Saturday, January 21, 2017

သီလပျက်သူတို့၏ ကျရောက်ရာ ငရဲငယ်



ငရဲငယ် ဆိုသော်လည်း ခပ်သေးသေးလို့ မထင်ပါနဲ့။ ငရဲဟူသည် အဘယ်သို့မျှ သုခ ဟူသည် မရှိပေ။ ငရဲကြီး ရှစ်ထပ်၏ အထပ်တိုင်းတွင် -
(၁)ဘင်ပုပ်ငရဲ
(၂)ပြာပူငရဲ
(၃)လက်ပန်တောငရဲ
(၄)သန်လျက်ရွက်တောငရဲ
(၅)ကြိမ်ပိုက်ချောင်းငရဲ
ဟူ၍မည်သော ဥဿ ဒငရဲငယ် ၅ထပ်သည် တံတိုင်း ခတ်သလို အထပ်တိုင်း၌ ရံပတ်၍ နေပါသည်။ ငရဲကြီးရှစ်ထပ် အထပ်တိုင်း၌ ဥဿ ဒငရဲငယ် ၅ထပ် ရှိသည် ဆိုလိုပါသည်။
(၁) ဘင်ပုပ်ငရဲ။ ။
ပွက်ပွက်ဆူနေသော မစင်ကျင်ကြီးများနှင့် ပြည့်နှက်နေသည့် ကြီးမားသော တွင်းကြီးထဲ၌ နစ်မြုပ်ခံစားရပြီး လှေသင်္ဘောကြီခန့် ကြီးမားသည့် ချွှန်ထက်သော နှုတ်သီးရှိသည့် ပိုးလောက်တို့၏ ထိုးဆိတ် စားသောက်ခြင်း ကိုခံရ၏။ ဆာလောင်လွန်း၍ မစင်ကိုစားရ၏။
ကျခံရသူများ- ကြမ်းတမ်းခက်ထန်သော စိတ်ရှိကာ သူတစ်ပါးအား သတ်ဖြတ်သူ ကျေးဇူးကန်းသူ မနာလို ဝန်တို သူတို့ ခံစားရ၏။
(၂) ပြာပူငရဲ။ ။အိမ်လုံး လောက်ရှိ နီနီရဲရဲသော မီးကျီခဲတို့ကို ပြာအပြင်ဖြင့် ဖုံးထားသည့် အပေါ်တွင် ဒယ်အိုးထဲ နှမ်းစေ့လှော် သကဲ့သို့ ပူပြင်းမှု ခံစားကြရသည်။
ကျခံရသူများ--- အသိဉာဏ်၊ ပညာ၊ တရားဓမ္မတို့၌ မနာလို ဝန်တိုမှု ဖြစ်သူတို့ ခံစားကြရ၏။
(၃) လက်ပံတောငရဲ။ ။နှစ်ပေ သုံးပေ ခန့်ရှည်၍ ရဲရဲနီသော သံဆူးချွန်ကြီးများ အပြည့်ရှိသည့် ၁-ယူဇနာမျှ မြင့်သော လက်ပံပင်တောသည် ယူဇနာ ၁၀၀ ခန့်ကျယ်၏။ ထိုလက်ပံပင်သို့ တက်လိုက် ဆင်းလိုက်ဖြင့် ဆင်းရဲ ကြီးစွာ ခံစားကြရ၏။
ကျခံရသူများ--- စည်းစိမ်ဥစ္စာအား ၊ ကာယအား၊ ဉာဏအားဖြင့် မိမိအောက် နိမ့်ကျသူတို့အား နိုင်ထက်ကလူ နှိပ်စက်ညှင်းဆဲ ပြုမူသူတို့ ခံစားကြရ၏။
(၄) သန်လျက်ရွက်တောငရဲ။ ။ပြာပူငရဲခံရပြီး ပြေးလာသူတို့ဥယျာဉ်အမှတ်ဖြင့် လာရောက်ကြသော အခါ ချွန်ထက်သော သန်လျက်၊ ခက်ရင်း၊ လှံနှင့် တူသော သစ်ရွက်တို့ဖြင့် တစ်ကိုယ်လုံး ခုတ်ဖြတ်ခံကြရ၏။
ကျခံရသူများ--- ကုန်းတိုက်စကား ပြောကြားသူ၊ လိမ်လည် ပြောဆိုသူတို့ ခံစားကြရ၏။
(၅) ကြိမ်ပိုက်ချောင်းငရဲ။ ။အလွန်စပ်ငန်သော ကြေးနီ ပူရေတို့ဖြင့် သံတံကျင်ပမာ စူးရှသော ကြိမ်တို့ ရောယှက်ကာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားရာငရဲဘုံ ဖြစ်သည်။
ကျခံရသူများ-
ကိုယ်ဝန်ဖျက်ချသော မိခင်လောင်းများ အကျခံကြရသည်။

#ဖားအောက်တောရဆရာတော်

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment