
ဒီအကြောင်းအချင်းအရာကတော့ ထိန့်လန့် ကြောက်ရွံ့ဖွယ်ရာတွေမပါပါဘူး။ စိတ်ခြောက်ဖွယ် ရာတွေမပါပါဘူး။ ဒါကြောင့် စာဖတ်သူများ အားမလိုအားမရဖြစ်ချင်လဲ ဖြစ်နိုင်ပါတယ်။
အရင်ဆုံးစကားပလ္လင်ခံထားတာပါ။
ဒီအဖြစ်အပျက်က တကယ်အဖြစ်အပျက် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ အရမ်းကိုအံ့သြ ထူးဆန်းဖို့ကောင်းတဲ့ အဖြစ်အပျက်လေးပါ။
ဒီအကြောင်းအရာရဲ့ စတင်မြစ်ဖျားခံလာတဲ့သူကတော့
ကျွန်တော်ရဲ့ဖခင်ပဲဖြစ်ပါတယ်။
ဖေဖေက ငယ်ငယ်လေးထဲကနေ သရဏဂုံကို နေ့စဉ်ရွတ်ဆိုခဲ့တယ်။
ဒီအသက်ရွယ်ရောက်တဲ့ထိ စွဲစွဲမြဲမြဲရွတ်နေဆဲပါပဲ ဒီလိုရွတ်ဆိုခဲ့လို့လဲ လူအသက် ၃ချောင်းကို ကယ်တင်နိုင်ခဲ့တယ်။
.......
အရင်ဆုံး ဖေဖေအကြောင်းအနည်းငယ် ပြောပြမယ်။
ဖေဖေက ဘယ်သူအသက်မှမသတ်ဘူး။ အိမ်မှာ ကြောင်တွေမွေးထားတော့ တစ်ခါတစ်လေ ကြောင်သန်းတွေက အရမ်းကိုက်တယ်။
အဲဒါကို စိတ်ရှည်လက်ရှည်နဲ့ ဓါတ်မီးတစ်လက်ယူပြီး ညနေညနေဆို ကြောင်သန်းလိုက်ရှာတယ်ဗျ။
ကြောင်သန်းရှာရင် ကော်ဘူးတစ်ဘူးရယ် ရေတစ်ခွက်ရယ် ဓါတ်မီးရယ်..
ဒါကတော့ ကြောင်သန်းရှာတဲ့ ကိရိယာတွေပေါ့။
ကြောင်သန်းတစ်ကောင်တွေ့ရင် လက်လေးကို ရေဆွတ်လိုက် ကြောင်သန်းကိုတို့လိုက် ဖမ်းမိရင် ကော်ဘူးလေးထဲထည့် အကောင်များလာရင် အဝေးမှာသွားပြန် လွှတ်တယ်။
ကျွန်တော်တို့ကတော့ လစ်ရင်လစ်သလို သတ်တာပဲ
......
ဖေဖေက လူအသက် ၃ချောင်းကို.ကယ်ခဲ့သလို သူအသက်ကိုလဲ သရဏဂုံကပဲ ပြန်ကယ်ခဲ့တယ်။
ပထမဖြစ်စဉ်က ကျွန်တော်တို့အိမ်ဘေးမှာ နေတဲ့ ဖေဖေသူငယ်ချင်းရဲ့အမေဆေးရုံတင်တာက စတာပဲ။
အကုန်လုံး လက်လျော့လိုက်ပီ ။ ဆရာဝန်တွေကအစမရတော့ဘူးတဲ့။
ဖြစ်တာက နှလုံးရောဂါ။ သတိကရတစ်ချက် မရတစ်ချက်။ ရန်ကုန်ပို့ဖို့က နောက်ဆုံး အခွင့်အရေးဖြစ်နေပီ။ အဲဒီမှာ ဖေဖေက လူနာသွားကြည့်တယ်။ လူနာက အခြေအနေမကောင်းတော့ဘူး။
....
လူနာနာမည်က မနွဲ့
သူ့သားနဲ့ဖေဖေက ငယ်သူငယ်ချင်းတွေ
ဖေဖေက လူနာကြည့်နေရင်း တစ်ချက်စိတ်ကူး ရသွားတယ်။
ဆရာဝန်တွေတောင်မရဘူးပြောနေတာပဲ
ငါစမ်းကြည့်လို့ ကာယကံရှင်ရဲ့ အသက်ကို ကယ်တင်ကောင်းကယ်တင်နိုင်မယ်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးကြိုးစားမယ်ဆိုပြီး လူနာရဲ့ခေါင်းရင်းကနေ ရပ်နေလိုက်တယ်။
ပြီးတော့ ဦးခေါင်းထိပ်မှာ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရှိနေတယ်လို့ သတ်မှတ်လိုက်တယ်။
ပြီးတော့ လက်ဖ၀ါးကို လူနာရဲ့ခေါင်းပေါ်ကိုတင်ပြီး သရဏဂုံ၃ပါးကို မျက်စိစုံမှိတ်ပြီး ရွတ်ပါလေရော...
စိတ်ထဲမှာလဲ ဦးခေါင်းထက်မှာ ရှိနေတဲ့ ရတနာမြတ်သုံးပါးကနေ ..
ရောင်စဉ်တန်ခိုးတွေဖြာထွက်ပြီး ဦးခေါင်းကနေ မျက်နှာ လည်ပင်း လက်အစုံသို့ စီးဝင်နေတယ်လို့ ခံစားလိုက်တယ်။
လူနာရဲ့ဦးခေါင်းပေါ်ကို တင်ထားတဲ့လက်အစုံကနေ သရဏဂုံသုံးပါးရဲ့ တန်ခိုးတော်ရောင်စဉ်တွေက လူနာရဲ့ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေတယ်လို့ ခံစားနေရတယ်။
သရဏဂုံ၃ပါးကို ၁၈ခေါက်တိတိရွတ်ဆိုပြီး လူနာရှင်ခန်းထဲကနေ ထွက်လာလိုက်တယ်။
လူနာကို ဆေးရုံကနေ မခြေအနေမကောင်း တော့ဘူးဆိုပြီး အိမ်ခေါ်ချလာတယ်။
အိမ်ရှေ့လဲရောက်ကော သတိမေ့နေတဲ့ လူနာက ချက်ချင်းသတိရလာပြီး အံ့သြစရာကောင်း လောက်အောင် လူကောင်းပဂတိပြန်ဖြစ်သွား တယ်ဗျာ။ အိမ်သားတွေဆိုရင် ပျော်လွန်းလို့ ထတောင်ခုန်ကြတယ်။ အန်တီနွဲ့က ခုထိ အသက်ရှင်နေပါသေးတယ်။
ဒုတိယဖြစ်စဉ်
. ဒုတိယဖြစ်စဉ်ကတော့ ဖေဖေ တူတစ်ယောက် လှေဆိပ်မှာ သစ်လုံးတွေထမ်းနေရင်း အနောက်လူကခြေချော်ပြီး လဲတာ ထမ်းထားတဲ့ သစ်လုံးက အရှေ့ကလူရဲ့ ခါးပေါ်ပြုတ်ကျတာ တော်သေးတာက ရေက ဒူးရင်းလောက်ရောက် နေလို့ပေပဲ။ ဗြုန်းဆို သစ်လုံးက ခါးပိုင်းကို.ဖြတ်ရိုက်လိုက်သလိုဖြစ်သွားတယ်။ နေရာမှာပဲ သတိလစ်သွားတယ်။ ချက်ချင်း ဆေးရုံတင်တော့ ဆရာဝန်က အာရုံကြောကို ထိသွားတယ်တဲ့။
အာရုံကြောက ခါးဆစ်ရိုးရဲ့ဘေးမှာရှိတာဆိုတော့ သတိပြန်မလည်လာရင် အသက်ဆုံးနိုင်တယ်တဲ့။ အဒေါ်တစ်ယောက် ငိုကြီးချက်မနဲ့ အိမ်ကိုရောက်ချလာပါရော။
ဖေဖေလဲ ကမန်းကတမ်း ဆေးရုံလိုက်သွားပြီး ကြည့်လိုက်တော့ လူနာက လုံးဝကိုမလှုပ်တော့ဘူး။
ဖေဖေလဲ ပထမအကြိမ်တုန်းက အတွေ့အကြုံကို နမူနာယူပြီး သရဏဂုံကိုပဲ စွဲစွဲမြဲမြဲရွတ်ပါလေရော လူနာကလုံးဝကို သတိမရတာ ။
ဖေဖေကလဲ ရွတ်တယ် ရွတ်တယ် မျက်လုံးစုံမှိတ်ပြီး ဘယ်သူကိုမှလဲ ဂရုမစိုက်တော့ဘူး ရွတ်ဆိုတာဘယ်လောက်ရှိလို့ ရှိမှန်းမသိဘူး။
ရွတ်နေရင်း လူနာဆီကနေ အင်းးးးးး ဆိုတဲ့ ညဉ်းသံကြီးထွက်လာတယ်။ ဖေဖေလဲ ဆက်ရွတ်နေတယ်။ အဲဒီမှာ လူနာက ငုတ်တုတ်ထိုင်ပြီး ဦး ကျွန်တော်ဘယ်ရောက်နေလဲတဲ့။
ချက်ချင်းသတိရပြီး အဲဒီနေ့ညပဲ ဆေးရုံက ဆင်းခွင့်ရခဲ့တယ်။
.........
တတိယဖြစ်စဉ်
. ဒါကတော့ ကျွန်တော်တို့အိမ်ခြေရင်း ၄အိမ်ကျော်မှာ အဖွားတစ်ယောက် လှေကားပေါ်က ပြုတ်ကျပီး သတိလစ်နေတာ
ဖေဖေရောက်သွားတော့ ခြေလက်တွေကောက်ကွေးပြီး လုံးဝအသိစိတ်မရှိတော့ဘူး။
လူတွေကလဲ အုံနေတာပဲ အဲဒီမှာ ဖေဖေက သူရဲ့ ဆေးကောင်းတစ်လက်ဖြစ်နေတဲ့ သရဏဂုံနဲ့ပဲ ကုပေးခဲ့တယ်။
နောက်ဆုံးမှာတော့ ဖေဖေအသက်ကိုလဲ ဖေဖေ ကယ်တင်ခဲ့တယ်။ဖြစ်ပုံက တစ်ညမှာ ဖေဖေအိပ်နေတုန်း တစ်ကိုယ်လုံးလှုပ်မရတော့ဘူး အော်လဲအသံမထွက်တော့ဘူး
တစ်ဖြေးဖြေးနဲ့ ..
ဝမ်းဗိုက်ကနေ အလုံးတစ်လုံးက တစ်ဖြေးဖြေး လည်ပင်းနားထိရောက်လာတယ်။ လူကလဲ လှုပ်မရဘူး။
အဲဒီအချိန်မှာ သတိရသွားတာက သရဏဂုံသုံးပါး ပါးစပ်ကနေရွတ်မရတော့ စိတ်ထဲကနေ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ ပဲရောက်သေးတယ် လည်ပင်းရောက်နေတဲ့ အလုံးဟာတစ်ဖြေးဖြေးနဲ့ ဗိုက်ထဲကိုပြန်ဆင်း သွားတာ။
သိတဲ့သူတွေပြောတာကတော့ အဲဒါသွေးစီးတာတဲ့ အခန့်မသင့်ရင် လူအသက်ဆုံးရှုံးနိုင်တယ်တဲ့။
ဒါကတော့ ကျွန်တော်ကိုယ်တွေ့လေးပါ။
ယုံကြည်ရင် ယုံကြည်သလို အစွမ်းထက်တဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတွေ ငယ်စဉ်ထဲက အမြဲရွတ်ဆိုလာတဲ့ သရဏဂုံ၃ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဦးထိပ်တင်ရေးသားလိုက်ပါတယ်။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment