
တကိုယ်ကောင်းဆန်တဲ့သူဟာ
ကိုယ့်အတွက်လည်း
အမြဲပူလောင်နေပါတယ်
ကိုယ့်ပတ်သက်ရာအတွက်လည်း
အမြဲစိုးရိမ်နေပါတယ်။
သူလုပ်လိုက်သမျှ
သူပြောလိုက်သမျှဟာ
အလိုမပြည့်မှုတွေ
အလိုမကျမှုတွေနဲ့
ရှုပ်ပွေမည်းညစ်နေလို့
အနှစ်မရှိသလောက်ပါပဲ။
အတ္တစိတ်ကြီးမားနေသရွေ့တော့
တရားတွေအားထုတ်လည်း
တရားထူးရဖို့ဝေးလို့
ဘဝကူးကောင်းဖို့တောင်
လုံးဝစိတ်မချရပါဘူး။
ကုသိုလ်သည်သာ
သိပ်ချစ်ရင်လည်း
သိပ်ချစ်လို့ ကုသိုလ်လုပ်
်
စိတ်ညစ်ရင်လည်း
စိတ်ညစ်လို့ကုသိုလ်လုပ်
သိပ်မုန်းရင်လည်း
သိပ်မုန်းလို့ကုသိုလ်လုပ်
စိတ်ပြုံးရင်လည်း
စိတ်ပြုံးလို့ကုသိုလ်လုပ်
ဘာဖြစ်ဖြစ်ကုသိုလ်လုပ်
ဘယ်ပဲရောက်ရောက် ကုသိုလ်လုပ်
ကုသိုလ်သည်သာ
စိတ်ရဲ့အေးငြိမ်းရာ
ကုသိုလ်သည်သာ
ဘဝရဲ့လွတ်မြောက်ရာ
ကုသိုလ်သည်သာ
ကိုယ်ရဲ့နွေးထွေးရာ
ကုသိုလ်သည်သာ
ကိုယ့်ရဲ့ကိုးကွယ်ရာ ။
အတိတ် အနာဂတ် ပစ္စုပ္ပန်
-----------------------
ပစ္စုပ္ပန်တစ်ခုတည်း ကြည့်ပြီး
အလုပ်လုပ်တဲ့သူထက်
်
အတိတ် အနာဂါတ်ပါကြည့်ပြီး
အလုပ်လုပ်တဲ့သူက
အလုပ်ပမာဏရော
အလုပ်အရည်အသွေးရော
ပိုအားကောင်းနိုင်ပါတယ်။
အတိတ်က ပစ္စုပ္ပန်အလုပ်ကို
မျှော်လင့်ချက်နဲ့ အားဖြည့်ပေးပါတယ်
ကိုယ့်ခရီးရှည် ကိုယ်သိတဲ့သူဟာ
ရိက္ခာလုံလောက်အောင်ရော
ရိက္ခာပိုကောင်းအောင်ပါ
အထူးဂရုစိုက်သလိုပါပဲ။
မေတ္တာအပြည့်နဲ့ဆက်ဆံပါ
.......................................
ပိုက်ဆံအကြွေးတင်တာထက်
မေတ္တာအကြွေးတင်တာက
အဆပ်ရပိုခက်ပါတယ် ။
ကြွေးဆိုတာကြွေးရှင်နဲ့တွေ့တုန်းပဲ
ဆပ်ရတာလေ ။
သံသရာခရီးဖော်တွေအပေါ်
မေတ္တာကြွေးအကျေဆပ်နိုင်ရင်
အနေမြတ်ရုံမက အသေတတ်ဖို့
လည်းသေချာပါတယ် ။ ...
..............................................................................
အတွယ်အတာမများပါနဲ့
သက်ရှိသက်မဲ့ အာရုံတွေအပေါ်
အငြိအတွယ် အရှုပ်အယှက်များနေတဲ့သူဟာ
သမင်ချိုနဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်
သမင်ခမျာဆင်းရဲ ဒုက္ခရောက်ရသလို
အဖော်ခင်တဏှာရဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်
အဖော်ခင်သူ လူသားခမျာမှာလည်း
ဆင်းရဲဒုက္ခ မျိုးစုံတွေ့ကြုံခံစားရပါတယ်။
နှလုံးသားကို သော့ခတ်ထားပါ။
ချစ်ရတာလည်းဒုက္ခ၊ မုန်းရတာလည်း ဒုက္ခပါပဲ။
ချစ်တဲ့သူကိုမတွေ့ရရင်၊ စိတ်ပူလောင်ရသလို
မုန်းသူကိုမြင်ရရင်လည်း စိတ်ဆင်းရဲရပါတယ်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ မချစ်ပါနဲ့။
စိတ်မဆင်းရဲချင်ရင် ဘယ်သူကိုမှမမုန်းပါနဲ့။
အချိန်မရွေး သတိရပါ
တရားထူး တရားမြတ်ဆိုတာ တင်ပျဉ်ခွေမျက်စိမှိတ်ပြီး
တရားထိုင်နေရင်းနဲ့မှ ရနိုင်တဲ့အရာမဟုတ်ပါဘူး။
သွားရင်း လာရင်း၊လုပ်ရင်းကိုင်ရင်း
ချက်ရင်း လျှော်ရင်း စားရင်း စွန့်ရင်းနဲ့လည်းရနိုင်ပါတယ်။
အချိန်မရွေး နေရာမရွေး တရားထူးရနိုင်တဲ့အတွက်
အချိန်မရွေး နေရာမရွေး တရာထူးရနိုင်တဲ့အတွက်
အချိန်မရွေး နေရာမရွေး တရားရှုမှတ်နေဖို့လိုပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment