား ထုတ် စမ်း ပါ။
ဒီ လို လေ့ လာ ဖို့ မ ကောင်း လား။
အဲ ဒါ အ ရေး ကြီး တယ် နော်။
.....
သိ ဒ္ဓ တ္ထ မင်း သား တော ထွက် တာ ဘာ မှ မ ပါ ဘူး နော်။
ပ က တိ မျက် စိ နဲ့ ကြည့် တာ မြင် ရ သ လား။
ကဲ... ဉာဏ် မျက် စိ နဲ့ ကြည့် တော့ သူ့ မှာ ပြည့် စုံ ပြီး ပြီ လေ။
ပြည့် စုံ ကာ... ဘာ များ လို... ယူ စ ရာ လို သေး သ လဲ။
ရောက် တဲ့ အ ရပ် မှာ ဆေး စက် ကျ ရာ အ ရုပ် ထင် ကွဲ့။
ရောက် တဲ့ နေ ရာ မှာ ဒ ကာ တွေ ပြည့် စုံ နေ ပြီး ပြီ။
အ ကုန် လုံး အ ဆင် သင့် ကြား လား။
ဒီ လို လေ့ လာ ဖို့ မ ကောင်း လား။
အ ခု အဲ လို မ ပြည့် စုံ လို့ ယူ ရ တာ ဗျား။
ပြည့် စုံ တဲ့ ပု ဂ္ဂို လ် ... လို သေး သ လား။
ဒီ လို ဆို တော့ သ ဗ္ဗ ဒါ နံ ဓ မ္မ ဒါ နံ ဇိ နာ တိ ဆိုတာ ဘုရား ဟော တာ မ မှန် လား ဟေ့။
တ ရား ကု သိုလ် လောက် ကြီး တာ တ ရား ဘဲ ရှိ တယ်။
ယုံ ယုံ ကြည် ကြည် နဲ့ လေ့ လာ ဖို့ မ ကောင်း လား။
စဉ်း စား နော်။
ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။
၃-၈-၂၀၀၈ နေ့ ၂-နာရီ
ပဲခူး ဆယ်မိုင်ကုန်း မုံလယ်တောရ ၄၃-ကြိမ်မြောက် တရားစခန်း
တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ဆ ရာ့ မှာ တမ်း။
ဘယ် သူ မှ မ ထိ အောင် ဟော ပါ...
တ ရား ဆို တဲ့ အ တိုင်း မှန် မှန် လေး ဟော ရင်...
အ ကုန် လုံး ....လူ တွေ လိုက် နာ ပါ တယ်။
လိုက် နာ ပါ တယ်။
မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
(ကျေးဇူးရှင် မုံလယ်ဆရာတော်ကြီး လွန်တော်မူခါနီး တပတ်အလို ၁၈-၂-၂၀၁၁။တပို့တွဲ လပြည့်တွင် ဟောမိန့်တော်မူခဲ့သော အသံဖိုင်မှ စာစီ ပူဇော်ပါသည် )
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment